အနုပညာလောကမှာ အကယ်​ဒမီ ဆုပေးပွဲအပြင်​Star Awards ဆုပေးပွဲပါပေါ်လာတာ ဂုဏ်​ယူတယ်​ဆိုတဲ့ ရဲအောင်

0
332

အနုပညာကို ဝါသနာပါလို့ ယနေ့အချိန်​ထိလျှောက်​လှမ်းနေကာ ပရိသတ်​တွေကပါ ချစ်​ခင်​အားပေးတဲ့ အနုပညာရှင်​ကတော့ သရုပ်​ဆောင်​ ရဲအောင်ပါ။ မကြာခင်​မှာ ကျင်းပတော့မယ့်​ အကယ်​ဒမီဆုပေးပွဲနဲ့ ပတ်​သက်​ပြီးတော့လည်း ရဲအောင်​က…

”အကယ်​ဒမီဆုပေးပွဲက မတ်​လမှာ ကျင်းပမယ်​လို့ ကြားတယ်။ ၈၃ ကားထဲက ရွေးရမှာ။ ကားတွေကလည်း အများကြီးပဲ။ ကားတွေများတဲ့ အပြင်​ ဇာတ်​အိမ်​ကောင်းကောင်း၊ ဇာတ်​ကားကောင်းကောင်းတွေ တင်​ဆက်​ထားတာ အများကြီး။ နောက်​ပြီးတော့ လူငယ်​ဒါရိုက်​တာတွေ၊ သရုပ်​ဆောင်​အသစ်​တွေ လက်​စွမ်းပြထားတဲ့ ဇာတ်​ကားတွေပါတယ်​။ တကယ်​ကို ဝမ်းသာပါ တယ်​။ ဒီဇာတ်​ကား ၈၃ ကားထဲက အကောင်းဆုံး၊ အထူးချွန်​ဆုံးဇာတ်​ကား ကို ရွေးချယ်​ပြီးတော့ ဆုပေးမှာဆိုတော့။ ဇာတ်​ကားကောင်းတွေများတဲ့ နှစ်​ဆိုတော့ ပြိုင်​ဆိုင်​မှုကတော့ အရမ်းကို ကြီးမားတယ်​”လို့ ပြောပြခဲ့ပါတယ်​။ အနုပညာရှင်​တွေအတွက်​ Star Awards ဆုပေးပွဲ ပေါ်ပေါက်​လာတာကိုလည်း…

”အကယ်​ဒမီထူးချွန်​ဆုအပြင်​၊ Star Awards ဆုကိုပါ သတင်းစာဆရာအသင်း၊ စာနယ်​ဇင်းအသင်းက ပေးမယ်​ဆိုတာ ကြားမိတယ်​။ ဆရာ ဦးဝင်းငြိမ်း၊ ဆရာ ဦးမြတ်​ခိုင်​၊ ဆရာဦး ဟိန်းလတ်​တို့ဆိုတာ ရင်းနှီးပြီးသား၊ သိပြီးသား ဆရာ တွေပါ။ ဒီလောကထဲ မရောက်​ခင်​ကတည်းက စာနယ်​ဇင်းဘက်​က ကိုယ့်​ရဲ့ ဆရာတွေပါ။ ရုပ်​ရှင်​ပဲရိုက်​ရိုက်​၊ ဗီဒီယိုပဲရိုက်​ရိုက်​ လိုအပ်​တာတွေကို တစ် ထောင့်​တစ်​နေရာကနေ သွန်​သင်​ပြီးတော့ ဆုံးမ ပေးခဲ့တဲ့ အစ်​ကို၊ ဆရာတွေ။ နောက်​ ပြီးတော့သူတို့ကကျင်းပမယ်​ဆိုတော့ သမ္ဘာရော၊ ဝါရောက အများကြီး ရှိပြီးသားတွေ။ ပါတဲ့သူတွေကလည်း အများကြီးထင်​တယ်​။ သူတို့တွေက ဆုပေးတယ်​၊ ကျင်းပပေးတယ်​ဆိုတာ တကယ်​ကိုကောင်းပါတယ်​။ တကယ်တော်​ တဲ့သူ၊ တကယ်​အရည်​အချင်း ရှိတဲ့သူကို ဆုပေးတာ မင်္ဂလာတစ်​ပါးပါပဲ။ နောက်​ပြီးတော့ ကိုယ်​တို့ အနုပညာသမားတွေကလည်း ဆုတွေရတာ များလာ တယ်​။ International မှာလည်း ဆုတွေ အများကြီးပေးတာ ရှိပါတယ်​။ ဒီဇာတ်​ကားတွေထဲက အကောင်းဆုံး၊ အထူးချွန်​ဆုံးသူကို ရွေးပြီးတော့ ဆုပေးတာ၊ တော်​တဲ့ သူတွေအတွက်​ကို ဆုရစရာတွေများ လာတယ်​။ ဆုပေး တယ်​ဆိုတာလည်း ရိုးရိုးပေးလို့မရဘူး။ ကြီးကြီးကျယ်​ကျယ်​နဲ့ သေသေချာချာကို အကဲဖြတ်​ပေးတာ ကိုယ်​တို့အနုပညာလောကအတွက်​ ဒီလိုမျိုးတွေများ လာတာ ဝမ်းသာတယ်​။ ဂုဏ်​လည်း ဂုဏ်​ယူပါတယ်​”လို့ ရဲအောင်​က ပြောပြ ခဲ့ပါသေးတယ်။အခုအချိန်​ထိ ကျွန်​တော့်ကိုအားပေးနေတဲ့ ပရိသတ်​ကြီးကို လေးလေးစားစားနဲ့ ကျွန်​တော်​ ကျေးဇူးလည်းတင်​ပါတယ်​။ ပရိသတ်​တွေ လက်​ခံအားပေးနေလို့လည်း ကျွန်​တော်​ဒီနေရာမှာ၊ ဒီနေ့ဒီအချိန်​ထိရပ်​တည်​ပြီးတော့ လှုပ်​ရှားနေရတာပါ။ ကျွန်​တော်​လည်း ဝါသနာပါလို့ ရွေးချယ်​ထားတဲ့ အနု ပညာအလုပ်​ကို ကျွန်​တော်​အကောင်းဆုံး၊ ကိုယ့်​အတွက်​ရော၊ ပရိသတ်အတွက်​ ရော အားလုံးအတွက်​ ပေးဆပ်​သွားမှာပါ” လို့လည်း ရဲအောင်​က ပြောပြခဲ့ပါ သေးတယ်​။

ခိုင်​ဝါဝင်း

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here