အနုပညာ ကို စိတ်မနာပါနဲ့လို့ ပြောလိုက်တဲ့ ဦးကျော်ထူး

0
2489

ဟာသသရုပ်ဆောင် ဦးကျော်ထူးက သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဦးကင်းကောင်နဲ့ လူကြမ်းသရုပ်ဆောင် ဦးမင်းစိန်တို့ ကွယ်လွန်မှုအ တွက် ကြေကွဲ ဝမ်းနည်းနေရပါတယ်။ သူဟာသူငယ်ချင်းဖြစ်သူ ကင်းကောင်ရဲ့ ဈာပနအခမ်းအနားကို လာရောက်ခဲ့ပေမယ့်လို့ မမီလိုက်ရပါဘူး။ ဒီ့အတွက်လည်း သူဟာဝမ်းနည်းနေရပြန်ပါတယ်။ သူက ကိုမင်းစိန်အတွက်လည်း စိတ်မကောင်းဖြစ်နေရပါတယ်။

”အနှိမ်ခံဘဝကနေ ဝတ်ကျွတ်သွားကြတယ်။ ကျွန် တော်တို့ကတော့ မကျွတ်သေးဘူး။ ဒီပညာတစ်ခုပဲ တတ်တော့ ဒါနဲ့ပဲလည်ပတ်ရဦးမှာပဲ။ ကျွန်တော်ကတော့ ကိုမင်းစိန်နဲ့ ပတ်သက်လို့ကျွန်တော့်ရဲ့ ဖေ့စ် ဘွတ်ခ်အ ကောင့်မှာ ရေးလိုက်ပါတယ်။ အနုပညာကို စိတ်မနာ ပါနဲ့လို့လေ။ အနုပညာကို စိတ်နာပြီးတော့ နောက် ဘဝကျ ရင် အနုပညာသမားမဖြစ်ပါစေနဲ့လို့ ဆုမ တောင်းမိပါစေနဲ့လို့။ အနုပညာက မြတ်နိုးစရာပါ။ ချစ်စရာပါ။ တကယ်လို့ ဆုတောင်းမယ်ဆိုရင်လည်း နောင်ဘဝကျရင် သြဇာအာဏာရှိတဲ့ လက်ညိုးညွှန် ရာရေဖြစ်တဲ့ ငွေကြေးအမြောက်အမြားရတဲ့ အနုပညာသ မားတစ်ယောက်ဖြစ်ပါစေ ဆုတောင်းပါတယ်”လို့ ဦးကျော် ထူးက မျက်ရည်တွေဝဲရင်း ပြောပြပါတယ်။

ဦးကင်းကောင်နဲ့ ဦးကျော်ထူးတို့ဆိုတာကတော့ သိပ်ကို အတွဲညီခဲ့ပါတယ်။ လူရွှင်တော်တွေအဖြစ်ကော၊ ဟာသသ သရုပ် ဆောင်တွေအဖြစ်ကော နှစ်ယောက်ပေါင်းကာ တင် ဆက်ခဲ့ကြပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့ကြပါတယ်။ ဒါကြောင့်လည်း သူဟာ ဦးကင်းကောင်ရဲ့ စိတ်နေ စိတ်ထားကို အများကြီးသိခဲ့ပါတယ်။

”လုံးဝဖြူစင်တယ်။ ဘယ်သူ့ကိုမှ မစ္ဆေရစိတ်လည်း မထား ဘူး။ ဘယ်သူ့အပေါ်မှာမှ ကောက်ကျစ်စိတ်လည်း မထားဘူး။ လုံးဝ အဖြူထည်ပဲ။ တအားချစ်ဖို့ကောင်းပါတယ်။ ကွယ်လွန်သွားတဲ့ လူတစ်ယောက်ကို သူကွယ်လွန်ပြီးတော့မှ စိတ်ထားဖြူတယ်လို့ ပြောတာမဟုတ်ဘူး။ သူက နဂိုကတည်း ကိုယ်က စိတ်ဖြူတာပါ။ တချို့ တွေလည်း သိပါတယ်”လို့ ဦး ကျော်ထူးကပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here