ဖခင်ဖြစ်သူရဲ့ ရွာမှာ စေတီတည်ပြီး တစ်နှစ်တစ်ခါဘုရားပွဲ အလှူလုပ်ပေးမယ့် ရွှေရည်သိန်းတန်

0
358

ခင်ပွန်းဖြစ်သူ ကိုနေလနဲ့ အတူတူ ဘုရားတည်၊ ကျောင်းဆောက် အလှူအတန်းတွေများစွာ ပြုလုပ်လှူဒါန်းဖြစ်တဲ့ ရွှေရည်သိန်းတန်က ဖခင်ဖြစ် သူ တွံတေးသိန်းတန်ရဲ့ရွာမှာ စေတီတည်ထားသလို နှစ်စဉ်နှစ်တိုင်းလည်း ဘုရားပွဲပြုလုပ်သွားဖို့ ရည်ရွယ်ထားကြောင်း သူမက ပြောပါတယ်။

”ဘုရားတစ်ဆူကတော့ ပြီးသွားပြီပေါ့။ ရှေ့မှာလည်း ဘုရားအဆူ သေးသေးလေးတွေတည်ခဲ့တာလည်း ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း ပြောရလောက်အောင်ဆိုရင် ဖေဖေ့ ရဲ့ရွာမှာ ရွာဦးစေတီပေါ့။ အပရာဇိတ ရွှေကံမြင့်ရွာဦးစေတီကို ရွှေရည် တည်ခဲ့တယ်။ အဲဒီတည်ပြီးတဲ့နောက်မှာ တော့ ရွှေရည်ဘုရားတွေ ထပ်တည်တာထက် ဒီဘုရားကြီးကို အားတိုင်း ရွှေရည်သန့်ရှင်းရေးသွားလုပ်ဖြစ်တယ်။ ရင်ပြင်တော်သန့်ရှင်းရေးသွားလုပ် ဖြစ်ပါတယ်။ ဘုန်းဘုန်းတွေကလည်း လျှောက်တယ်ပေါ့။ ဘုရားတကာဖြစ်ချင် တာလား၊ ဘုရားဒကာ ဖြစ်ချင်တာလားပေါ့။ အဲဒီတော့ နှစ်တိုင်းဘုရားပွဲ လုပ်ပေးမယ်။ ဘုရားပွဲမှာလည်း ရွှေရည်တို့ပကာသနတွေ ထက်ကို မရှိဆင်းရဲ သားတွေအတွက်ကို အဝတ်အစားလှူမယ်။ အစားအသောက်တွေလှူမယ်။ နိဗ္ဗာန်ဈေး ပွဲတော်လိုပုံစံမျိုးနဲ့ ဘုရားပွဲလုပ်ပေးမယ်

ဆိုပြီး ရွှေရည်စဉ်းစားထားတယ်။ အဲဒီအတွက်ပဲ ကြိုးစားပြီး ငွေစုဖြစ်တယ်ပေါ့”လို့ ရွှေရည်သိန်း တန်က ပြောပါတယ်။ ကျောက်မျက်ရတနာ လုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ်လုပ် ကိုင်ဖြစ်နေတဲ့ ရွှေရည်သိန်းတန်တို့ မောင်နှံ ကို ခင်ပွန်းဖြစ်သူနဲ့ တေးစီးရီးခွေလေးစီစဉ် ဖြစ်ဦးမလားလို့မေးတော့…”ရွှေရည်ကတော့ အခုသူ့ကို အဆိုတော်ပိုင်းမှာ ဆွယ် တရားတွေဟောထားတယ်။ အခု ရွှေရည်တို့နှစ်ယောက် အမှတ် တရပေါ့နော်။ ရွှေရည်က ဘဘဦးလှထွဋ်ရဲ့ သီချင်း တွေနဲ့ အဆိုတော်ဖြစ် လာခဲ့တာ။ ဒါပေမဲ့ အဲဒီ အချိန် ဘဘဦးလှထွဋ် ရဲ့ အခွေလေးထွက်တဲ့ အချိန်မှာ ဗီစီဒီမရိုက်ရ ဘူး။ အဲဒီခေတ်က ဗီစီဒီ ခေတ်မဟုတ်ဘူးလေ။ မဟုတ်တဲ့အခါကျတော့ ရွှေရည်ဘဘဦးလှထွဋ်ရဲ့ သီချင်းလေးတွေချည်းပဲကို အကုန်လုံးစုံတွဲလေးတွေပါ ပါတယ်။ အဲဒီအထဲမှာ သူ့ ကိုပါ အမှတ်တရအနေနဲ့ စုံတွဲလေးတွေရော၊ တစ် ယောက် တည်းရောဆိုပေးပါဆိုပြီး တော်တော် ကြီးကို ခက်ခက်ခဲခဲတောင်းဆိုပြီး ရွှေရည် ဒီအခွေလေးစီစဉ်ဖြစ်နေပါတယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here