အကယ်ဒမီပွဲတက်ဖိတ်စာဂယက်နဲ့အကယ်ဒမီထူးချွန်ဆု ရွှေစင်ကြယ်ချီးမြှင့်မယ့် အစီအစဉ်

0
774


အကယ်ဒမီပေးပွဲ နီးလာတာနဲ့အမျှ အကယ်ဒမီပွဲတက်ဖိတ်စာ ဂယက် ကလည်းအမြဲရှိပါတယ်။ အနုပညာရှင်မဟုတ်တဲ့သူတွေ အကယ်ဒမီပေးပွဲထဲ ရောက်ရှိနေပြီး တကယ့်အနုပညာရှင်တွေကြတော့ ဖိတ်စာမရဘူးဆိုတဲ့ အသံတွေက အမြဲကြားရလေ့ရှိပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ တော့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက အခုလိုရှင်းပြလာတာက…

”တကယ့်စစ်မှန်တဲ့ ပုဂ္ဂိုလ်တွေ ကျန်ခဲ့တယ်ဆိုတာမျိုး တချို့ရုပ်ရှင်လောက သားမဟုတ်တဲ့သူများ ဒီဝန်းထဲမှာ လာထိုင်နေတယ်ဆိုတာမျိုးကလည်း တကယ်ဖြစ်နေတဲ့အဖြစ်ပါပဲ။ ဒါကို ကျွန်တော်တို့ ထိန်းကွပ်ဖို့နည်း လမ်းရှာခဲ့ပါတယ်။ ကျွန်တော်တို့သည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင် လည်းဖြစ်နေမယ်၊ သူသည် တကယ် ဖိတ်ကြားခံသင့်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ် နေမယ်။ ဒီနှစ်အတွက် ဒီဇာတ်ကားတွေလည်း ပါနေတော့ သူဖိတ်စာရ သွားတယ်။ ဇင်ဝိုင်းဖိတ်စာရသွားတယ်။ ဇင်ဝိုင်းက ဒီဖိတ်စာကို ရောင်းစား လိုက်တယ်။ ဇင်ဝိုင်းရဲ့ ဖိတ်စာကို မောင်ဌေးက ဝယ်သွားတယ်။ မောင်ဌေးက ကော့ကော့နဲ့ လာထိုင်နေတယ်။ အဲဒီအခါမှာ ဒါသည် ရုပ်ရှင်လောက သားမဟုတ်ဘဲ ဘာလို့လာထိုင်နေလဲ။ တစ်ကားမှ မရိုက်ဖူးသေးဘဲနဲ့ အွန်လိုင်း ပေါ် နာမည်ကြီးတာနဲ့ အကယ်ဒမီပွဲတက် ခွင့်ရပြီလားဆိုတဲ့ကိစ္စတွေလည်း ဖြစ်လာပါတယ်။ ဒါဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို သူတို့ရောင်းစားကြခြင်းပဲဖြစ် ပါတယ်။ ဒါဟာလည်း ကျွန်တော်တို့ လောကထဲမှာ တကယ်ရှိနေပါတယ်။ အဲဒီတော့ မနှစ်က ဒါကိုအရေးပေါ် အစည်းအဝေးအနေနဲ့ ဖိတ်စာတင်မက ဘဲနဲ့ မြန်မာနိုင်ငံအစည်းအရုံး ဝင်ကတ်ပြားနဲ့မှ ပေးဝင်မလားပေါ့။ ကတ်ပြား မပြနိုင်ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ကို ပေးမဝင်ဘူးဆိုတဲ့အထိ လုပ်ကြမလားပေါ့။ ဒီအဆင့်တွေအထိ စဉ်းစားရပါတယ်။အဲဒီလိုစဉ်းစားမယ်ဆိုရင်လည်း ကျွန်တော်တို့ အဖွဲ့အစည်းဟာ အလွန်ကို တင်းကြပ်ပြီး တက်ရောက်လာတဲ့ သူတွေကို စိတ်အနှောက်အယှက် ဖြစ်သွားစေမယ်ပေါ့။ လူတိုင်းလူတိုင်းက ဖိတ်စာလည်း ကိုင်ရဦးမယ်။ ကိုယ့်အစည်း အရုံးဝင် ကတ်ပြားကိုင်လာပြီးမှ ဒီဝန်းထဲဝင်ခွင့်ရှိမယ်ဆိုတဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ မနှစ်က ကျွန်တော်ကိုယ် တိုင်သွားကြည့်ပါတယ်။ ဖိတ်စာက ဘယ်နှစ်သောင်းဆိုပြီး အပြင်ဈေး ကွက်မှာ ရောင်းနေကြပါတယ်။ အဲဒါသည်ပင်လျှင်ပင် မိမိတို့လောကသားထဲကပဲ မိမိတို့ရဲ့ ရပိုင်ခွင့်ကို ရောင်းချသွားခြင်းပဲဖြစ်ပါတယ်။ အဲဒီတော့ အဲဒီလိုလူမျိုး တွေ လာတက်တဲ့အခါမှာ ဘယ်သူလည်းဘယ်ဝါလည်း ဒါကို မေးမြန်းစုံးစမ်းပြီး တော့မှ သူတို့ကို ကတ်ပြားနဲ့ တိုက်စစ်တဲ့ အဆင့်မျိုးလုပ်မလားဒါကလည်း ကျွန်တော်တို့ စဉ်းစားရမယ့်ကိစ္စဖြစ်ပါတယ်”လို့ ပြောပြပါတယ်။ အကယ်ဒမီ ထူးချွန်ဆုရွှေစင်ကြယ်ကိုတော့ ထပ်မံတိုးမြှင်ချီးမြှင့်ဖို့ အစီအစဉ်မရှိဘဲ မနှစ်ကအတိုင်းပဲ ရွှေစင်ကြယ်ကို ၅ ကျပ်သား ချီးမြှင့်သွားမှာဖြစ်ပြီး ဒီလို ၅ ကျပ်သား ချီးမြှင့်နိုင်ဖို့အတွက် လည်း ရုပ်ရှင်နာယ ကကြီးများ၊ ရုပ်ရှင်အစည်းအရုံးအမှုဆောင် အဖွဲ့နဲ့ ရုပ်ရှင်လောကသားများ တော်တော်ခေါင်းချင်းဆိုင်စဉ်းစားခဲ့ကြရကြောင်းလည်း သိရပါတယ်။

