ပရိသတ်တွေ ပေါကားလို့ ပြောကြတဲ့အပေါ် အကယ်ဒမီစိုးမြတ်သူဇာရဲ့သုံးသပ်ချက်

0
1539


အနုပညာ အလုပ်တွေလည်း လုပ်၊ စီးပွားရေးတွေ လည်း လုပ်ကိုင်ပြီး အမြဲတမ်း တည်တည်ကြည်ကြည် လေးနဲ့ ချောမောလှပနေသူကတော့ အကယ်ဒမီ စိုးမြတ် သူဇာပဲဖြစ်ပါ တယ်။ အနုပညာ အလုပ်တွေကို ယနေ့ အချိန်ထိ ကိုယ်ပါဝင်ရမည့် နေရာမှာ အကောင်းဆုံး သရုပ် ဆောင်နိုင်တဲ့ သူတစ်ယောက်အဖြစ် ပရိသတ် တွေက အသိအမှတ်ပြုထားခံရတဲ့ အမျိုးသမီးတစ်ဦးဆို လည်း မမှားပါဘူး။ ရုပ်ရှင်ရုံတွေမှာ ရုံတင်တဲ့ကားတွေ များလာတဲ့အချိန်မှာ တချို့ပရိသတ်တွေက ပေါကားတွေ လို့ ပြောကြတဲ့ အပေါ် အကယ်ဒမီ စိုးမြတ်သူဇာကို အခု လို မေးမြန်းခဲ့ပါ တယ်။

”ဒီလိုမျိုးပေါကားတွေလို့ တချို့ သူတွေက ပြောကြ တယ်။ မကြီး ပြောပြမယ်။ ကားတွေကို ကြည့် ကြည့်။ အနုပညာပိုင်းမှာ အားလျော့တယ်လို့ ပြောကြတယ်။ ခေတ်ကာလက မတူကြဘူးလေ။ ခေတ်တွေက ပြောင်းလာ တယ်။ မကြီးတို့ ငယ်ငယ်က တစ်မျိုး အခုကျတော့ တစ် မျိုးပေါ့။ အဲဒီလိုပဲ မကြီးတို့ခေတ်တွေ ပြောင်းလာသလို လူတွေရဲ့အကြိုက်ကလည်း မတူတော့ဘူး။ လူတွေက ပေါကားပေါကားလို့ ပြောကြတယ်။ ဒါပေမဲ့ မကြီးက တော့ တစ်ခါမှမတွေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ကားမျိုးတွေကိုကြိုက်တဲ့ ပရိသတ်က သီးသန့်ရှိတယ်။ အဲဒါကိုအနုပညာ သမားတွေက အဲဒါလေးကိုသိတယ်။အဲဒါကြောင့်မို့လည်း ရိုက်ပေးနေတာ။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းက ဘယ်တူပါ့မလဲ။ မကြိုက် ရင်တော့ မကြည့်ကြနဲ့ဒါပဲ ရှိတာပေါ့။ တစ်ခါတလေကျ ရင်မကြီးလည်း ပြောပြခဲ့ပါတယ်။ တချို့ကားတွေ မကြီး လည်း ပေါတောတောတွေ ပါကောင်းပါမယ်။ ဒါပေမဲ့ နားလည် ပေးစေချင်တယ်လို့။ တချို့ကားတွေ ကျတော့ မကြီးလူမှုရေးအရ ရိုက်ပေး လိုက်ရတာတွေရှိတယ်။ တစ်ခါတလေသိတယ်။ ကိုယ့်ဘာသာကိုယ် မရိုက်ချင် မှန်း။ ဒါပေမဲ့ အကြောင်းကြောင်းတွေ အမျိုးမျိုးကြောင့် လက်ခံလိုက်ရတဲ့ ကားတွေရှိတယ်။ မကြီးတို့ ရုပ်ရှင် အသိုင်းအဝိုင်းက နည်းနည်းလေး။ အနုပညာရှင် အချင်း ချင်း အပြန်အလှန်ကူညီမှ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ကိုယ်တွေလည်း နေနိုင်တာပေါ့။ အဲဒီတော့ အဲဒါလေး တွေကိုပဲ ပရိသတ်က နားလည်ပေးပါလို့ မကြီးပြောချင် တယ်။ အားတွေလည်း နာပါတယ်။ ခဏခဏ အားနာ ခိုင်းလို့ (ရယ်လျက်)” လို့ ပြောပါ တယ်။

ကိုယ်တိုင်စာတွေလည်း ရေး၊ စာဖတ်ရတာလည်း ဝါသနာပါတဲ့ သူ တစ်ယောက်အနေနဲ့ စာအုပ်ထပ် ထုတ် ဖို့ အစီအစဉ်ကော ရှိသေးလားလို့ မေးကြည့်တဲ့အခါမှာ တော့ စိုးမြတ်သူဇာက…

”မကြီး စာအုပ်ထွက်ဖို့တော့ အစီအစဉ် မရှိသေးဘူး။ လုပ်မယ် လုပ်မယ်ဆိုပြီးတော့ မအားတာနဲ့ပဲ မလုပ်ရဘူး။ စာအုပ်လည်း ရေးချင်ပါ တယ်။ အလုပ်တွေကလည်း မအားဘူး။ တခါတလေ ကလေးတွေကို လွှဲလွှဲချတယ်။ အချိန်တွေကလည်း ဘယ် လိုယူရမလဲလဲ မသိတော့ဘူး။ စာအုပ်ရေးမယ်ဆိုလည်း စိတ်က အရမ်းအရေးကြီးတယ်လေ။ စိတ်ကို လည်း လွတ်လွတ်လပ်လပ်ထားမှ။ ဒါပေမဲ့ မကြီးစာရေးရင်လည်း ဘယ် လောက်မှ မကြာဘူး။ ဒါပေမဲ့လည်း ရေးဖို့ကို အချိန်က မပေးနိုင်ဖြစ်နေတယ်။ စာရေးဖို့တစ်လလောက် အ ချိန်ဖယ်မယ်။ အချိန်ပေးပြီး ရေးမယ်ပေါ့။ ဒါပေမဲ့ လည်း ဒါက မဖြစ်နိုင် တာ ဘယ်လိုလုပ်တစ်လလောက် ရမှာလဲပေါ့။ အဲဒီလိုမျိုးအကြောင်းတွေ ပြပြီး မရေး နိုင်တာပေါ့” လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here