ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီ ဖြစ်ပေမယ့် အနုပညာ အလုပ်တွေ ပြန်လုပ်ဖို့ အဆင်မပြေသေးတဲ့ ဦးမေတ္တာ

0
164

ကျန်းမာရေးအရ ဆေးရုံတက် ရောက်ကုသခဲ့ရတဲ့ လူရွှင်တော် ဟာသသရုပ်ဆောင် ဦးမေတ္တာက အခုအချိန်မှာတော့ ပြန်လည်သက် သာနေပြီလည်း ဖြစ်ပါတယ်။ အိမ် မှာ ပြန်လည်အနားယူနေတဲ့ ဦး မေတ္တာက လက်ရှိမှာတော့ နှလုံး စက်ထည့်ဖို့ လိုအပ်မလိုအပ် ဆိုတာ ကို အဖြေစောင့်နေရတယ်လို့ သိရပါ တယ်။

ကျန်းမာရေးအရ ပြန်လည် ကောင်း မွန်လာပြီဖြစ်ပေမယ့်လည်း အနုပညာ အလုပ်တွေကိုတော့ လုပ် ကိုင်လို့ မရသေးဘဲ အိမ်မှာပဲ အေး ဆေး အနားယူရဦးမှာဖြစ်ပါတယ်။ သူ့ ဘေးနားမှာတော့ ဇနီးဖြစ်သူနဲ့ သား ဖြစ်သူတို့ကို ဂရုတစိုက်နဲ့ ကြည့်ရှု စောင့်ရှောက်ပေးနေလျက် ရှိပါတယ်။

”ကျန်းမာရေးက အရင်ထက် စာရင်တော့ တော်တော်ကောင်းလာပါပြီ။ ဆေးစစ်ချက်တွေလည်း ကောင်းလာပြီ။ အရှင်းတော့ ပျောက် သွားပါပြီ။ ဒါပေမယ့် လှုပ်လှုပ်ရှား ရှားတော့ နေလို့ မရသေးဘူး။ အိမ် မှာပဲ အနားယူနေပါတယ်။ ကျွန် တော်ကတော့ ညဘက်တွေ ပွဲက တယ်။ မနက်ကြရင် အိမ်ပြန်ပြီး အဖေ့နားမှာ လိုအပ်တာလေးတွေ လုပ်ပေးဖြစ်တယ်။ ပွဲကလိုက် အဖေ့ နားသွားလိုက်နဲ့ပေါ့။ အဖေ လုပ်မယ့် အလုပ်လေးတွေ အဖေမလုပ်နိုင်မယ့် အလုပ်တွေကို ကျွန်တော့်ကိုလွှဲပေး တယ်ဆိုရင် ကျွန်တော်သွားကတယ်” လို့ ဖခင်ဖြစ်သူရဲ့ အလုပ်တွေနဲ့ ပတ်သက်လို့ ကူညီလုပ် ဆောင်ပေး နေတဲ့ အကြောင်းကို မေတ္တာမြင့်မြတ် ဟိန်းက ပြောပါတယ်။

ဦးမေတ္တာဆေးရုံ တက်ရောက် ကုသနေရတဲ့အချိန်မှာ ပရိသတ်တွေ က စိုးရိမ်တကြီးနဲ့ နေမြန်မြန်ပြန် ကောင်းလာပါစေကြောင်းကို ဝိုင်းပြီး ဆုတောင်းပေးကြပါတယ်။ အဲဒီအ တွက်လည်း ပရိသတ်တွေအားလုံး ကို ကျေးဇူးတင်ရပါကြောင်း ဖခင် ဖြစ် သူရဲ့ကိုယ်စား မေတ္တာမြင့်မြတ် ဟိန်းက ပြောပါတယ်။ မေတ္တာမြင့် မြတ်ဟိန်းက ဖခင်ဖြစ်သူတည် ထောင်ထားတဲ့ မေတ္တာရွှေစင် အငြိမ့်မှာလည်း လူရွှင်တော်တစ်ဦး အဖြစ် တင်ဆက်နေသလို စံပြ သဘင်ဇာတ် အဖွဲ့မှာလည်း ဟန်ဇာ မိုးဝင်းနဲ့အတူ တင်ဆက်လျက်ရှိပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here