”ဒီနှစ်ကိုတော့ ၅ ကျပ်သား ပေးပြီးသွားပြီ။ နောက်နှစ်အဖွဲ့အ စည်းက ၅ ကျပ်သား မပေးနိုင်ရင် ဘယ်လို လုပ်မလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါ့အပြင် တစ်သက်တာ ရုပ်ရှင် ထူးချွန်ဆုဆိုတာကို ရွှေကြယ်ငါးကျပ်သားအပြင် သက်ရှိထင်ရှားရှိစဉ်ကာ လပတ်လုံး လစဉ်တစ်လုံး ၅ သိန်း ကျပ် ချီးမြှင့်ဖို့ဆိုတဲ့ ကိစ္စလည်း ရှိပါ တယ်။ ဒီဆုကို ဒီနှစ်မှာ ပေးမယ့်လူ ရှိလို့ ပေးလိုက်တယ်။ နောက်နှစ် မရှိလို့ မပေးတော့ဘူးဆိုပြီးလည်း ကျွန်တော်တို့ လုပ်လို့ မရပါဘူး။ တကယ်လို့ ပေးမယ့် လူမရှိဘူးဆိုရင် ကျွန်တော်တို့ ချီးမြှင့်နိုင်မလား။ ကျွန် တော်တို့ ခွန်ကျွန်တော်အားနဲ့ လုပ် နိုင်မလား ဆိုတာကို ကျွန်တော်တို့ လောကသားတွေနဲ့ တိုင်ပင်ရပါ တယ်။ တိုင်ပင်ပြီးတော့မှ ရအောင် ချီးမြှင့်မယ်။ တကယ်လို့ အပြင်က မရရင်လည်း တို့လောကသားတွေ ရှာကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပေး ခဲ့ခြင်းဖြစ်ပါတယ်။ ဒီ့အတွက် ဒီနှစ် ကိုလည်း မနှစ်ကလိုပဲ ဆုတစ်ဆုချင်း ကို ရွှေစင်ကြယ်သား ၅ ကျပ်သား ချီးမြှင့်မှာဖြစ်ပါတယ်။ တစ်သက်တာ ထူးချွန်ဆုအတွက်ကိုတော့ လစဉ် ငါးသိန်းကျပ်ထောက်ပံ့ဖို့ ချီးမြှင့်သွား မှာဖြစ်ပါတယ်။ ဒီ့ထက်တိုးမြှင့် ချီး မြှင့်ဖို့ဆိုရင်တော့ ကျွန်တော်တို့လက် ရှိအခြေအနေအရ အဲဒီ့လောက် အ ထိ ပေးနိုင်မယ့်အစွမ်းအစမျိုး မရှိပါ ဘူး”လို့ ဆုငွေတိုးမြှင့် ချီးမြှင့်ဖို့နဲ့ ပတ် သက်လို့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here