ဖေဖော်ဝါရီ ၁၄ မှာ ဒုတိယမြောက်အယ်လ်ဘမ်ထွက်​ရှိတော့မယ့်​ချစ်​သုဝေ

0
211

အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်​ဆိုင်​ထားရုံသာမက ချစ်စရာကောင်း တဲ့ သမီးလေးနှစ်​ယောက်​ရဲ့ မိခင်​ဖြစ်​တဲ့ ချစ်​သုဝေကတော့ သူ့ရဲ့ ဒုတိယ မြောက်အယ်လ်ဘမ်ကို ဖေဖော်​ဝါရီလထဲမှာ ဖြန့်​ချိတော့မယ်​လို့ သိရပါတယ်​။ သီချင်းခွေသစ်​ ထွက်​ရှိတော့မယ့် အကြောင်း ကို ချစ်​သုဝေက ”ထရီဇာ ဒုတိယအခွေကို ဒီဇင်​ဘာ လတုန်းက လုံးပန်းထားတော့ ရုပ်​လုံးလေးကနည်း နည်းပေါ်နေ ပြီ။ February 14 ကျရင်​ ထရီဇာချစ်​ရတဲ့ သူတွေဆီကို ထရီဇာချစ်​ရတဲ့ အယ်လ်ဘမ်လေး ရောက်​လာပါလိမ့်​မယ်​။ ဖေဖော်​ဝါရီလ ၁၄ ရက်ကို ထရီဇာ ရွေးလိုက်​တယ်​။ ဘာလို့လဲဆိုတော့ ထရီဇာက အားလုံးရဲ့အချစ်​တွေကြောင့်​ ကလေးနှစ်​ယောက်​အမေ အလုပ်​တွေရှုပ်​နေပေမယ့် စိတ်​ဝင်​စားဆဲချစ်​ကြဆဲ။ အခွေက ရှစ်​နှစ်​ကြာနေပေမယ့်လည်း ထရီဇာကို အားပေးနေကြတဲ့ ပရိသတ်​ကြီးအတွက်​ ထရီဇာအချစ်​တွေ အားလုံး ဆုံတဲ့နေ့လေးမှာ ချစ်​တဲ့သူတွေ အားလုံး နဲ့အတူတကွ ဆုံစည်းကြမယ်​။ အဲလို အိုင်ဒီယာလေးနဲ့ February 14 ကို ရွေးချယ်​ဖြစ်​တာပါ”လို့ ပြောပြခဲ့ပါတယ်​။ Second Album မှာ ပါဝင်မယ့် Music ပုံစံ အကြောင်းတွေကိုလည်း ချစ်​သုဝေက အခုလို ပြောပြခဲ့ပါသေးတယ်။

”Series Title လေးက Promise လို့ ပေးထားတယ်​။ ပရိသတ်​တွေဆီကို ထရီဇာရဲ့ ရှင်းသန့်​တဲ့ ကတိလေးပါ။ ထရီဇာပထမအခွေထွက်​ ထားတဲ့တိမ်​တွေ နေတဲ့ အရပ်​တုန်းက သီချင်းပုံစံအတိုင်းပါပဲ။ ကိုယ်​လျှောက်​ခဲ့တဲ့ပုံစံလေးအတိုင်းပဲ သွား မှာပါ။ ဘာဖြစ်​လို့လဲဆိုတော့ ကိုယ်​ကြိုက်​တဲ့ Music ကို ကိုယ်​ဖန်​တီးခဲ့ပြီးတော့ ကိုယ့် ပုံစံကို ကိုယ်​ချပြခဲ့တာဖြစ်တဲ့အတွက်​ ဒီပုံစံလေးပဲ မြင်​ရမှာပါ။ ဒါပေမယ့်​ ဒီအခွေထဲမှာ သီချင်းအကြောင်းအရာ နည်းနည်းစုံမယ်​။ သီချင်းအမြူးတော့ နည်းတယ်​။ Feel လို့ရမယ့်​ သီချင်းလေးတွေ၊ ဆွေးရမယ့်​သီချင်း လေးတွေ၊ ခံစားရမယ့်​ သီချင်းလေးတွေများပါတယ်”လို့ ပြောပြခဲ့ပါတယ်​။ သမီး လေးတွေနဲ့ ပတ်​သက်​တဲ့ သီချင်းအသစ်​ထွက်​ဖို့ရှိတယ်​ဆိုတာကိုလည်း ”ထရီဇာအခွေထဲမှာတော့ သမီးလေးတွေနဲ့ ပတ်​သက်​တဲ့ သီချင်းပါလာဖို့ မရှိဘူး။ ကိုလင်းက ဒီလေး၊ ငါး လလောက်​မှာ အလုပ်​တွေ ရှုပ်​နေလို့ ထရီဇာကိုသီချင်းရေးမပေးဖြစ်​ဘူး။ သူစိတ်​ပဲရှိတယ်​။ အကောင်​အထည်​မဖော်​နိုင်​သေးဘူး။ ကိုလင်းရေးပေးပြီးတဲ့အချိန်​ကျရင်​ သမီးလေး တွေနဲ့ ပတ်​သက်​တဲ့သီချင်းလေးကို တစ်​ပုဒ်​ထဲ MTV ရိုက်​ပြီး တင်​တာမျိုးပဲဖြစ်​ဖြစ်​ထွက်​နိုင်​အောင်​ ကြိုးစားပါ့မယ်​” လို့ ချစ်​သုဝေက ပြောပြခဲ့ပါတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here