တရုတ်အသံတူအောင် ထွန်းအိန္ဒြာဗို ဘယ်လိုလေ့ကျင့်ခဲ့ရလဲ

0
298

‘တရုတ်မလေးကိုချစ်တယ်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ လူမင်း၊ ခန့်စည်သူ၊ ခိုင်သင်း ကြည်တို့နဲ့အတူတူ လိုက်ဖက်ညီစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ကတော့ ထွန်းအိန္ဓြာဗိုပါ။ ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်ရုပ်ရှင်ဇာတ် ကားကြီးလည်း ဖြစ်ပါတယ်။ အခြား ဇာတ်ကားတွေထက် ကိုယ့်ထုတ်လုပ် ရေးက ထုတ်လုပ်တဲ့ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရတာက ပိုပြီး stress များတယ်ဆိုတာကို ထွန်းအိ န္ဓြာဗိုက…

”ကျွန်မတခြားကားတွေမှာ သရုပ်ဆောင်တာထက် ကိုယ်တိုင်ထုတ်လုပ်ရေးက ရိုက်တဲ့ဇာတ်ကားမှာ သရုပ် ဆောင်ရတာက တော်တော်ကွာခြားပါတယ်။ stress တွေက ဖော်ပြလို့မ ရဘူး။ ထုတ်လုပ်သူတစ်ယောက် ဘယ်လောက်ထိ ပင်ပန်းလည်း ဘယ်လောက်ထိ စိတ်ဒုက္ခရောက်ရတယ်ဆိုတာကို ကျွန်မကိုယ် ချင်းစာတတ်သွားပြီ။ တအားပင်ပန်းတယ်”လို့ ပြောပြခဲ့ပါတယ်။ ‘တရုတ်မလေးကို ချစ်တယ်’ ဇာတ်ကားရိုက်ကူးရင်းနဲ့ အမှတ် တရတွေရှိခဲ့တဲ့ အကြောင်းကိုလည်း . . .

”အမှတ်တရတွေ ကတော့ အများကြီး ရှိတယ်။ ပျော်စရာ တွေလည်း အများကြီးပါပဲ။ သူတို့နဲ့အတူတူ ရိုက်ကူးရတော့ တဝါးဝါး တဟားဟားပါ။ ဇာတ်ကားလေး ရိုက်ကူး ထားတာတစ်နှစ်ကြာပြီ။ ဒါပေမဲ့ ဟာသကားဆိုက တည်းက ကျွန်မအတွက် အခက်အခဲရှိ တယ်။ အဲဒီမှာ ပိုခက်တာက မြန်မာစကား ပြောတဲ့ တရုတ်မိသားစု၊ တရုတ်အသံဝဲ ပေးပါဆိုတဲ့ ဒါရိုက်တာရဲ့ ခိုင်းစေချက်က ရှိတော့ မနည်းကြိုးစားခဲ့ရပါတယ်။ တကယ်တမ်းကျတော့ ဒီဇာတ်ကား ရိုက်ကူး ပြီးသွားမှပဲ တရုတ်အသံဝဲတာ သေချာပိုင်နိုင် သွားတယ်။ အဲဒီဇာတ်ကား ထဲမှာတော့ သိပ်မပီပြင်ဘူးထင်တယ်” လို့ လည်းထွန်းအိန္ဓြာဗိုက ပြောပြခဲ့ပါသေး တယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here