အနုပညာပြီးတဲ့နောက် ဒုတိယဝါသနာကို အကောင်အထည်ဖော်လိုက်တဲ့ဇင်ဇင်ဇော်မြင့်

0
364

ရာဇဝင်ရိုင်းခဲ့သည် ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို နောက်တစ်ကြိမ်ထပ်မံရရှိလာသူကတော့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်ပါ။ အနုပညာအလုပ်ကို စလုပ်တဲ့ အချိန်တုန်းက မျက်လုံးပြာပြာလေးဆိုပြီး ပရိသတ်တွေ သတိထားမိကာ အားပေးမှုကိုရရှိခဲ့တဲ့ သရုပ်ဆောင် တစ်ယောက် လည်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ အနုပညာအလုပ်ရော၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုပါ လုပ်ကိုင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဖွင့်လှစ် ထားတဲ့ ZZ Gems and Jewellery ဆိုင်ရဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲကို ဇန်နဝါရီ လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ZZ Gems and Jewellery ဆိုင်ဖွင့်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ဇင်ဇင်ဇော်မြင့်က ”ဒီဆိုင်ဖွင့်ဖြစ်တာက မေလေးရဲ့ ဒုတိယဝါသနာပါ။ မေလေးရဲ့ဘဝမှာ မေလေးက အမြဲတမ်း စူညေ နဲ့ အလုပ်လုပ်တယ်။ မေလေး အသက်ဘယ်လောက်မှာ မေလေး ဘာလုပ်မယ်ဆိုတာကို မေလေးစိတ်ကူးရှိတယ်။ မေလေးအရင် တုန်းက ရုပ်ရှင်ရိုက်တယ်။ အသက်လေး နည်းနည်းရလာတဲ့အချိန်ကျတော့ ကိုယ့်ရဲ့ ဒုတိယဝါသနာက ဘာလဲဆိုတာကို စဉ်းစားတယ်။ စဉ်းစားလိုက်တဲ့အချိန်မှာ မေလေးက ကျောက်လေးတွေ ချစ်တယ်။ ကျောက်လေးတွေကို တန်ဖိုးထားတယ်။ အဲဒါနဲ့ ဒီဆိုင်လေးကို ဖွင့်ဖြစ်တာပါ”လို့ ပြောပြခဲ့ပါတယ်။

ဆိုင်မှာရှိတဲ့ ဒီဇိုင်းတွေက ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး လုပ်ထားတယ် ဆိုတာ ကိုလည်း…

”မေလေးက ဒီဇိုင်းကိုလည်း ဝါသနာပါတယ်။ မေလေးကိုယ်တိုင် လည်း jewellery ဒီဇိုင်း အဆန်းလေးတွေ ဝတ်ချင်တယ်။ သူများတွေနဲ့ ဒီဇိုင်းတူတာကို သိပ်မကြိုက်ဘူး။ အရင်ကတည်းက ဒီဇိုင်းကို ကိုယ်ကိုယ် တိုင်ထွင်ပြီး ဝတ်တယ်။ မေလေးကိုယ်တိုင်တောင် ဒီဇိုင်းအဆန်းတွေ ကြိုက်တယ်ဆိုရင် မေလေးရဲ့ မိတ်ဆွေတွေလည်း ဒီဇိုင်းအဆန်းလေးတွေ ကြိုက်မှာပဲဆိုပြီး ကိုယ့်ဟာ ကိုယ်ထွင်ပြီးတော့ ရောင်းဖြစ်တယ်။ မေလေးဆိုင် မှာရှိတဲ့ ပစ္စည်းတွေက အကန့်အသတ်နဲ့ပဲ ထုတ်ထားတာ၊ ဈေးနှုန်းလည်း သင့်တင့်မျှတပါတယ်” လို့ ဇင်ဇင်ဇော်မြင့်က ပြောပြခဲ့ပါတယ်။

မေလေးရဲ့ ပထမဆုံးထွင်တဲ့ ကိုယ်ပိုင်ဒီဇိုင်းလေးတွေကို ကြိုက်ကြတယ်။ ရောင်းလည်းရောင်းကောင်းတယ်။ နောက်ထပ်လည်း ဒီဇိုင်းသစ်တွေထပ်လုပ် ဖို့ အားဖြစ်စေတယ်။

မေလေးကို အနုပညာအလုပ် မှာလည်း အားပေးကြသလို စီးပွား ရေးဘက်မှာလည်း အားပေးကြတဲ့ မေလေးကို ချစ်တဲ့သူတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here