အောင်ဇမ္မူကျောင်းမှာ တရားစခန်းဝင်​ခဲ့တဲ့ သင်ဇာဝင့်ကျော်

0
334

အမြင်​မရိုးရအောင် ပရိသတ်တွေကို ခန္ဓာကိုယ်​ကောက်ကြောင်းအလှတွေနဲ့ အမြဲတမ်း စွဲဆောင်​နိုင်တဲ့ အနုပညာရှင်​ကတော့ သရုပ်ဆောင်​ သင်ဇာဝင့်ကျော်ပါ။ သူဟာ ခန္ဓာကိုယ်လှပဖို့အတွက်ကိုလည်း Gym အမြဲကစားလေ့ရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် နေ့စဉ်နေထိုင်လေ့ ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ Fashion ပိုင်းမှာ တစ်မူဆန်းသစ်​အောင်​ ဝတ်ဆင်တတ်ပြီး ဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ အားပေးထောက်ခံမှုတွေကြားမှာ ကိုယ်ယုံကြည်တဲ့ အနုပညာကို တစိုက်မတ်မတ်​လုပ်ကိုင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ နှစ်အစမှာ ကုသိုလ်ရေးနဲ့ ဖြတ်သန်းချင်လို့ တရားစခန်းဝင်​ဖြစ်​ခဲ့တယ်​ဆိုတာကို သင်ဇာဝင့်​ကျော်က ”တရားစခန်းဝင်​ဖြစ်​တာက ဘုန်းဘုန်း ခေါ်လို့ပါ။ ဘုန်းဘုန်းက အာရုံထဲမှာပေါ်တယ်​ဆိုရင်​လာလာဝင်ခိုင်းတယ်။ တကယ်လို့ ကိုယ်အားတယ်ဆိုရင် ဝင်ပေါ့နော်။ မအားဘူးဆိုရင် တခြားရက်မှာ ဝင်လို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်က နှစ်အစမှာ ဝတ်ရတာဆိုတော့ တစ်နှစ်လုံးအတွက် ကောင်းသွားမယ်ဆိုတာ ယုံကြည်လို့ဝင်လိုက်တာပါ။ မအားတဲ့ကြားက နေရတဲ့ရက်လေး ၂ ညအိပ်​ ၃ ရက်​ဝင်ဖြစ်လိုက်တယ်” လို့ ပြောပြပါတယ်။ တရားစခန်းဝင်ပြီးလို့ ပြန်ထွက်လာရင်​ စိတ်က တအားအေးချမ်းသွားတယ်ဆိုတာကိုလည်း ”တရားစခန်းကတော့ ခဏ၊ ခဏဝင်​ဖြစ်တယ်။ မယ်သီလရှင်​ကတော့ တစ်ခါပဲ ဝတ်ဖူးတယ်။ တရားစခန်းက အားရင်​အားသလို ခဏ၊ ခဏဝင်တယ်။ ဒီအောင်​ဇမ္မူကျောင်းမှာဆို နှစ်ကြိမ်မြောက်​ ဖြစ်မလား၊ သုံးကြိမ်မြောက်ဖြစ်မလားမသိဘူး ဝင်ဖြစ်တာ။ တရားစခန်းကဝင်ပြီး ပြန်ထွက်လာရင် စိတ်ကတအား အေးချမ်းတယ်။ တရားစခန်းမဝင်ခင်ရော၊ ဝင်ပြီးတဲ့အချိန်ရော ကျောင်းထဲကို ရောက်သွားရင်​ တအားအေးချမ်းတယ်။ ဘာပဲဖြစ်​ဖြစ်​နှစ်သစ်မှာ ကုသိုလ်​ကောင်းမှုလေး၊ အလှူအတန်းလေး လုပ်လိုက်ရတဲ့အတွက် နောင်လုပ်မယ့်​အလုပ်တွေအတွက်​ ပိုပြီးယုံကြည်မှု ပိုရှိသွားတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပြပါတယ်။

သင်ဇာဝင့်ကျော်က ဘာသာရေးနဲ့ ပတ်သက်ပြီးလည်း အမြဲမပြတ်လုပ်ဆောင်လေ့ရှိပြီး အမြဲ တမ်းလည်း တရားစခန်းဝင်လေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အနုပညာပိုင်းဆိုင်ရာမှာလည်း ထူးချွန်းထက်မြတ်တဲ့သူတစ်ဦးဖြစ်ကာ ဖက်ရှင်နဲ့ ပတ်သက်လို့လည်း တစ်မူထူးခြားအောင် အမြဲတမ်း စဉ်းစား ရွေးချယ်ဝတ်ဆင်လေ့ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ခိုင်ဝါဝင်း ၊ ဓာတ်ပုံ-အောင်ဇော်မင်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here