အချစ်​တွေနဲ့ ဖြတ်​သန်းနေရတော့ နေ့ရက်​တိုင်းက Valentine’s Day ပါပဲဆိုတဲ့သားဂန်းနဲ့ဘေဘီမောင်

0
194

သူတို့နှစ်​ယောက်​ကို မြင်​ရင် အမြဲတမ်းလိုလို အချစ်​တွေ ပြည့်​လျှံ နေတယ်​လို့ ထင်​ရတဲ့ အနုပညာရှင်​ ချစ်​သူနှစ်​ဦးကတော့ ဘေဘီမောင်​နဲ့ သားဂန်းပါ။ ချစ်​သူသက်​တမ်း ငါးလ ကျော်​ ခြောက်လထဲကို ဝင်​နေပြီလည်း ဖြစ်​ပါတယ်​။ တစ်​ယောက်​နဲ့ တစ်​ယောက်​ စိတ်​ဆိုး၊ စိတ်​ကောက်​ ရန်​ဖြစ်​ကြတာ သိပ်​မရှိဘဲ နားလည်​မှု ရှိ တဲ့ အချစ်​ရေးကို ပိုင်​ဆိုင်​ထားကြပါ တယ်​။ မကြာခင်​ အချိန်​အတွင်းမှာ လည်း Valentine’s Day နီးလာပြီ ဖြစ်​တဲ့ အတွက်​ Valentine’s Day နဲ့ ပတ်​သက်​တဲ့ ရင်​ခုန်​သံတွေကို မေး မြန်းကြည့်​တဲ့ အခါမှာတော့ ဘေဘီ မောင်​က …

‘ချစ်​သူများနေ့ ဆိုပြီး သီးသန့် သတ်​မှတ်​ထားတာတော့ မရှိဘူး။ နေ့ တိုင်း အချစ်​တွေနဲ့ ဖြတ်​သန်းနေရ တော့ နေ့ရက်​တိုင်းက ချစ်​သူများ နေ့ဖြစ်​နေတယ်​။ ဘေဘီလည်း အသက်​က ၂၇၊ ၂၈ ရှိပြီ။ တစ်​ခါမှလည်း သူများကို suprise မလုပ်​ဖူးဘူး။ ဝါသနာလည်း မပါဘူး။ ထူးထူးခြားခြား ro ဖို့ အစီအစဉ်​လည်း မရှိပါဘူး’ လို့ ပြောပြခဲ့ပါ တယ်​။

ဘေဘီမောင်​ကို ဘာကြောင့်​ ချစ်​မိတယ်​ ဆိုတာကိုလည်း သားဂန်း က…

‘မက တအားပွင့်​လင်းတယ်​။ စိတ်​ထဲမှာရှိတဲ့ အတိုင်းပြောတတ်​တယ်​။ မနဲ့ ကျွန်​တော်​နဲ့ ယှဉ်​ရင်​ မကို ကျွန်​တော်​က ပိုချစ်​တယ်​လို့ ထင်​တယ်​။ ပြီးတော့မက လှတယ်​။ အချစ်​ရေးမှာ စိတ်​ကောက်​တာလေး တွေရှိမှ ပျော်​ဖို့ကောင်းတာ။ မက တော့ တစ်​ခါတလေ စိတ်​ကောက်​တတ်​တယ်​။ ကျွန်​တော်​ကတော့ မကောက်​ဘူး။ နှစ်​ယောက်​စလုံး အနုပညာလုပ်​နေတဲ့ သူတွေဆိုတော့ အချိန်​တော်​တော်​များများမှာ တူတူ ရှိနေတယ်​။ တစ်ယောက်​အကြောင်း တစ်​ယောက်​ ပိုသိလာတော့ ပိုနား လည်​လာတယ်​။ မက ကျွန်​တော်​ကို တအား ဂရုစိုက်​တယ်​’ လို့လည်း ပြောပြခဲ့ပါတယ်​။

မင်္ဂလာဆောင်​ဖို့ အစီအစဉ်​နဲ့ ပတ်​သက်​ပြီး မေးမြန်းကြည့်​တဲ့အခါ ဘေဘီမောင်​က…

‘ဘေဘီတို့ နှစ်​ယောက်​စလုံးက မပြည့်​စုံဘူးလေ။ ကိုယ်​တွေ နှစ်​ယောက်​တည်း ဆိုရင်​ ပွဲအကြီးကြီး လုပ်​လို့ရတယ်​။ ဒါပေမယ့်​ ဘေဘီတို့ မှာ မိဘတွေရှိတယ်​။ ကိုယ့်အောက်​မှာ မောင်​နှစ်​မတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေရှိတယ်​။ သူတို့ စား ဝတ်​နေရေးကို ကိုယ်​တွေက ဖြည့်​ စည်းပေးနေတဲ့ အခါကျတော့ အကြီး ကြီး ဆောင်​လို့မရလောက်​ဘူး။ မင်္ဂ လာဆောင်​ကိုတော့ သူက ထားဝယ်​သားဖြစ်နေတော့ ထားဝယ်​လို တစ်​ခါ ဆောင်​မယ်​။ မြန်​မာ့ ရိုးရာအတိုင်း တစ်​ခါဆောင်​မယ်​။ ဒီလောက်​ပဲ လုပ်​ဖြစ်​မယ်​။ အခုတော့ ဆောင်​ဖို့ အစီ အစဉ်​က မရှိသေးဘူး။ ဘေဘီတို့ အလုပ်​တွေ ကြိုးစားဦးမယ်​။ ဆောင်​ဖြစ်​တော့မယ်​ဆိုရင်​လည်း ပရိသတ်​တွေကို ကြိုတင်​အသိပေးပါ့မယ်​’ လို့ ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း

ဓာတ်​ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here