Valentine’s Day နှင့် သူတို့ရဲ့ ဖြတ်သန်းမှု (၂)

0
235

Valentine’s Day လို့ သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတော့ မကြာခင်မှာ ရောက်ရှိ လာမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ချစ်သူစုံတွဲတွေ အနေနဲ့ တစ်ဦးနှင့် တစ်ဦး အမှတ်တရ လက်ဆောင်တွေ ပေးကြရင်း ပျော်ရွင်စွာ ဖြတ်သန်းကြတဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။ အနုပညာရှင်တွေ အနေနဲ့လည်း ဒီနေ့လေးမှာ ဘယ်လိုတွေဖြတ်သန်းခဲ့ကြလည်းဆိုတာ မေးမြန်းတင်ဆက်ပေးလိုက်ရပါတယ်။

အမွန်း အသက် ၁၃ နှစ်ကနေ ၁၄ နှစ် ပြည့်ခါနီး အချိန်မှာပေါ့။ ဆယ်ကျော်​သက်အရွယ် ဆိုတော့ ရည်းစားစာတွေ ဘာတွေ စပြီးရတဲ့အချိန်။ အဲဒီတုန်းက အမွန်းကို နှင်းဆီပန်းတွေ အများကြီးထဲမှာ ပို့စကဒ်လေးနဲ့ ချောကလက်​တချို့ ထည့်ပြီးတော့ လက်ဆောင် လာပေးတာ ရခဲ့ဖူးတယ်။ အဲဒါကလည်း အမှတ်တရပါပဲ။ ရေးထားတဲ့ ရည်းစာစာလေးက ချစ်ဖို့ကောင်းလို့ ခုထက်ထိ မှတ်မိနေတာ။ ရေးထားတာလေးက ကျွန်တော့်ကို နည်းနည်းလေးပဲ ချစ်ပါ။ အကြာကြီးတော့ ချစ်ပါနော်လို့ ရေးထားတယ်။ ချစ်သူများနေ့ဆိုတာ သမီးရည်းစားတွေပဲ ချစ်ရမယ်လို့ အမွန်းကတော့ မယုံကြည်ဘူး။ ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်း၊ ကိုယ်ချစ်တဲ့သူ အကုန်လုံးကို ချစ်လို့ရတဲ့နေ့လို့ထင်တယ်။ အမွန်းကတော့ အဲဒီနေ့ကို အလုပ်တွေနဲ့ပဲ ဖြတ်သန်းဖြစ်မယ်။

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

နေ့တိုင်းကတော့ ကျွန်တော်တို့ အတွက်​ Valentine’s Day ပါပဲ။ မနှစ်​က Valentine’s Day တုန်းကလည်း မျက်နှာပြင်များ ရုပ်ရှင်ဇာတ်ကား ရုံတင်ဖို့ အလုပ်ရှုပ်နေတယ်။ ဒီနှစ်လည်း မြို့ပြမုဆိုး ရုပ်ရှင်​ဇာတ်ကား ရုံတင်ဖို့ အလုပ်ရှုပ်နေတယ်။ ဒါပေမယ့် အဲဒီနေ့မှာ သူ့ကို ပျော်အောင်ထားတယ်။ သူလိုချင်တယ်​ဆိုတဲ့ အရာလေးတွေ သူမသိအောင်​မှတ်ထားပြီး အမှတ်တရ ပေးဖြစ်တယ်။ Valentine’s Day က သူ့အပေါ်မှာ ကိုယ်ဘယ်လောက်ထိ ချစ်လည်း ဆိုတာကို အသိအမှတ်ပြုတဲ့ နေ့တစ်နေ့လို့ ထင်တယ်။ သူကလည်း ကျွန်​တော်​မထင်ထားတဲ့ Surprise လေးတွေ အဲ့နေ့မှာ လုပ်ပေးတယ်။

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

V Day လက်ဆောင်ကတော့ ချစ်သူရှိတဲ့ နှစ်တွေဆိုရင်ရတယ်။ မရှိတဲ့ နှစ်တွေ ဆိုရင်မရဘူး။ ချစ်သူရှိတဲ့ နှစ်တွေ ဆိုရင်တော့ သူနဲ့ အတူတူ တစ်ယောက်နဲ့ တစ်ယောက် လက်ဆောင်တွေ ပေးရင်း ပျော်ပျော်ပါးပါး ဖြတ်သန်းပါတယ်။ မရှိတဲ့ နှစ်တွေဆိုရင်တော့ တစ်ယောက်တည်းပဲ အိမ်မှာပဲ ဖြတ်သန်း ဖြစ်တယ်။ ဒီနှစ်ကတော့ V Day ကို တစ်ယောက်တည်းပဲ ဖြတ်သန်းမှာပါ။ ချော့ကလက်ကတော့ ကိုယ်ရတဲ့ နှစ်တွေဆိုရင် အိမ်မှာ မောင်လေးကို ပေးတယ်။ မရတဲ့ နှစ်တွေဆိုရင် မောင်လေးဆီကနေ ပြန်တောင်းတယ်။ ပြီးတော့ တူမလေးလည်း ရှိတော့ တူမလေးကို ချော့ကလက် ကျွေးတယ်။ အဖေ့ကို ချော့ကလက် ကျွေးတယ်။ ပျော်ပျော်ပါးပါးပဲ ဖြတ်သန်း ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here