စာအုပ်ကို နည်းနည်းဖွင့်ဖတ်ပြီး ပြန်ချထားလိုက်တယ်။ လူငယ်ဘဝ ကတော့ ငါဟာ ထမင်းမစား ဟင်း မစား စာအုပ်အနားမှာပဲ တစ်နေ ကုန်။ ခုလိုဆောင်းရက်တွေ ငါတို့မြို့ က ပွဲတော်ညဈေး စာအုပ်အဟောင်း ဆိုင်တွေမှာ လှည့်လည်။
ငါအပိုင် ဝယ်ယူခဲ့တဲ့ စာအုပ်တွေ။ နှစ်တွေ ကြာခဲ့ပြီ။ ငါတို့မှာ ပိုက်ဆံနည်းနည်း ကျန်သေးရင် ညကဖေးမှာထိုင်။ ငါ ဒီစာအုပ်ဖတ်မယ်။ မင်းဒီစာအုပ်ကို ဖတ်ကြည့်။ အဲဒီဇာတ်ဆောင်က ဒီ လိုပြောသွားတယ်။ ကျွန်တော့်ဘာ သာနေပါရစေတဲ့။ တရားဟောသင်း အုပ်ဟာ ပြန်လှည့်ထွက်သွားရ။ တက်ကြွလွန်းသူ၏ ကျဆုံးခန်းကို မျက်နှာဖုံးလုပ်ထား။
ပုလိပ်ရောဂါ ဟာ ကူးစက်ပြန့်ပွားနေ။ လူတွေတစ် ယောက်ပြီး တစ်ယောက်သေဆုံး သွား။ လဝန်းတရိပ်ရိပ် မြင့်တက်လာ။ ငါ့ရဲ့လူငယ်ဘဝ ညပါပဲ။ စာဖတ် တယ်ဆိုတာ ကမ္ဘာမြေထက် ငါတို့ ရောက်ရှိခဲ့ကြောင်း အမှတ်အသား ပါပဲ။ တန်းစီပြီး ဝတ်လစ်စလစ်ရေ ချိုးရ။
ပုလိပ်က လိုက်တော့ ထွက် ပြေးရ။ စွပ်ပြုတ်က ကျဲကျဲနိုင်ပေမယ့် ပူနွေးနေဆဲ။ စာရွက်ကို ဖြေးဖြေးလှန် ရ။ သူစိမ်းတစ်ယောက် ဖတ်ထားတဲ့ စာအုပ်။ စာကြောင်းအောက်မှာ မျဉ်းကြောင်းတွေ။ ကျွန်တော်ပြောပြ မယ်။ ကျွန်တော်အဲဒီစာအုပ်ကို ဖတ် ထားတယ်။ စာအုပ်ဟောင်းတွေဆီက ဝိဥာဉ်ရဲ့အနံ့ရ။ စာအုပ်ကို နည်းနည်း ဖွင့်ဖတ်ပြီး ပြန်ချထားလိုက်တယ်။
နေမျိုး