စိတ္တဇအတွေး…

0
271

တိမ်တွေကိုခိုစီးပြီး
မြေကြီးကို ငုံ့ကြည့်မယ်။
မြေကြီးနဲ့ ငရဲကြားက
စစ်ငွေ့များကို
အားရပါးရ ရှုမယ်။
ဘဝဟာ ဘာလဲ
ပန်းတစ်ဖက် ခေါင်းတစ်ဖက်လား
သူ့လိုခေါ်တဲ့
ဆယ်ပြည့် ဖဲတစ်ချပ်လား
လုပ်ချင်ရာ လုပ်လို့ရတဲ့
ဂျိုကာဆိုတဲ့ကောင်လား
မီးခွက်စောင့်တဲ့ ဘီလူးလား။
အများအားဖြင့်တော့
အခွင့်အရေးကို မမက်မော
ရွှေကြောတွေကို မရှာ
သစ်တောများစွာကို
ခိုးမရောင်း
မဲပေါင်းများစွာနဲ့
လက်ညှိုးထောင်ခိုင်းတာမလုပ်
လောကကို ပုစ္ဆာပဲထုတ်ချင်တယ်
သံသရာပခြုပ်ထဲမှာပဲ
မြွေပွေးတစ်အုပ်ကို ထားချင်တယ်။

တမ်းတမ်းတတ


LEAVE A REPLY

Please enter your comment!
Please enter your name here