ဂီတမျိုးဆက်ဖြစ်တဲ့ အိမ့်ချစ်နဲ့ ဂျူနီယာ ချစ်ကောင်းတို့အပေါ် ဦးချစ်ကောင်း ရဲ့ပီတိ

0
297

အိမ့်ချစ်ကတော့ ဂီတလောကမှာ အောင်မြင်မှုရရှိပြီးသား အဆိုတော်တစ်ဦးဖြစ်တယ်။ အခုဆို ရင် အိမ့်ချစ်ရဲ့ မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းလည်း နာမည်ရလာပြီ။ အဆိုတော်ကြီး ဦးချစ် ကောင်းရဲ့ ဂီတမျိုးဆက်တွေပေါ့။ သားနဲ့သမီးကို ဂီတအလုပ်တွေလုပ်ပြီး အောင်မြင်လာတဲ့အပေါ် ဦးချစ်ကောင်းက ပီတိဖြစ်လို့နေပါတယ်။ အိမ့်ချစ်ရယ်၊ ဂျူနီယာချစ်ကောင်းရယ်၊ ဦးချစ်ကောင်းရယ် သားအဖ ၃ ယောက်ရဲ့ ဂီတအသစ်တွေ၊ ပူးပေါင်းသီဆိုမှုတွေ ၂ဝ၁၉ ထဲမှာ တွေ့ရဖို့ရှိမလားလို့ ဦး ချစ်ကောင်းကိုမေးတော့ . . .

”သီးသန့်ကြီးရယ်တော့ မရှိပါဘူး။ ကြုံရင်ကြုံသလိုပေါ့နော်။ ပွဲလမ်းဆိုတာကတော့ အမြဲတမ်း ကြီး ကြုံတာရယ်လို့လည်း မရှိပါဘူး။ သမီးက တစ်နေရာ၊ အဖေက တစ်နေရာ၊ အခုသားဖြစ်လာပြီ ဆိုတော့လည်း သူ့အလုပ်သူလုပ်ကြရမှာပေါ့လေ။ အလျဉ်းသင့်တဲ့အခါမျိုး ဆိုရင်တော့ ဆိုဖြစ်ပါတယ်။ ဆိုဖြစ်တယ်ဆိုတာကလည်း အဓိကကတော့ ကိုယ့်သီချင်းပေါ့။ ကိုယ့်သီချင်းကို ကိုယ်က တစ်ပိုဒ်ဆိုလိုက်၊ သမီးက တစ်ပိုဒ်ဆိုလိုက်၊ Family Type အနေနဲ့ပဲ ဆိုဖြစ်သေးတာပါ။ သီးခြားကြီး ရယ်တော့ မရှိပါဘူး။ ဒါပေမဲ့ တစ်ခုပေါ့။ သမီးအခွေထဲမှာတော့ သားအဖ ၃ ယောက်ဆိုခဲ့တဲ့ အပုဒ် လေးတစ်ပုဒ်ပေါ့။ အဲဒါလေးကတော့ သားအဖ ၃ ယောက်ရဲ့အစပေါ့”လို့ ပြောပါတယ်။ ဦးချစ် ကောင်းရဲ့ ဂီတဖန်တီးမှုအသစ်တွေက …”အခုကတော့ သီချင်းဆို အခွေလုပ်ပေါ့နော်။ တိတိ ကျကျကြီးတော့ ဘယ်ရွေ့၊ ဘယ်မျှ၊ ဘယ်ကာလကြီးမှာထွက်မယ်လို့တော့ အတိအကျမပြော တတ်သေးပါဘူး။ ထုံးစံအတိုင်းပေါ့။ သီချင်းဆိုလိုက်၊ အခွေအတွက် စီစဉ်လိုက်ပေါ့။ ဒီလောက်ပါ ပဲ”လို့ ဦးချစ်ကောင်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here