ပြောင်းလဲမှုအသစ်တွေကို ဆက်ပြီးတော့ လုပ်နေဦးမယ့် ဟစ်ဟော့ပ်အဆိုတော် J Fire

0
313

‘မန္တလေးတပင်ရွှေထီး’ အယ်လ်ဘမ်နဲ့ ပရိသတ်ကို သိမ်းပိုက်လိုက်တယ်။ မန္တလေးမြို့က J Fire ဆိုပြီး ဖြစ်လာခဲ့တယ်။ ပရိသတ်အားပေးတယ်။ နောက်ပြီး ကိုယ်အလေးချိန် ပေါင် ၂ဝဝ ကျော်ကနေ စမတ်ကျကျ နေနိုင်၊ ထိုင်နိုင်အောင် လေ့ကျင့်လိုက်တယ်။ ပရိသတ်တွေ အားကျကြတယ်။ မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင်လုပ်ပြသူတွေထဲမှာJ Fire ပါတယ်။ နောက်ပြီး သူ့ဘဝ အကြောင်းကို ချပြထားတဲ့ ‘ကောက်ရိုးလေးတစ်မျှင်’ ဆိုတဲ့သီချင်းကြောင့် J Fire ဆိုတဲ့နာမည်ဟာ ညံသထက် ညံခဲ့တယ်။J Fire က ပြောင်းလဲမှုကိုလို လားတဲ့သူ တစ်ယောက်ပါ။

”ပြောင်းလဲမှုတွေကတော့ အများကြီးပေါ့။ အမြဲတမ်းပဲပြောင်းလဲချင်နေတဲ့သူဆိုတော့ လည်း ပြောင်းလဲမှုတွေကို ဆက်ပြီးတော့ လုပ်နေတာပေါ့။ ထပ်ပြီးတော့လည်း ပြောင်းလဲဖို့ ရှိပါတယ်။ အားလုံးပြောင်းလဲလာတာကတော့ မြင်တဲ့အတိုင်းပါပဲ။ ထပ်ပြီးတော့လည်း မြင်ရဦးမှာပါ၊ ကျွန်တော် အများကြီး ထပ်လုပ်ပြချင်ပါသေးတယ်။ လုပ်ပြခွင့်ရအောင်လည်း ထပ်ကြိုး စားနေပါသေးတယ်။ လုပ်ပြခွင့်လည်း ပေးကြပါဦး။ စောင့်ကြည့်ပေးကြပါဦးလို့ ပြောချင်ပါ တယ်”လို့J Fire က ပြောပါတယ်။

၂ဝ၁၉ ထဲမှာကောJ Fire ရဲ့ ဖန်တီးမှုအသစ်တွေက ဘာတွေဖြစ်ဦးမလဲလို့မေးတော့ . . . ”ကျွန်တော် ၂ဝ၁၉ သင်္ကြန်မတိုင်ခင်လေးမှာ သီချင်းတစ်ပုဒ်လေးတော့ ပေးဦးမယ်ဗျ။ သီချင်းတစ်ပုဒ်ပေးပြီးရင်တော့ ၂ဝ၁၉ အကုန်လောက်မှာ ကျွန်တော့် ဒုတိယအယ်လ်ဘမ် လာမှာ ပေါ့နော်။ ဒုတိယအယ်လ်ဘမ်လုပ်နေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here