မန္တလေးပရိသတ်တွေနဲ့အတူမွေးနေ့ကိတ်ခွဲခဲ့တဲ့ထွန်းကိုကို

0
1285


ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုက ဖေဖော်ဝါရီလ ၂ ရက်က မန္တလေးမြို့၊ Skywalk Shopping Mall @ Blazon Department Store တွင် ကျင်းပတဲ့ Left & Right Women Clothing Brand ဆိုင်သစ်ဖွင့်ပွဲမှာ မန္တလေးပရိသတ်များနဲ့ မွေးနေ့ကိတ်ခွဲပြီး ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။

”ဒီနေ့က မန္တလေးက L&R ဆိုင်ဖွင့်ပွဲကိုလာတာပါ။ ကျွန်တော် မွေးနေ့ကို ရန်ကုန်မှာပဲ လုပ်လိုက် တယ်။ ရန်ကုန်က ပရိသတ်တွေနဲ့ ကိတ်ခွဲတာတွေ လုပ်လိုက် တယ်။ ဒီပွဲမှာ ကျွန်တော်ရဲ့မန္တလေးက ပရိသတ်တွေ လည်း လာတဲ့အတွက် ကိတ်ခွဲတဲ့ အစီအစဉ်လေးကို ထည့်လိုက်တာပါ” လို့ ထွန်းကိုကိုက ပြောပါတယ်။

အဲဒီနေ့ မွန်းလွဲပိုင်းတွင် ထွန်း ကိုကိုနှင့် ထွန်းကိုကို ချစ်ကြသူများ၏ကုသိုလ်အဖြစ် အမရပူရမြို့နယ် ဋ္ဌ မှန် တန်းရပ်ကွက် ဋ္ဌ တိုးချဲ့ (၃)တွင် အမှီခို အထောက်အပံ့ မရှိပဲ တစ်ဦး တည်း နေထိုင်လျက်ရှိသော အသက် ၈၂ နှစ်အရွယ် အဘွားဒေါ်လှစီအား အဝတ်အထည် အစားအသောက်များနှင့် အလှူငွေ ၁ သိန်းအား သွား ရောက်လှူဒါန်းကန်တော့ခဲ့ကြောင်း သိရပါတယ်။

သတင်း၊

ဓာတ်ပုံ – ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here