မြန်မာ့ရုပ်ရှင်ခေတ်အပြောင်းအလဲနှင့်အဆုတ်အတက်အနိမ့်အမြင်…

0
293

အခု အကယ်ဒမီပွဲအတွက် အကယ်ဒမီစာရင်းဝင်တဲ့ကားတွေကို အကဲဖြတ်အဖွဲ့ ကြည့်နေကြပြီ။ မြန် မာရုပ်ရှင်ကား ၈၃ ကား ရိုက်ကူးလာ ကြပြီဆိုတော့ ရုပ်ရှင်ခေတ်ဟောင်း က ဇာတ်ကားတစ်ရာနှုန်းကို မှီတော့ မှာဖြစ်တယ်။ ဒီနေ့ ရုပ်ရှင်ခေတ်ဟာ ခေတ်ဟောင်းက နဂ္ဂတစ်နဲ့ ရိုက်ပြီး၊ ဖလင်ဆေး နဂ္ဂတစ်ပေါ်က အရုပ် တွေကို သေချာမှန်ဘီလူးနဲ့ကြည့်ပြီး တည်းဖြတ်ရသလိုမျိုး မဟုတ်ဘဲ၊ ခေတ်မှီလာတဲ့ ဒစ်ဂျစ်တယ်နည်း ပညာတွေနဲ့ သိပ္ပံစက်ပစ္စည်းတွေနဲ့ ရိုက်ကူး၊ တည်းဖြတ် အတော်အဆင် ပြေချောမွေ့လာတယ်။ တချို့လူငယ် တွေရဲ့ ကားတွေဆိုရင် ကွန်ပြူတာ အထောက်အကူပြုမှုတွေ တွေ့ရ တော့ မြန်မာရုပ်ရှင်လောကအတွက် ရုပ်ရှင်ကြည့်ပရိသတ်များအစား ဝမ်း သာမိတယ်။ ကမ္ဘာ့ဟောလိဝုဒ်ရုပ်ရှင် ပညာရှင်တွေက မြန်မာပြည်က အခု မှ အသုံးပြုရမှန်းသိလာတဲ့ နည်း ပညာထက် ပိုဆန်းကြယ်အောင် တွေးခေါ်ကြံစည်ရိုက်ကူးနေကြပြီ။ ပြောရရင် ကွာဟမှုတွေကတော့ အ ချိန်ကာလကြာမြင့်စွာရှိနေဦးမှာပဲ။ အဲဒါ ရုပ်ရှင်ခြံတွေ ပျောက်ပျက်သွား ခြင်းရဲ့ အဖြေတစ်ခုပဲဖြစ်တယ်။

မှတ်မိသေးတယ်။ လွန်ခဲ့တဲ့နှစ် ပေါင်းသုံးဆယ်လောက်မှာ ရုပ်ရှင်စာ နယ်ဇင်းမှာလုပ်ရင်း အေဝမ်းရုပ်ရှင် မျိုးဆက် သရုပ်ဆောင်ဒါရိုက်တာ လူ ရွှင်တော်မင်းသား တိုးညွန့်အား အင်တာဗျူးတော့ အေဝမ်းရုပ်ရှင်ခြံ ကျယ်ကြီးထဲမှာ ရုပ်ရှင်ရိုက်ကူးရေး ကင်မရာမှအစ ပစ္စည်းစုံ၊ ကားကူး ကားဆေးအခန်းများနဲ့ စတူဒီယိုတွေ ဆက်တင်ပစ္စည်းများကအစ အစုံရှိ သလို ရုပ်ရှင်ဖခင်ကြီးများဖြစ်တဲ့ ဒါရိုက်တာ ဦးတင်မောင်၊ ဦးမြမောင်၊ ဦးတင်ယုတို့က မွေးလာတဲ့ သားသမီး တွေကို ကျောင်းပညာသင်ကြားချိန် က ပိုတဲ့အချိန်တွေမှာ စတူဒီယို အတွင်းမှာ ရုပ်ရှင်ပညာနဲ့ပတ်သက် တဲ့အလုပ်တွေကို မိဘတွေက ခိုင်း တယ်။ အဲဒီလုပ်ခိုင်းတာတွေလုပ်ရင် မုန့်ဖိုးပေးတယ်။ မလုပ်ရင် မုန့်ဖိုးမရ ဘူး။ အဲဒီလို အေဝမ်းရုပ်ရှင် ဖခင် ကြီးများက ရုပ်ရှင်ပညာကို မျိုးဆက် ပျံ့ပွားစေခဲ့တယ်။ ဒါကြောင့်လည်း အေဝမ်းရုပ်ရှင်မျိုးဆက်တွေဟာ အဖြူအမဲရုပ်ရှင်ခေတ်မှာ အောင်မြင် ခဲ့ကြတယ်။ အဲဒါရုပ်ရှင်နည်းပညာ ကျွမ်းကျင်ခြင်းအတွက် ဆန်းကြယ်မှု၊ ထူးဆန်းစေမှုတွေကို ထပ်ဆင့်တွေး ခေါ်ရိုက်ကူးနိုင်ခဲ့ခြင်းကြောင့်ပဲဖြစ် တယ်။

