(၁)
အလုပ်မရှိ၊ ဟိုဟာ ..အကျယ် ချဲ့၊ ဒီဟာအကျယ်လုပ်တတ်တဲ့ ကျွန်တော်ဟာ ..’လှည်းနေလှေအောင်း မြင်းစောင်းမကျန် …’တဲ့ ရှေးက ရှိခဲ့တဲ့ အဲဒီစကားကို အလကားနေ ရင်း အကျယ်ချဲ့ချင်တဲ့ စိတ်ပေါက် နေတယ် ကလောင်ကို သက်သက်မဲ့ ခြေဆော့လက်ဆော့လုပ်တယ်ဆိုပါ တော့။ ငယ်ကျင့် …ငယ်ကျင့်။ ကြီးတောင်မပျောက်နိုင်တဲ့အကျင့်။
(၂)
ဒီစကားလုံး (လှည်းနေလှေ အောင်း မြင်းစောင်းမကျန်)ကို အကျယ်ချဲ့လိုက်တော့ ဗိုလ်ဗကိုပေါ် လာတယ်ခင်ဗျ။ ဗိုလ်ဗကို ဆိုတာ ရုပ်ရှင်မင်းသား၊ စာရေးဆရာအပြင် စကားပြောကောင်းလှသူအဖြစ် နာ မည်ကြီးလှသူဖြစ်ပါတယ်။ ကျွန်တော် တို့ ငယ်ငယ်ကတော့ မန္တလေးမှာ စာ ပေဟောပြောပွဲသန့်သန့်တို့ စာရေး ဆရာခန့်ခန့်တို့ ဟောကြပြောကြတာ တွေ မှတ်မိတယ်။ အခုခေတ်ဆို ဘာ စာပေဖြတ်သန်းမှုမှ မရှိဘဲ၊ ကိုယ့် ကိုယ်ကိုယ် စာရေးဆရာ၊ ကဗျာဆရာ ဆိုပြီး အရှက်မရှိ စင်ပေါ်တက် မတ် တတ်ရပ်ရဲသူဆိုတာ မရှိဘူး။ မျက်နှာ မပြောင်ကြဘူး။ စင်ပေါ်မှာ ဗိုလ်ဗကို ရှိတယ်။ သခင်တင်ဦးရှိတယ်။ မောင် သော်တာရှိတယ်။ သေသွားမယ်။
ဒါပေမဲ့ မသေဘူးခင်ဗျ။ မသေ လို့လည်း သူတို့အကြောင်း ကျွန် တော်တို့ ထပ်တလဲလဲ ပြောနေကြရ တာပေါ့။
စာပေဟောပြောပွဲစင်ပေါ်က နေ ဆရာဗိုလ်ဗကိုက သူ့စာပေဟော ပြောပွဲအကြောင်းလေး ဟောသလို ပြောပြဖူးပါရဲ့။ အညာကျေးလက်က စာပေပြောဟောပြောပွဲတစ်ခုမှာ ဗိုလ်ဗကိုရယ်၊ တွံတေးသိန်းတန်ရယ်၊ နောက်တစ်ယောက်ရယ်၊ ပေါင်းသုံး ယောက်ဟောပြောကြတယ်တဲ့။ အဲဒီ နောက် တစ်ယောက်ဆိုတာ သခင် တင်ဦးလို့ ထင်ပါတယ်။ မှတ်တော့ မမှတ်မိတော့ပါဘူး။ ထားပါတော့ သခင်တင်ဦးပဲထားပါတော့ သခင် တင်ဦးပထမဆုံးပြောမယ်။ အလယ် က ဗိုလ်ဗကိုပေါ့။ နောက်ဆုံးတွံတေး ဒီလိုစီစဉ်ထားကြတယ်။ တွံတေးဆို တာ မြို့ရောတောရော ပေါက်တဲ့ အဆိုတော်မင်းသားဆိုတော့ နောက် ဆုံးပေါ့လေ။
အဲ …သခင်တင်ဦးနဲ့ ပွဲစပြီ ဆိုပါတော့။ အဲဒီမှာ သခင်တင်ဦး ဟောလို့ပြောလို့ မရဘူးဖြစ်နေတယ်။ အနီးနားရွာတွေက တွံတေးသီချင်း တွေကို မန်ကျည်းပင်ထိပ်တတ်ပြီး အသံကုန်ဖွင့်ကြတာဆိုတော့၊ စာပေ ပွဲဘာမှလုပ်မရဘူးဖြစ်နေတယ်။ ဒီ အခါသက်ကြီးဝါရင့်ဆရာဗိုလ်ဗကိုက တွံတေးသိန်းတန်ကိုခေါ်ပြီး . . .
