အရင်တုန်းက ကိုကိုချစ်သီချင်းလို့ပြောလိုက်တာနဲ့ ပရိသတ်တွေ ပြေးမြင်မိကြတဲ့ အနုပညာရှင်ကတော့ ကော်နီပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ဆေးသီချင်လို့ပြောရင် ပိုသိကြမယ် ထင်ပါတယ်။ အနုပညာကို ချစ်တဲ့စိတ်နဲ့ဂီတရေစီးကြောင်းမှာ လှုပ်ရှားလာတာနှစ်ပေါင်း ၂၀ ကျော်ရှိလာပြီလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းက ချီးမြှင့်မယ့် Star Awards မှာ ရှပ်ရှင်ဇာတ်ဝင်တေးဆုပါ ပါဝင်လာတဲ့ အတွက် ၀မ်းသာမိတယ်ဆိုတာကို ကော်နီက…
“ရုပ်ရှင်ဇာတ်ဝင်တေးဆိုတာ ရုပ်ရှင်ဇာတ်ကားတစ်ကားနဲ့လိုက်ပြီးတော့ရေးရတဲ့သီချင်းမျိုးဖြစ်တယ်။ သီချင်းကြောင့်ဇာတ်ကားရဲ့ Tempo ကိုလည်း ပိုပြီးတော့ တတ်စေတယ်။ ဒီအတိုင်းဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို သုံးတာထက် ဇာတ်လမ်းနဲ့ လိုက်ဖက်မယ့် သီချင်းကိုရေးပြီးသုံးတာက ပိုကောင်းတယ်။ အခုလိုမျိုး Star Awards က ဇာတ်ဝင်တေးသီချင်းဆုပေးတဲ့ အတွက် ၀မ်းသာပါတယ်။ ဘယ်လိုနေရာကနေပဲဖြစ်ဖြစ်ဂီတနဲ့ပတ်သတ်တဲ့ဆုတွေပေးတဲ့အတွက်ပျော်လည်းပျော်တယ်ကျေးဇူးလည်းတင်ပါတယ်”လို့ပြောပြပါတယ်။
နိုင်ငံတော်အစိုးရက ရုပ်ရှင်ဘက်မှာ ဆုတွေ ချီးမြှင့်သလို ဂီတနဲ့ပတ်သတ်ပြီးတော့လည်း ဆုတွေချီးမြှင့်စေချင်တယ်ဆိုတာကိုလည်း…
“မကော်တို့ဂီတကို အခုနောက်ပိုင်း ဆုပေးတာတွေနည်းလာတယ်။ ရုပ်ရှင်ဘက်မှာလည်း အနုပညာသမားတွေက ကြိုးစားရသလို ဂီတဘက်မှာလည်း ဂီတပညာရှင်တွေက ကြိုးစားရတာပဲဂီတနဲ့ပတ်သတ်ပြီးဆုပေးတာဆိုလို့FM တွေက ပေးတဲ့ ဆုတွေဘဲရှိတယ်။ ဂီတမှာလည်း တကယ်တော်တဲ့ပညာရှင်တွေရှိတယ်။ နိုင်ငံတော်အစိုးရက ရုပ်ရှင်ဘက်မှာလည်း ဆုတွေပေးသလို ဂီတနဲ့ပတ်သတ်ပြီး အသိမှတ်ပြုပြီးဆုတွေလည်း ပေးစေချင်တယ်” လို့ ကော်နီက ပြောပြခဲ့ပါသေးတယ်။
ခိုင်ဝါ၀င်း၊
ဓာတ်ပုံ-အောင်ဇော်မင်း