မကြာခင် ထွက်ရှိမယ့် ဟဲလေး ရဲ့ သီချင်းအသစ် အကြောင်း

0
563

အမြဲတမ်းလိုလို လွတ်လွတ် လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်ကာ ချစ်တဲ့ပရိသတ်ကြီးကို တတ်စွမ်းတဲ့ အနုပညာနဲ့ပေးဆပ်နေတဲ့ အဆို တော်ကတော့ ဟဲလေးပါ။ သီချင်းစာ သားတွေကို ထူးထူးဆန်းဆန်းဖန် တီးတတ်ပြီး ပရိသတ်တွေကို မျိုးစုံ သော ရသတွေ ဖန်တီးပေးနိုင်သော အနုပညာရှင်တစ်ယောက်လည်း ဖြစ် ပါတယ်။ပရိသတ်တွေ မြူးကြွစေမယ့် သီချင်းအသစ်အဆန်းတစ်ပုဒ် ဖန် တီးဖြစ်နေတယ်ဆိုတာကို ဟဲလေးက ”ပရိသတ်တွေကို ကျွန်တော် သီချင်း အသစ်အဆန်းတွေကို အမြဲတမ်း ပေးချင်တယ်။ တစ်နှစ်ကို တစ်ပုဒ် ကောင်းကောင်းလောက် ထွက်ချင် တယ်။ အခုမတ်လထဲမှာ ကျွန်တော် ထူးထူးခြားခြား လုပ်ထားတဲ့သီချင်းလေးတစ်ပုဒ်ထွက်မယ်။ သင်္ကြန်အမီ လေး။ ဒါပေမယ့် သင်္ကြန် သီချင်း တော့ မဟုတ်ဘူး။ သင်္ကြန်ပြီးသွား ရင်လည်း ခုန်ဆွခုန်ဆွ လုပ်လို့ရမယ့် သီချင်းပုံစံမျိုးလေး။ သင်္ကြန်မှာ လူ တိုင်းမှည့်လို့ရမယ့် သီချင်းသစ်လေး၊ ပျော်စရာကောင်းမယ့်သီချင်းပုံစံမျိုးလေး၊ ဘာသီချင်းဆိုတာတော့ ကျွန် တော်မပြောပြသေးဘူး”လို့ ပြောပြ ခဲ့ပါတယ်။ အခုအချိန်မှာ ဖခင်တစ် ယောက်လည်း ဖြစ်နေပြီဖြစ်တဲ့ အ တွက် အရင်ကထက် ပိုရင့်ကျက်လာ တယ်ဆိုတာကိုလည်း ”အခုကျွန် တော်အသက်ပိုကြီးလာပြီ၊ ပိုပြီးလည်း ရင့်ကျက်လာပြီ၊ ကျွန်တော်နဲ့အတူတူ သားလေးတွေလည်း ကြီးလာပြီ။ အနုပညာသမား သားသမီးတွေက အနုပညာမှာ ဝါသနာ ပါချင်မှပါတယ်။ အခုကငယ်သေးတော့ သူတို့ ဘာဖြစ်ချင်တယ်ဆိုတာ သူတို့မတည်ငြိမ်သေးဘူး။ အနုပညာပဲ ဝါသနာပါမလား၊ သူတို့ ဘာကိုဝါသနာပါမလဲဆိုတာ အခုထိက ငယ်သေးတော့ မသိသေးဘူး။ သူတို့ဂီတဘက်မှာ ဝါသနာပါရင် ဖခင်ကလည်း ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းနေတာဆိုတော့ အကောင်းဆုံးပံ့ပိုး ပေးသွားမယ်။ သူတို့ ဘာပဲဖြစ်ချင်ဖြစ်ချင် ဖခင်တစ်ယောက် ဖြစ်တဲ့အတွက် အကောင်းဆုံးလုပ်ပေးသွားမှာပါ”လို့ ဟဲလေးက ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here