ရက်ပါဒရိတ်က မက်ဒေါ်နယ်လ်ဆိုင်က ဝန်ထမ်းအမျိုးသမီး နှစ်ဦးကို မုန့်ဖိုးပေးတဲ့ ကိစ္စ အငြင်းပွားဖွယ် ဖြစ်နေ

0
136

မ ကြာ သေး တဲ့ ရက်ပိုင်း အတွင်း အဆိုတော် ကနေဒီယန်း ရက်(ပ်)ပါ ဒရိတ်က လော့စ် အိန်ဂျလိစ့်မြို့ မှာ ရှိတဲ့ မက်ဒေါ်နယ်လ် ဆိုင်က ဝန်ထမ်း အမျိုး သမီး နှစ်ဦးကို မုန့်ဖိုး ပေးခဲ့တယ်လို့ ဆိုပါ တယ်။ ဒီသတင်း ထွက် ပေါ်လာတဲ့ ဇန်နဝါရီ ၃ဝ ရက်မှာပဲ မက်ဒေါ်နယ်ဆိုင်ရဲ့ ကိုယ်စားလှယ် ဖြစ်သူက “ကျွန်တော်သေချာအောင် စုံစမ်းပြီးပါပြီ ဒရိတ်ပေးတဲ့ မုန့်ဖိုးက တစ်ယောက်ကို ငွေသားဒေါ်လာ တစ်ရာစီပါ။ တစ်သောင်းမဟုတ်ပါဘူး” လို့ ပြောဆိုလိုက် ပါတယ်။

ဇာတ်လမ်းက ဒီလိုပါ။ ခရစ်စ မတ်အလွန် သီတင်း ပတ်တစ်ခုမှာ လော့စ်အိန်ဂျလိစ့်မြို့က မက်ဒေါ်နယ်လ်ဆိုင် ကို ရောက်လာခဲ့တဲ့ ဒရိတ်က ဝန်ထမ်းအမျိုးသမီးနှစ် ယောက်ကို မုန့်ဖိုးဒေါ်လာတစ်သောင်းစီပေးခဲ့ တယ်ဆိုတဲ့ ပို့စ်တွေတက်လာခဲ့ရာက စခဲ့တာပါ။

အဲဒီဆိုင်ကို သူ့ရဲ့ သက်တော်စောင့်တွေနဲ့အတူ ရောက်ရှိခဲ့တဲ့ပုံ တွေ အတော်များများကတော့ အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ အဲဒီမှာတင် အွန်လိုင်းတွေပေါ်မှာ တကယ် ဟုတ်မဟုတ် အငြင်းပွားဖွယ်ရာ မှတ်ချက်တွေ ပေါ်လာခဲ့ပါတယ်။ ပရိသတ်အတော်များများကလည်း ဒေါ် လာတစ်သောင်း မဖြစ်နိုင်ဘူးလို့ ရေးထားကြသလို တချို့ တွေကြတော့လည်း မကြာသေးခင်ကမှ ဖရော်ရီဒါ မီးဘေး အတွက် အလှူငွေတွေ လှူ ဒါန်းထားခဲ့တဲ့ ဒရိတ်ဘက်ကနေ ရပ်တည်ပြောကြပါတယ်။

ဆိုခဲ့သလို သတင်းတွေ ထွက်ပေါ်အပြီး မက်ဒေါ် နယ်လ်ဆိုင်ရဲ့ ကိုယ်စားလှယ်က ENEWS မီဒီယာ ကို ပြောလိုက်တာကတော့ ဒေါ်လာ တစ်ရာစီပဲဖြစ်တယ်ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒရိတ်ဘက်ကတော့ ဘာမှတုံ့ပြန်ပြော ဆိုတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Ref;ENEWS


LEAVE A REPLY

Please enter your comment!
Please enter your name here