ပြိုင်​ပွဲပြီးသွားလို့ ​အောင်​မြင်​တာ မ​အောင်​မြင်​တာက ကိုယ်​ကိုယ်​တိုင်​နဲ့ပဲ ဆိုင်​တယ်​လို့ ​ပြောပြတဲ့ နီနီခင်​​ဇော်

0
502

The Voice Myanmar ပြိုင်​ပွဲမှာ ဒုတိယအကြိမ်​ အမျိုးသမီး Coach အဖြစ်​နဲ့ ထပ်​မံမြင်​​တွေ့ရမယ့်​ အနုပညာရှင်​က​တော့ နီနီခင်​​ဇော်​ပါ။

The Voice Myanmar ပြိုင်​ပွဲနဲ့ပတ်​သတ်​တဲ့အ​ကြောင်း​တွေ ကို နီနီခင်​​ဇော်​က…

“နီနီတို့အခု Blind Audition ရိုက်​ကူးလို့ ပြီးသွားပါပြီ။ ​ဖေ​ဖော်​၀ါရီလထဲမှာ ထုတ်​လွှင့်​ပြသမယ်​လို့လည်းသိရတယ်​။ နီနီရဲ့အဖွဲ့ထဲမှာ အမိုက်​ဆုံးသူ​တွေ ​ရောက်​​နေပြီလို့လည်း ​ပြောလို့ရတယ်​။ The Voice Myanmar မှာ Coach အဖြစ်​ ပါဝင်​ရတာက အားသာချက်​ ဆိုရင်​ နီနီက မိန်းက​လေးဖြစ်​တယ်​။ ​နောက်​ပြီး​တော့နီနီရဲ့ ပြိုင်​ပွဲဝင်​​တွေ နီနီ ကို စိတ်​၀င်​စားကြတာက နီနီက ပြိုင်​ပွဲက​နေ အဆို​တော်​ဖြစ်​လာတာ။ နီနီ့ဆီက​နေ သူတို့ပြိုင်​ပွဲပြိုင်​ကာနီးကျရင်​ ဘယ်​လိုဖြတ်​​ကျော်​ရမလဲဆိုတဲ့ စကား​လေး​တွေကို သူတို့စိတ်​၀င်​စားကြတယ်​။ အဲ့ဒါ​လေး​တွေကို သူတို့သိချင်​တဲ့ ဆန္ဒ​လေး​တွေ​ကြောင့်​ နီနီ့ အသင်းကို သူတို့ Join ကျတယ်​ထင်​တယ်​။” လို့​ပြောပြခဲ့ပါတယ်​။

“အခုတစ်​​ခေါက်​မှာ နီနီနဲ့ အလုရဆုံးက ကိုဇာနည်​၊ ကိုဇာနည်​နဲ့ နီနီ နဲ့ လှည့်​ကြည့်​တဲ့ ပြိုင်​ပွဲဝင်​​တွေရှိတယ်​။ အဲဒီ ပြိုင်​ပွဲဝင်​​တွေက သူတို့ ကိုယ်​တိုင်​လည်း ဘယ်​သူ့ကို ​ရွေးချယ်​ရမလဲဆိုတာ ​ဝေခွဲရခက်​တယ်​။ ပြတ်​ပြတ်​သားသား သူတို့လည်း ဘယ်​သူ့ကို​ရွေးရမလဲ မသိဘူး။ နှစ်​​ယောက်​မှာ ဘယ်​သူ့ကို ​ရွေးရမလဲ ဇ​ဝေဇ၀ါ ဖြစ်​ကြတယ်​” လို့ နီနီခင်​​ဇော်​က​ ​ပြောပြခဲ့ပါ​သေးတယ်​။ ပြိုင်​ပွဲပြီးသွားလို့ ​အောင်​မြင်​ခြင်း၊ မ​အောင်​မြင်​ခြင်းက ကိုယ်​ကိုယ်​တိုင်​နဲ့ပဲ ဆိုင်​ပါတယ်​ ဆိုတဲ့ နီနီခင်​​ဇော်​က…

“အဓိကက ပြိုင်​ပွဲမှာ သူများကိုသာချင်​တဲ့စိတ်​နဲ့ပြိုင်​ရင်​အဆင်​မ​ပြေဘူး။ ပရိသတ်​ကလည်းသိတယ်​။ Coach ကလည်း သိတယ်​။ ပြိုင်​ပွဲဆိုတာကြီးကို လုံးဝ​မေ့ပြီး​တော့ ပရိသတ်​ကို သီချင်းဆိုပြ​နေတယ်​။ ပရိသတ်​ကို ​ဖျော်​​ဖြေ​နေတယ်​ဆိုတဲ့ စိတ်​ကို နီနီထည့်​ဖြစ်​​အောင်​ ​ပြောပြ​ပေးတယ်​။ ပြိုင်​ပွဲဆိုတာက ပရိသတ်​အတွက်​လည်း တကယ်​ကို စိတ်​လှုပ်​ရှား​စေတယ်​။ ပြိုင်​ပွဲဝင်​ ကိုယ်​တိုင်​လည်း စိတ်​လှုပ်​ရှား​စေတယ်​။ ဒါပါပဲ။ ပြိုင်​ပွဲပြီးသွားရင်​ ဆက်​​လျှောက်​လှမ်းရမှာကပြိုင်​ပွဲဝင်​ ကိုယ်​တိုင်​ပဲ​လေ။ ကိုယ့်​တာဝန်​ဖြစ်​တယ်​။ ကိုယ်​ဆက်​​လျှောက်​မှပဲကိုယ်​ရမှာ​လေ။ Winner ဖြစ်​ချင်း၊ မဖြစ်​ချင်းကို နီနီ မ​ပြောလိုဘူး။ နီနီတို့ ကိုယ်​တိုင်​လည်း အခုအချိန်​ထိ ကြိုးစား​နေရတုန်းပါပဲ။” လို့ ​ပြောပြခဲ့ပါ​သေးတယ်​။

ခိုင်​၀ါဝင်း၊

ဓာတ်​ပုံ-​​ဇော်​၀င်း​အောင်


LEAVE A REPLY

Please enter your comment!
Please enter your name here