အကယ်ဒမီဆုပေးပွဲက ကျွန်တော်တို့ခေတ်ကို မီလာပြီဆိုတဲ့ နေအောင်

0
541

ပရိသတ်တွေ အခုအချိန်ထိ ကြီးကြီး၊ ငယ်ငယ်​အကုန်လုံး ကြိုက်နှစ်သက်ကျတဲ့ အနုပညာရှင်​ကတော့ အကယ်​ဒမီများရှင် နေအောင်​ပါ။ သင်္ကြန်​မိုး ဇာတ်​ကားထဲက ကိုငြိမ်းမောင်​အဖြစ်​နဲ့ ပရိသတ်​တွေရဲ့ ချစ်​ခင်​နှစ်​သက်​မှုကို အခုချိန်​ထိ ရရှိပိုင်​ဆိုင်​ထားသူလည်း ဖြစ်​ပါတယ်​။ အခုအချိန်​မှာ အနုပညာ အလုပ်​တွေလုပ်​ရင်​ ဇာတ်​ကားတွေကို ရွေးချယ်​ရိုက်​ကူးတယ်​ဆိုတာကို နေအောင်​က ”ဇာတ်​ကားတွေရိုက်​ရင်​ ကျွန်​တော်​က ဇာတ်​ကို ဖတ်​ကြည့်​တယ်​။ သူဌေးကြီးတစ်ယောက်​ သမီးလေးရှိတဲ့ မုဆိုးဖို။ ပြီးတော့ သမီးက ကျောင်းတက်​တယ်​။ နိုင်​ငံခြားသွားတယ်​။ ပိုက်​ဆံချမ်းသာတဲ့ မုဆိုးဖိုကြီးဖြစ်​တဲ့အတွက်​ ပွေ တယ်။ အဲဒီလိုဇာတ်​ရုပ်​မျိုးဆိုရင်​ ကျွန်​တော်​မရိုက်​ချင်​ဘူး။ လျှာပေါ်မြက်​ပေါက်​ရင်​ ပေါက်​ပါစေ။ ကျွန်​တော်​မရိုက်​ဘူး။ Public ကိုကောင်းတဲ့ message ကျွန်​တော်​ ပေးချင်​တယ်​။ တိုင်းသူပြည်​သား၊ ညီ အစ်​ကိုမောင်​နှမအချင်းချင်းကြည့်​လို့ ရမယ့်​ဟာမျိုး ဖြစ်​ရမယ်။ message ကောင်းကောင်းပေးနိုင်​ရမယ်​။ ဖျော်​ဖြေရေးဆိုတာ သူတို့အတွက်​ အသိ ပညာယူစရာတွေ။ အဲဒါကို ကျွန်​တော်​တို့က ကောင်း တာတွေပေးမှ အဆင်​ပြေမှာလေ”ဆိုပြီး ပြောပြခဲ့ပါတယ်​။ မြန်​မာ့ရုပ်​ရှင်​လောက တိုးတက်​လာတယ်​ဆိုတာကိုလည်း ”အခုမြန်​မာ့ရုပ်​ရှင်​လောက တိုးတက်​လာတဲ့အတွက်​ ဝမ်းသာတယ်​။ နောင်​လာ၊ နောင် သား၊ တက်​လာမယ့်​မျိုး ဆက်​သစ်​တွေအတွက်​ ဂုဏ်​ယူစရာပါ။ အခုနောက်​ပိုင်း မင်းသား၊ မင်းသမီးတွေက သိပ်​တော်​တဲ့ ကလေးတွေ၊ ထာဝရမန္တလေးဇာတ်​လမ်းတွဲ ကတည်းကစတာ။ အောင်​မင်းခန့်​တို့၊ အခုပျားရေအိုင်​ဆို အောင်​ရေချမ်းလေးကို တော်​တော်​လေးသဘောကျတယ်​။ ဇာတ်​လမ်းတွဲတွေက ကားကြီးထက်​ကို ဇာတ်​လမ်းကိုရွေးချယ်​ပြီး သေချာရိုက်​ထားတာ။ မြန်​မာကားတွေ ပေါကားလို့ပြောရင်​လည်း ပြောမှာပေါ့နော်​။ မြန်​မာကားတွေက ပေါကားမဟုတ်​ပါဘူး။ ဇာတ်​လမ်း ဇာတ်​ကွက်​နဲ့ မင်းသား မင်းသမီး အသစ်​ကလေးတွေရော၊ အဟောင်း တွေရော အကုန်​ကြိုးစားကြပြီးတော့ အချိန်​ပေးပြီး ပိုက်ဆံ အကုန်​အကျ ခံပြီးတော့ ရိုက်​ထားရတာ။ မြန်​မာ့ရုပ်​ရှင်​လောကက အများကြီး တိုးတက်​လာတယ်​။ပြောင်းလဲလာတယ်​” လို့လည်း နေအောင်​က ပြောပြခဲ့ပါသေးတယ်​။ အကယ်​ဒမီဆုပေးပွဲနဲ့ ပတ်​သက်​ပြီး တော့လည်း နေအောင်​က ”အခုအကယ်​ဒမီ ဆုပေးပွဲက ကျွန်​တော်​တို့ခေတ်​ကို မီလာပြီ။ ကျွန်​တော်​တို့ခေတ်​တုန်းက ဇာတ်​ကား ၁ဝဝ၊ ၁၂ဝ မှာ တစ်​ကားတည်း ရွေးပြီးတစ်​ဆုပေးတာ။ အခု အကယ်​ဒမီ စာရင်းဝင်​တာက ၈၃ ကားဆိုတော့။အပြိုင်​အဆိုင်​တွေများမှ လူက ကြိုးစားတာ၊ တိုး တက်​တာ ဆိုတော့လေ။ ကောင်းပါတယ်​။ တကယ်​တော်​ကြတဲ့ ကလေးတွေရမှာပါ” လို့လည်း ပြောပြခဲ့ ပါသေးတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here