”ဗိုလ်တွံ
မင်းဟာတွေ မင်းကြည့်လုပ်ဦး
ဒီမှာ ပွဲပျက်တော့မယ် ..” အဲ သလိုပြောပြီး တွံတေးကိုယ် အသံချဲ့ စက်ရွာသွားပြီး၊ ဟောပြောပွဲဖိတ်ယူ ရတယ်။ ဒီတော့လည်း ကျေးရွာတွေ က မန်းကျည်းပင်ပေါ်က အသံချဲ့ စက်တွေ ဖြုတ်၊ အောက်ချ၊ လှည်း ပေါ်တင်ကြနဲ့ နောက်ဆုံးတော့ ပတ် ဝန်းကျင်ရွာတွေဟာ လှည်းတွေလော် တပ်ပြီး စာပေဟောပြောပွဲကို ချီ တက်လာကြတော့တာပါပဲ။ ဗိုလ်ဗကို စကားလုံးနဲ့ပြောရင် ”ဗိုလ်တွံကြည့် လုပ်လိုက်တာလေ ..”။
အဲ ..ကျွန်တော်ပြောချင်တဲ့ နေရာရောက်လာပါပြီ။
လှည်းနေလှေအောင်း မြင်း စောင်းကုန်ကို ထပ်ချဲ့ချင်တယ်ဆို တာလေ။
(၃)
ကျွန်တော်က အနုပညာခံစားမှု နဲ့ ပတ်သက်ရင် အတော်ကိုးလို့ကန့် လန့်နိုင်တာရယ်။ ဒိုးလုံးရဲ့ အော်တာ နေးတစ်တွေ ကြိုက်သလို တွံတေး သိန်းတန်ရဲ့ ကျေးလက်တေးတွေကို လည်း အလွန်ကြိုက်သူပါ။ ဦးတွံကွယ် လွန်တုန်းက ‘ဒုတိယကမ္ဘာဦးသီချင်း’ နာမည်နဲ့ ကဗျာတစ်ပုဒ် မဂ္ဂဇင်းမှာ ရေးဖူးတယ်။ နောက်တွံတေးကြီးဆုံး တော့လည်း မြားနတ်မောင်မင်္ဂလာ မဂ္ဂဇင်းမှာ ‘ဓာတ်ပြားပဲ့လေး’ခေါင်း စဉ်နဲ့ ရေးခဲ့ပြန်ပါတယ်။ အခုမြား နတ်မောင်မြန်မာရနံ့မှာဖော်ပြခဲ့တဲ့ ဓာတ်ပြားပဲ့လေးကို ပြန်ဖတ်ပြပါ မယ်။ မဖတ်ဖူးသေးသူတွေလည်း ပြန်ဖတ်ရအောင်။ ဒီကဗျာလေးကို ကြည့်ခြင်းဖြင့် လှည်းနေလှေအောင်း မြင်းစောင်းမကျန်ကို ကျွန်တော်ဘယ် လောက်ချဲ့ချင်ကြောင်း တွေ့ရမှာပါ။
ဓာတ်ပြားပဲ့လေး
တစ်ခါက အဖေ့နောက်ချေး လှည်းပေါ်မှာ …
နက်တက်တက် ကော်ပြားအပဲ့ လေးတစ်ခု ပါလို့လာ …
အဲဒါလေး မိုးနံချုံထဲ လွှင့်ပစ် လိုက်တဲ့အခါ
မိုးနံဆူးတွေ ခြစ်မိ ခမျာလေး သနားစရာပါ
”ထွေးညို …ထွေးညို” အော် တော့ ကျွန်တော်ပျော်လိုက်ရတာ ..။
ဟုတ်ကဲ့။ ဒါတွံတေးသိန်းတန် အတွက် ကျွန်တော်ရေးဖွဲ့ဂုဏ်ပြုခဲ့တဲ့ ဓာတ်ပြားပဲ့လေးတစ်ခုပါ။ အများတ ကာက တွံတေးရဲ့ အောင်မြင်မှုကို လှည်းနေလှေအောင်း မြင်းစောင်း မကျန်လို့ ပြောကြပါတယ်။ ကျွန် တော်မြင်းစောင်းမက မိုးနံချုံထဲအထိ အချစ်ချစ်နဲ့ ချဲ့မိပါရဲ့ဗျာ။ ။
ကိုငြိမ်း (မန္တလေး)