Star Awards ဆုပေးပွဲမှာ Theme Song Awards ပေးအပ်မယ့်အပေါ် တေးရေး ဝေကြီးရဲ့ အမြင်

0
552
လူငယ်တေးရေးဆရာ ဝေကြီး ကတော့ လက်ရှိအချိန်မှာ ရေပန်း အစားဆုံး တေးရေးဆရာ တစ်ယောက် ဖြစ်ပါတယ်။ သူရေးပေးတဲ့ သီချင်းတိုင်းနီးပါးလိုလိုက ပေါက်နေတော့ ဝေကြီးနဲ့ မရေးရင် မပေါက်တော့ သလိုတောင် ဖြစ်နေရတဲ့ အခြေအနေပါ။ ဝေကြီးအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ အတွက် လည်း သီချင်းတွေ ရေးပေးဖူးတာရှိတယ်လို့ သိရပါတယ်။
“တိမ်တိုက်တံတားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် Theme Song လေးရေးပေးခဲ့ဖူးတယ်။ အခုလက်ရှိလည်း ‘ပပ၀တီတရားစီရင်ခန်း’ ဆိုတဲ့ ကားပေါ့နော်။ ကိုဝိုင်းရိုက်တာ။ အဲဒီ ကားအတွက်ကိုလည်း Theme Song ရော၊ ဇာတ်ဝင် သီချင်းရော ရေးပေးထားပါတယ်။ ရုပ်ရှင်အတွက်ကကျတော့ အမှန်အတိုင်းပြောရမယ်ဆိုရင် မလွယ်ဖူးပေါ့နော်။ သူက စည်းနဲ့ ဘောင်ကြီးနဲ့ ရေးရတာများတယ်။ အဲဒီလိုမျိုးဆိုတော့ နည်းနည်းလေးတော့ ကြပ်တယ်။ သူက လွတ်လပ်မှုမရှိဘူး။ သာမန်ထက်ပိုတယ်။ ကျွန်တော်တို့ ပုံမှန်သီချင်းကျတော့ ရေးချင်သလိုရေးလို့ရတယ်။ ဆိုလိုတာကလွတ်လပ်တယ်။ ရုပ်ရှင်အတွက်ကကျတော့ ဇာတ်ညွှန်းတွေဘာတွေသေသေချာချာဖတ်ရတယ်။ အဲဒါမျိုးလေးတွေတော့ ကွာပါတယ်” လို့ ဝေကြီးက ပြောပါတယ်။ ဧပြီလ အတွင်း ကျင်းပမယ့် စာနယ်ဇင်းဆရာများ ချီးမြှင့်တဲ့ Star Awards ဆုပေးပွဲမှာ Theme Song Awards ပေးအပ်မယ့်အပေါ် တေးရေးဝေကြီးရဲ့ အမြင်က…
“ကောင်းတာပေါ့။ အရမ်းကောင်းတာပေါ့။ ဘာဘဲပြောပြော ဆုပေးမယ်ဆိုကတည်းက အနုပညာသမားတွေအတွက်က မှတ်တိုင်ပေါ့နော်။ အသိအမှတ်ပြုခံရတယ်လို့ ခံစားရတော့ ကောင်းပါတယ်။ ရုပ်ရှင်နဲ့ ပတ်သတ်ပြီး ပေးတယ်ဆိုတော့ ကျွန်တော်က အဲဒီလိုမျိုးလေးဖြစ်စေချင်တာ။ ပိုပြီးတော့ လုပ်ရတာလည်း အားတတ်တယ်။ ရုပ်ရှင်ဘက်ကပေးတယ်ဆိုလို့ရှိရင် ဂီတဘက်က ဥပမာ-အတီးသမားဆုတို့လိုမျိုး ပေးစေချင်တာပေါ့။ ကျွန်တော်တို့ဆိုလည်း ရုပ်ရှင်အတွက် လာအပ်လို့ရှိရင် ပိုပြီးတော့ ကြိုးစားချင်စိတ်ရှိတာပေါ့။ ကောင်းပါတယ်” လို့ ဝေကြီး ကပြောပြခဲ့ပါတယ်။
မျိုးမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here