Boy Band အသစ်ကို ပရိတ်သတ်နဲ့ မိတ်ဆက်လိုက်တဲ့ YG Entertainment

0
193

YG Entertainment ကမကြာသေးခင်ကပဲ သူတို့အေဂျင်စီရဲ့ Boy Band အသစ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။အသစ်အဖွဲ့ရဲ့ အမည်ကိုတော့ ‘Treasure’ လို့အမည်ပေးထားပြီးတော့ အဖွဲ့ဝင် ၇ဦးနဲ့ ဖွဲ့စည်းထားတယ်လို့သိရပါတယ်။အဖွဲ့ဝင်များကတော့ Haruto, Yedam, Junghwan, Junkyu, Jeongwoo, Jaehyuk, and Hyunsuk တို့ ဖြစ်ကြပါတယ်။

“YG Treasure Box”ဆိုတဲ့ အစီအစဉ်ရဲ့ အသံစမ်းပွဲမှာ YG ရဲ့trainees တူတွေယှဉ်ပြိုင်ပြီးနောက်မှာတော့ နောက်ဆုံးစကာတင်၇ယောက်ကို အေဂျင်စီရဲ့ boy group အသစ်ဆိုပြီးအတည်ပြုခဲ့ပါတယ်။

YG ရဲ့တာဝန်ရှိသူတစ်ဦးက “၄နှစ်အတွင်းမှာ ပထမဦးဆုံး confirm လုပ်လိုက်တဲ့ ကျွန်တော်တို့ရဲ့ boy group နာမည်ကတော့ Treasure ဖြစ်ပါတယ်။ကျွန်တော်တို့က အဖွဲ့ရဲ့ ပွဲဦးထွက်အစီအစဉ်တွေကတော့ တရာဝင်စတင်နေပြီးဖြစ်ပါတယ်။YG ရဲ့ CEO Yang Hyun Suk ကိုယ်တိုင် စီစဉ်ညွှန်ကြားပေးနေတဲ့အတွက် group ရဲ့ ပွဲဦးထွက်က မကြာတော့ဘူးလို့မျှော်မှန်းရတာပါပဲ”လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here