စစ်ဖြစ်နေတဲ့ဒေသတွေကို သွားရောက်ပြီး ကလေးငယ်တွေအတွက် ချစ်ခြင်းမေတ္တာတွေ ဝေမျှပေးနေသူ စောဖိုးခွား

0
260

သူဆိုတဲ့ မြူးဇစ်ပုံစံက Raggae။ ငြိမ်းချမ်းရေးကို ဖော်ဆောင်တယ်။ ချစ်ခြင်းမေတ္တာတွေကို ဖန်တီးတယ်။ အခုစောဖိုးခွားက မြန်မာနိုင်ငံ အတွင်း စစ်ဘေးဒဏ်ခံဒေသတွေက ကလေးငယ်တွေအတွက် ငြိမ်းချမ်း ပါစေဆိုတဲ့ ဆောင်ပုဒ်နဲ့ သွားရောက်လို့နေပါတယ်။

”ကျွန်တော် Focus ထားတာ ကလေးတွေပဲ။ ကျွန်တော်တို့ရဲ့ အနာဂတ်တစ်ခု အပြောင်းအလဲတစ်ခုအတွက်ကို ကလေးတွေနဲ့သွားမှ ရမယ်ဆိုတဲ့ ကျွန်တော့်ရဲ့ စိတ်ထဲမှာ ဒါလေးက ဖြစ်နေတဲ့အတွက် အထူးသဖြင့်တော့ စစ်ရှောင်ဒေသက ကလေးတွေဆီကို သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ကျွန် တော်တို့တွေထက် ပဋိပက္ခဖြစ်မှုတွေ၊ အနိဋ္ဌာရုံတွေကို မွေးကတည်းက ကြုံတွေ့လာခဲ့ရတာ ဆိုတော့ သူတို့မှာ ဘာနဲ့ရှင်းရမလဲဆိုတာကို သူတို့ မသိဘူး။ တကယ်တော့ ကျွန်တော်တို့ ဘာနဲ့ရှင်းရမလဲဆိုတဲ့ အင်မတန်မှ လိုအပ်တဲ့၊ အင်မတန်မှ တန်ဖိုးရှိတဲ့ လက်နက်ကို သူတို့ရင်ဘတ်ထဲကို မျိုးစေ့သွားချပေးတာ။ အဲဒါကတော့ ချစ်ခြင်းမေတ္တာပဲ”လို့ စောဖိုးခွားက ပြောပါတယ်။

၂ဝ၁၉ ထဲမှာ ကချင်ပြည်နယ်ကို သွားရောက်ဖို့ ရှိတယ်လို့ဆိုတဲ့ စောဖိုးခွားက …”ကျွန်တော်တို့ ၂ဝ၁၉ ထဲမှာပဲ ‘ငြိမ်းချမ်းပါစေ မနော မြေ’ ဆိုပြီး ဝင်ဖို့ရှိပါတယ်။ ‘ငြိမ်းချမ်းပါ စေ ရှမ်းမြောက်မြေ’ဆိုပြီးတော့ ၂ဝ၁၆ နှစ်ကုန်ပိုင်းလောက်မှာ သွားတယ်။ ပြီးတော့ ‘ငြိမ်းချမ်းပါစေ ဒေါနမြေ’ဆိုပြီးတော့ ကရင်ပြည်နယ်ဘက်ကို သွားပြီးပြီ။ အခု ‘ငြိမ်းချမ်း ပါစေ မနောမြေ’ဆိုပြီး ကချင်ပြည်နယ်ကို ဝင်ပါမယ်။ အဲဒါပြီးလို့ရှိရင် တော့ ကျွန်တော် ရခိုင်ဘက်ကို ဝင်ပါမယ်။ အဲဒါဆိုတော့ တော် တော် လေး ခရီးပေါက်လောက်ပြီလို့ ကျွန်တော်ထင်တယ်။ မျိုးဆက်သစ်တွေ အတွက်လည်း ဆက်လုပ်လို့ရပြီ လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်၊ မျှော်လင့်ချက်လေးကတော့ အဲဒါပါပဲ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here