ကြည်နူးချမ်းမြေ့စရာ ကောင်းလှတဲ့ နိုင်းနိုင်းတို့ရဲ့ မိသားစုရိပ်မြုံ

0
436

မိသားစုတဲ့။
ဒီနာမည် လေး ဖွဖွ ရေရွတ်ရုံနဲ့
နှလုံးသားတွေ နွေးထွေး
အေးချမ်းရတယ်လေ။
အဖေက အမေလက်ကိုဆွဲ
အမေက သမီးလက်ကိုဆွဲ
သမီးက မောင်လေးလက်ကိုဆွဲ
မောင်လေးက ညီမလေး လက်ကိုဆွဲ
ညီမလေးက အဖေ့လက် ကိုဆွဲ
ညီညီညာညာ လက်ကိုတွဲလို့
ပျော်ရွှင်ခဲ့ရတဲ့ နေ့ရက်များမှာ
သံယောဇဉ် ပိုတိုး
မိသားစုကို ပိုမြတ်နိုး
တန်ဖိုးထားတတ်လာတယ်။
ရက်လ နှစ်တွေကြာ
အတိတ်က နေ့စွဲများသာ
မိသားစုလေးထဲ
အလွမ်းတွေ တဖွဲဖွြဲေ<ွကကျ။
မိသားစုတဲ့
ရင်ကို အေးမြ ငြိမ်းချမ်းစေတာ
ထာဝရပါ။

မိသားစုနဲ့ နိုင်ငံတွေခြားနေပေ မယ့်လည်း ဖခင်တစ်ယောက်ရဲ့ ချစ် ခြင်းမေတ္တာတွေကြောင့်ပဲ နီးတယ်လို့ ဆိုရမှာပဲလား။ နိုင်းနိုင်းကတော့ သူ့ ရဲ့မိသားစုရှိတဲ့ အမေရိကန်နိုင်ငံကို တစ်နှစ်ကို ၂ ခေါက် ၃ ခေါက်လောက် အမြဲသွားလေ့ရှိပါတယ်။ အခုလည်း နှစ်သစ်ရောက်ပြီဖြစ်တဲ့အတွက် နှစ်စဉ်နှစ်တိုင်းလိုပဲ သူ့ရဲ့မိသားစုနဲ့အတူ ဖြတ်သန်းနေပါတယ်။ ဖခင်နဲ့အချိန်အတော်ကြာဝေးကွာနေတဲ့ သူ့ရဲ့ သားသမီးတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်း လို့ နေပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ဝေးနေနေ ဖခင်ရဲ့ နွေးထွေးတဲ့ မေတ္တာတရားတွေကြောင့် နိုင်းနိုင်း တို့ရဲ့မိသားစုဘဝလေးဟာ မြင်ရသူ တိုင်းအတွက် ကြည်နူးစရာကောင်းလို့ နေပါတယ်။

လင်းအက္ခရာ

 

 

 

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here