သရုပ်ဆောင်ဒါရိုက်တာ လူ ရွှင်တော်မင်းသားတိုးညွန့်ဟာ ရုပ်ရှင် အတတ်ပညာကို ကျွမ်းကျင်စွာတတ် မြောက်ခဲ့သူတွေဖြစ်ပေမယ့် ဒီခေတ် ထဲမှာ အေဝမ်းရုပ်ရှင်မျိုးဆက်များ ငြိမ်သက်နေကြတယ်။ မကြာခင်ကမှ အေဝမ်းမျိုးဆက်အâမွှာညီအစ်ကိုထဲ က အေဝမ်းသိန်းထွဋ်၊ သန်းထွဋ်ရှိ ရာမှ အေဝမ်းသန်းထွဋ်က သရုပ် ဆောင်ဒါရိုက်တာ မင်းသားတိုးညွန့် နဲ့ တွေ့ဆုံစကားပြောခန်းလေးကြည့် လိုက်မိတော့ စာနယ်ဇင်းကဖြစ်ဖြစ် ရုပ်သံတီဗွီများက ဖြစ်ဖြစ်၊ ဖော်ထုတ် ၍ ဟိုးတုန်းက ရုပ်ရှင်ခေတ်သမိုင်း၊ အခုခေတ် ရုပ်ရှင်ခေတ်အနေအထား ခေတ်ဟောင်းနဲ့ ခေတ်သစ်၊ ဒါရိုက် တာများ တွေ့ဆုံဆွေးနွေးခန်းမျိုးတွေ ကို ဒါရိုက်တာ ကိုကြည်စိုးထွန်းနှင့် သရုပ်ဆောင်ဟောင်းများ တွေ့ဆုံပြီး ပြောကြတဲ့ မှတ်မှတ်ထင်ထင် မြန်မာ့ ရုပ်ရှင်လိုမျိုး အင်မတန်ပြုလုပ်သင့် သလို အသစ်ဘယ်လိုကောင်းကောင်း အဟောင်းတလည်လည်ဆိုသလို ရုပ် ရှင်နည်းပညာ၊ အတတ်ပညာများ တိုးပွားလာနိုင်မယ်ထင်မိရဲ့ပေါ့။ ဘာ လို့လဲဆိုတော့ ဟိုးတုန်းက ခွန်အား၊ နည်းပညာတို့နဲ့ ကျားကုတ်ကျားခဲကြိုး စားသင်ယူရမှု၊ ထူးခြားဆန်းကြယ်စေ တဲ့ အယူအဆတွေ၊ တွေးခေါ်ကြံဆ မှုတွေ၊ ဒီနေ့နဲ့ တိုးတက်တဲ့ စက်မှု သိပ္ပံနည်းပညာအထောက်အကူတို့ ရှိစေကာမူ၊ ရုပ်ရှင်နည်းပညာအခြေခံ က ဘူမိနက်သန်ပဲဖြစ်တာကြောင့်၊ လူဟောင်းနှင့် လူသစ်တို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုကနေ မြန်မာ့ရုပ်ရှင်ရဲ့ အနာဂတ်အတွက် ဒီနေ့လိုနည်းပညာ အထောက်အကူရတဲ့အချိန်မျိုးမှာ အေဝမ်းရုပ်ရှင်ရဲ့ ကိုတိုးညွန့်အနေနဲ့ အတွေးသစ်၊ စိတ်ကူးသစ်များ ရှိနေ ဦးမှာဖြစ်တယ်။

