အေဂျင်စီတစ်ခု ထောင်လိုက်တဲ့ PSY

0
155

ကမ္ဘာတစ်ဝှမ်းမှာ ပရိသတ် အခိုင်အမာ ရှိပြီးသားဖြစ်တဲ့ အဆိုတော် PSY ဟာ သူ့ရဲ့အေဂျင်စီ P-Nations ရဲ့ ပထမဆုံးအဆိုတော် အဖွဲ့ကို မကြာခင် ပရိသတ်တွေကို ချပြတော့မှာပါ။

PSY ဟာ အလားအလာရှိတဲ့ အဆိုတော်သစ်လေးတွေကို ခေါ်ယူတွေ့ဆုံပြီး training တွေ ပြုလုပ်ပေးနေပါတယ်။ သူဟာ သူ့ရဲ့ ပထမဆုံးအဖွဲ့ကို ထိန်းသိမ်းစောင့်ရှောက်မယ့် မန်နေဂျာကောင်း တစ်ယောက်ကိုလည်း ရှာဖွေနေတယ်လို့ သိရပါတယ်။

PSY ဟာ မကြာခင်က ရုံးခန်း တစ်ခုဖွင့်လှစ်ပြီး သင်တန်းသားတွေကို လက်ခံခဲ့ပါတယ်။ နာမည်ကြီး အေဂျင်စီတွေက ငြင်းလွှတ်လိုက်တဲ့အဆိုတော်တွေဟာ သူ့ရဲ့ အေဂျင်စီကို လာရောက်လျှောက်ထားကြပါတယ်လို့ အတွင်းသတင်းများအရ သိရပါတယ်။ PSY ဟာ ကိုရီးယားရဲ့ အနုပညာလောကကို တုန်လှုပ်သွားနိုင်မယ့် အဆိုတော်အဖွဲ့ တစ်ခုကို ပျိုးထောင်ဖို့ ကြိုးစားနေပါတယ်။ သူဟာ အဆိုတော်ပိုင်းတွေသာမက တေးရေးပိုင်းမှာ ကျွမ်းကျင်ပိုင်သူ တစ်ယောက်ဖြစ်တယ်ဆိုတာကို သူ့ရဲ့ သီချင်းများ ဖြစ်တဲ့ “Gangnam Style” နဲ့ “Gentleman” တို့က သက်သေပါပဲ။

PSY ဟာ ဘယ်လို ငိသူ မျိုးကို ပွဲထုတ်လာမယ်ဆိုတာ ကိုရီးယားအနုပညာ လောကတွင်သာမက ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေလည်း စိတ်ဝင်စားနေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here