ပေါ်ပြူလာဖြစ်ချင်တာထက် အနုပညာကို ချစ်တဲ့စိတ်နဲ့ လုပ်မယ်ဆိုရင် ဂီတလောကမှာ ဖူးပွင့်လာခွင့်ရှိပါတယ် အဆိုတော် မီမီဝင်းဖေ

0
231

အဆိုတော် ဘိုဖြူနဲ့ မီမီဝင်းဖေ တို့နှစ်ယောက်ရဲ့ ‘လွန်ဆန်နိုင်မလား အချစ်’ တေးစီးရီးခွေကတော့ မကြာ သေးခင်က ထွက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီခွေမှာတော့ တေးရေးဆရာကြီးများဖြစ်တဲ့ စိုင်းခမ်းလိတ်၊ စိုင်ခမ်းသီ၊ စိုင်းဆေးနော်တို့ရဲ့ သီချင်းများကို ပြန်လည် သီဆိုထားခြင်းလည်း ဖြစ်ပါတယ်။ ဒီတေးစီးရီးနဲ့ပတ်သက်ပြီး အဆိုတော် မီမီဝင်းဖေက ခုလိုပြောပြခဲ့ပါတယ်။

”ဒီလေးလုပ်ဖြစ်တာကတော့ အဓိက သီချင်းတွေကို ကြိုက်လို့ပါ။ ဆရာစိုင်းခမ်းလိတ်တို့ ဖန်တီးခဲ့တဲ့ သီချင်းတွေကို အင်မတန် နှစ်သက်ပါတယ်။ ကိုဘိုဖြူကလည်း ဒီသီချင်းတွေကို ကြိုက်တာနဲ့ နှစ်ယောက် ပေါင်းပြီးလုပ်ဖြစ်ခဲ့တာပါ။ အမှန်တော့ ဒီခေတ်မှာ သီချင်းများများ မလုပ်ကြတော့ဘူး။ ဒါပေမဲ့ မမီနည်းနည်း လောဘကြီးတော့ သီချင်း ၁၄ ပုဒ်လုပ်ထားပါတယ်။ အချိန်ကတော့ တော်တော်ယူလိုက်ရတယ်။ သုံးနှစ်လောက်ကြာသွားပါတယ်။ ကိုဘိုဖြူနဲ့ စုံတွဲဆိုထားတဲ့ သီချင်းတွေလည်းပါတယ်။ တစ်ယောက်ချင်းစီ ဆိုထားတဲ့ သီချင်းတွေလည်း ပါဝင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

လက်ရှိဂီတလောမှာ သီချင်းဆို ပြိုင်ပွဲတွေ များလာတာနဲ့ ပတ်သက်ပြီးလည်း ဆက်လက်မေးမြန်းခဲ့ရာ …

”သီချင်းဆိုပြိုင်ပွဲတွေ ပေါ်လာတာတော့ အရမ်းကောင်းပါတယ်။ မမီကိုယ်တိုင်လည်း အဆိုပြိုင်ပွဲက လာတဲ့ အဆိုတော်တစ်ယောက်ပါ။ မမီတို့ ခေတ်တုန်ကတော့ နည်းနည်း ရှားတာပေါ့။ ထုံစံအတိုင်းပါဘဲ။ အပြိုင်အဆိုင်များရင် အရည်အသွေး ပိုပြီးတော့တက်တယ်ဆိုတော့ ခုပြိုင် ပွဲတွေမှာလည်း အရည်အသွေးတက်တဲ့ ကလေးတွေ အများကြီး တွေ့ရပါတယ်။ အဓိကတော့ ပေါ်ပြူလာ ဖြစ်ချင်တာလို မဟုတ်ဘဲနဲ့ တကယ် အနုပညာကိုချစ်တဲ့စိတ်နဲ့ လုပ်ကြမယ် ဆိုရင်တော့ ပင်လယ်ရေလိုပါဘဲ သောက်လို့ မကုန်ပါဘူး။ အများကြီး ဖူးပွင့်လာခွင့်ရှိတယ်။ ဖန်တီးနိုင်စွမ်း ရှိတဲ့သူတွေ ပေါ်လာခွင့်ရှိတယ်။ ပေါ်လည်း ပေါ်လာပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here