လွင့်

0
260

အဆိပ်တွေ ပျယ်ဖို့
ငါ့လက်ကောက်ဝတ်ကိုင်ဖိမိ
မထိတထိ အသိလေးနဲ့
မနက်ခင်းရဲ့ အဝေးကြီးကို ငေးရင်း
လွင့်ထွက်သွားတဲ့စိတ်ကို ဖမ်းဖို့
ငါ့ကိုယ်ငါ ရုန်းတယ်
မနိုးသေးတာလား
အိပ်မက်ထဲထပ်အိပ်ချင်တာလား
မနက်ခင်းတစ်ခုရဲ့ အလင်းရနံ့လေးထဲ
ငါ့ကိုယ့်ငါဆွဲအိတ်လိုက်တာ
ရင်ဘတ်ကြီးတစ်ခုလုံး လန့်နိုးခဲ့ရ . . . ။

ဆက်လျှောက်ဖို့ရှေ့မှာ ချောက်နက်နက်လား
ဝေ ဝါး စိုး ထိတ်
အတက်အကျမငြိမ်တဲ့စိတ်နဲ့
ငါ့ကိုယ်ငါ ထိန်းချုပ်ဖို့ ကြိုးစား
ခလုတ်ဆိုတာလည်း တိုက်ဖူးမှ နာတာ
လာပါ သွားပါ ကံကြမ္မာဟာ ဝတ္တရားအရ
ကံဆိုတာ မျက်နှာသာမလိုက်တတ်ဘူး
ယုံတယ်။

ချိုချိုဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here