ဒါတွေပြောနေရခြင်းက ဒီနေ့ ရုပ်ရှင်လောကမှာ ဇာတ်ကောင် စရိုက် ကောင်းမှုတွေ နည်းပြီး၊ ပေါ့ လျော့မှုတွေ များနေလို့ ပြောရတာ ပါ။ ဇာတ်ကောင်ဆိုတာ မိမိက ဘာ ကောင်လဲ၊ ဘယ်အဆင့်အတန်းလဲ၊ ပညာတတ်လား၊ ပညာမတတ်ဘူး လား၊ ကျင်လည်ရတဲ့ဘဝက ဘာလဲ၊ အဲဒါတွေဟာ ကွာခြားမှုတွေ များစွာ ရှိပါတယ်။ (ဥပမာ) အကယ်ဒမီ ဒါ ရိုက်တာ မောင်တင်ဦးရိုက်ကူးတဲ့ စာ ရေးဆရာရှေ့နေချစ်ကိုယုရဲ့ ‘နှလုံး လှလူမိုက်’ဇာတ်ကားမှာ မင်းသား မင်းမော်ကွန်းက တောနေလူတန်း စား၊ နေပူမရှောင်၊ မိုးရွာမရှောင် မိချောင်းဖမ်းတဲ့အလုပ်ကို လုပ်နေတဲ့ ရပ်တည်နေထိုင်မှု၊ အဲဒီမှာ ဒါရိုက် တာ မောင်တင်ဦးက မင်းသား မင်း မော်ကွန်းရဲ့ မျက်နှာအသားအရေကို ပကတိသူ့အသားအရောင်မျိုးမဟုတ် ဘဲ၊ မိတ်ကပ်နဲ့ ပြင်လိုက်တယ်။ နေ လောင်ထားတဲ့ အသားရောင်ညိုညစ် ညစ်ဖြစ်စေတယ်။ ဆံပင်ကလည်း ခြောက်သွေ့နီစပ်စပ်၊ ဖွာလျှံကြဲ အပြောအဆိုက စရိုက်ကြမ်းကြမ်း။ မျက်လုံးအကြည့်က စူးရဲတယ်။ အဝတ်အစားက နွမ်းဖတ်ဖတ်မသပ် မရပ်၊ ပုဆိုးတိုတိုနှင့် အနေအထိုင် အသွားအလာလည်း ခပ်ကြမ်းကြမ်း …ဒါပေမဲ့ မိခင်အိုကြီးကို စိတ် ထားကောင်းကောင်းနဲ့ သူ့ဝါသနာပါ တဲ့ မိချောင်းလိုက်ခြင်း၊ မိချောင်း သတ်ခြင်း အန္တရာယ်များတဲ့အလုပ် နဲ့ ရှာကျွေးနေသူ၊ ကဲ …ကွယ်လွန် သွားရှာတဲ့ အကယ်ဒမီ ဒါရိုက်တာ မောင်တင်ဦးရဲ့ ဇာတ်ကောင်စရိုက် နဲ့ လူတန်းစားအဆင့်အတန်းကို ဂရု တစိုက်အလေးထားမှုပဲဖြစ်တယ်။

