၂ဝ၁၉ မှာ စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲ Touch  Your Heart

0
223

ဇန်နဝါရီ ၂၉ ရက်နေ့မှာ “Touch  Your Heart” ဇာတ်လမ်းတွဲ စာနယ်ဇင်း ရှင်းလင်းပွဲအခမ်း အနားကို ပြုလုပ်ခဲ့ပါတယ်။ tvN ရဲ့ ဇာတ်လမ်းတွဲအသစ်ကို ပါဝင်မယ့် သရုပ်ဆောင်တွေကြောင့် လူအများ ရဲ့စိတ်ဝင်စားမှု အမြောက်အမြား ရရှိခဲ့ပါတယ်။ “Touch  Your Heart” ဇာတ်လမ်းတွဲမှာ ပါဝင်မယ့် မင်းသား Lee Dong Wook နဲ့ မင်းသမီး Yoo In Na တို့ နှစ်ဦးဟာ Golbin ဇာတ်လမ်းတွဲမှာ လက်တွဲသရုပ် ဆောင်ခဲ့ပါတယ်။

Lee Dong Wook က “Goblin” ဇာတ်လမ်းတွဲမှာ မင်းသမီး Yoo In Na နဲ့ တွဲဖက် သရုပ်ဆောင်ခဲ့လို့ ရင်းနှီးခဲ့ပါတယ်။ တစ်ယောက်ရဲ့ သရုပ်ဆောင်အကွက် တွေကိုလည်း သိနေတာမို့ ထွေထွေ ထူးထူး ညှိစရာမလိုတော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

မင်းသမီး Yoo In Na ကလည်း….
”အခုရိုက်ကူးမယ့် ဇာတ်လမ်းတွဲက Goblin ဇာတ်လမ်းတွဲနဲ့ မတူပဲ တစ် မူ ထူးခြားမှာပါ။ မင်းသားရဲ့ သရုပ် ဆောင်မှုတွေက အရမ်းကောင်းပါ တယ်။ အခု ရိုက်ကူးမယ့် ဇာတ်လမ်း တွဲမှာလည်း Lee Dong Wook ပါ ဝင်မယ့် နေရာက သရုပ်ဆောင်ပိုင်းကို အများကြီး ပြသနိုင်တာမို့ သူ့ကို အား ပေးချင်ပါတယ်”လို့ ပြောကြားခဲ့ပါ တယ်။ မင်းသား Lee Dong Wook က ရှေ့နေတစ်ယောက်အဖြစ်ပါဝင် မှာဖြစ်ပြီး မင်းသမီး Yoo In Na က မင်းသမီးအနေနဲ့ ပါဝင်မှာပါ။ “Touch  Your Heart ” ဇာတ် လမ်းတွဲကို ဖေဖော်ဝါရီ ၆ ရက်မှာ စတင်ပြသတော့မှာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here