းမွေးနေ့မှာချစ်သူရဲ့ မွေးနေ့မှာချစ်သူရဲ့ Suprise ကြောင့်ပျော်ရွှင်ခဲ့ရတဲ့နေခြည်ဦး

0
180

Beauty Blogger အဖြစ်ရော၊ သရုပ် ဆောင်တစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့ နေခြည်ဦး ကတော့ လတ်တလောမှာ သူ့ရဲ့ မွေးနေ့မှာကောင်းမှုကုသိုလ်တွေနဲ့ ဖြတ် သန်းခဲ့တယ်လို့ သိရပါတယ်။ မွေးနေ့မှာ အလုပ်ကိစ္စကြောင့် ရန်ကုန်မှာ မရှိနိုင်တဲ့ အတွက် မွေးနေ့မတိုင်မီ အလှူအတန်းတွေ လုပ်ပြီး သူ့ရဲ့ Fan တွေနဲ့လည်း ဖြတ်သန်း ခဲ့တယ်လို့ သိရပါတယ်။ မွေးနေ့မှာ အလှူအတန်းမတိုင်မီ အရင်က အလှူ အတန်းတွေလုပ်ပြီး ဖြတ်သန်းဖြစ်ပုံ ကိုလည်း နေခြည်ဦးက ”နေခြည် မွေးနေ့ဆို အလှူကတော့ ပုံမှန် လုပ်ဖြစ်ပါတယ်။ အရင်နှစ်တွေက မတင်ဖြစ်ဘူး။ မတင်ဖြစ်တာက တစ်ပိုင်းပြီးတော့ အရင်နှစ်တွေက မိဘတွေက လုပ်ပေးတာများတယ်။

ဒီနှစ်ကျတော့ ကိုယ်ကိုယ်တိုင် ငွေအား ဒါနတစ်ခုထဲတင်မဟုတ်ဘူး။ ကိုယ်အား ဒါနရောပေါ့နော်။ အကုန်လုံး ပါချင်လို့ အလှူကို ဆက်တိုက်လေး လုပ်ဖြစ်တာပါ။ မွေးနေ့မှာလည်း ရန်ကုန်မှာ မရှိဘူးဆို တော့ မွေးနေ့ မတိုင်ခင်မှာ ကုသိုလ်ကောင်း မှုတွေ အများကြီးပါ။ မွေးနေ့မှာလည်း ရန် ကုန်မှာ မရှိဘူးဆိုတော့ မွေးနေ့ မတိုင်ခင် မှာ ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ဖြစ်တဲ့သဘောပါ။ ပြီးတော့ နေခြည့် မွေးနေ့မှာ နေခြည့်ရဲ့ စာအုပ်လေးတွေကို မဲဖောက်ပေးတယ်။ ကလေးတော်တော်များ များက နေခြည့်စာအုပ်ကို မသိကြဘူး။ ဒါပေ မဲ့ ကိုးတန်း၊ ဆယ်တန်းကလေးတွေ အတွက် ဒီစာအုပ်က အရေးကြီးတယ်။ သူတို့ကိုရှင်း ပြတော့ သူတို့ကလေ နေခြည်မဲဖောက်ပေးတဲ့ အချိန်မှာ မရတဲ့သူတွေရှိတော့ နေခြည်ဝမ်း နည်းတယ်။ မရတဲ့သူတွေပါ တစ်ခါ တည်း ပေးလိုက်တယ်။ ကလေးတွေကို ပေးရတာလဲ ပိုပြီးတော့ ကုသိုလ်ရ တယ်လို့ ထင်မိတယ်”လို့ ပြောပါတယ်။

မွေးနေ့မှာ ချစ်သူရဲ့ Suprise လက် ဆောင်ကြောင့် ပျော်ရွှင်ခဲ့ရတဲ့ အကြောင်းကို လည်း နေခြည်ဦးက…

”ကောင်လေးက မွေးနေ့ မှာ Suprise လုပ်ပေးတော့ ဝမ်းသာတာပေါ့ နော်။ ကိုယ့်အဖေလည်း ကိုယ့်ကိုယ် Suprise ပေးပါတယ်။ ကိုယ့်အဖေပေးတာ လည်း ထည့်ပေးရမယ်လေ။ မဟုတ်ရင် အဖေက စိတ်ကောက်နေဦးမယ်။ အဲဒီလိုမျိုး ဘာရယ်မဟုတ်ဘူး Suprise လုပ်ခံရတာကို ပျော်တယ်။ ကောင်လေးက မွေးနေ့မှာ ဘာ လိုချင်လဲလို့မေးတော့ အိတ်လိုချင်တယ်ပေါ့။ ဒါပေမဲ့ မဝယ်ပေးလည်းရတယ်။ နေခြည်ဘာ သာ နေခြည်ဝယ်လို့ရတယ်။ ဒါပေမဲ့ မွေးနေ့ မှာ ဒီလိုမျိုးလေး Suprise လုပ်ပေးတော့ ပျော်တာပေါ့”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here