နောက်တစ်ခုက ကွယ်လွန်ခဲ့ပြီ ဖြစ်တဲ့ အကယ်ဒမီ သရုပ်ဆောင် နွဲ့ နွဲ့မူကို အင်တာဗျူးစဉ်က ဒါရိုက်တာ အေဝမ်းမောင်လှမျိုး ရိုက်ကူးထားတဲ့ ‘ပျဉ်းမငုတ်တို’ ရုပ်ရှင်ဇာတ်ကားထဲ မှာ မင်းသမီး နွဲ့နွဲ့မူက မိခင်ခန်းက သရုပ်ဆောင်ရသလို၊ မင်းသားကျော် ဟိန်းက သားနေရာက သရုပ်ဆောင် ရတဲ့ အခန်းတစ်ခန်းမှာ မင်းသမီး နွဲ့ နွဲ့မူဟာ သားကိုတွေ့တဲ့အချိန်မှာ ‘သား’ဟု မိခင်တစ်ယောက်ရဲ့ခေါ်တဲ့ အသံဟာ နွဲ့နွဲ့မူရဲ့ မျက်လုံးထဲမှာ ကျော်ဟိန်းအနေနဲ့ပဲ မြင်နေလို့၊ သား လို့ခေါ်တဲ့အသံဟာ မိခင်တစ် ယောက်က သားကိုခေါ်တဲ့အသံမျိုး မဖြစ်တာကြောင့် နွဲ့နွဲ့မူက သူ့ကိုသူ မကျေမနပ်ဖြစ်ပြီး သူ့ပါးကိုသူရိုက် သတဲ့၊ နောက်မှ သူ့ရဲ့သားကို ပြန် စဉ်းစားရင်း မျက်လုံးထဲမှာ သူ့ရဲ့ သားအရင်းကို မြင်မိခဲ့ပြီး ထိုအခန်း ကို ပြန်ရိုက်တဲ့အခါမှာ နွဲ့နွဲ့မူဟာ ကျော်ဟိန်းကိုကြည့်တဲ့အခါ ကျော် ဟိန်းပျောက်သွားပြီး သူ့ရဲ့သားအရင်း ပေါ်လာတာကြောင့် ‘သား’လို့ခေါ် တာ တကယ့်မိခင်ရဲ့ ရင်ထဲကလာတဲ့ အသံဖြစ်သွားလို့၊ ဒါရိုက်တာ အေ ဝမ်းမောင်လှမျိုးက နွဲ့နွဲ့မူရဲ့ မျက်လုံး အကြည့်၊ အမူအယာ၊ အသံတို့ သရုပ်ပီလွန်းတာကြောင့် အဲဒီအခန်း နဲ့မူလေး အကယ်ဒမီရပြီလို့ ပြောခဲ့ ဖူးတယ်။ ဒါပေမဲ့ ကျွန်မအကယ်ဒမီ မရခဲ့ပါဘူးလို့ မင်းသမီး နွဲ့နွဲ့မူရဲ့ အင်တာဗျူးမှာ ပြောခဲ့ဖူးတယ်။ အဲဒီ လိုဟိုးတုန်းက သရုပ်ဆောင်များက ဇာတ်ကောင်ရဲ့စရိုက်ကို ပီပြင်ဖို့ ဂရု တစိုက်ကြိုးစားခဲ့ကြပါတယ်။
အခုအကယ်ဒမီရွေးပွဲအတွက် ရုပ်ရှင်ကားတွေ ကြည့်နေကြပါပြီ။ ဘယ်လောက်ဇာတ်ကောင်ပုံစံ၊ စရိုက်ဆင်ယင်မှု၊ ဟန်ပန်နဲ့လေ ယူ လေသိမ်းအသံမှအစ ပီပြင်မှုတွေရှိ လိမ့်မယ်လို့ပဲ ပြောရင်း၊ အကယ်ဒမီ ကားများကို စောင့်ကြည့်ကြပါစို့ ။ ။

အောင်ဟိဏ်း (ကျိုက်ထော်)


LEAVE A REPLY

Please enter your comment!
Please enter your name here