မဟူရာရုပ်ရှင်ရုံ ၂ဝ၁၉ ထဲမှာ ရုံတင်ပြသဖို့များတယ်ဆိုတဲ့နေတိုး

0
322

အကယ်ဒမီသရုပ်ဆောင်နေတိုးကတော့ လတ်တလောမှာ ဒါရိုက် တာ ပွင့်သိင်္ဂီဇော်ရိုက်ကူးနေတဲ့ ”မြက်နု” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကို သရုပ်ဆောင်ဝတ်မှုံရွှေရည်နဲ့အတူ ရိုက်ကူးနေတယ်လို့ သိရပါ တယ်။ အကယ်ဒမီသရုပ်ဆောင်နေတိုးဟာ အနုပညာနဲ့ပတ်သက်ရင် ဝါသနာကြီးပြီး သူဖန်တီးလိုက်တဲ့ အနုပညာတိုင်းဟာလည်း အမြဲ တမ်း သေသပ်လှပနေမြဲဖြစ်ပါတယ်။ အိန္ဒိယမင်းသ မီးနဲ့ ရိုက်ကူး ထားတဲ့ မဟူရာရုပ်ရှင်ရုံကလည်း ပရိသတ်တွေ ရုံတင်ဖို့ စောင့်ဆိုင်းနေရ တဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ၂ဝ၁၉ ခုနှစ်ထဲမှာ မဟူရာ ရုပ်ရှင်ရုံဇာတ်ကား ရုံတင်ဖို့ ဖြစ်လာနိုင်မလားလို့ မေးကြည့်တဲ့အခါ မှာတော့ နေတိုးက…

”မဟူရာရုပ်ရှင်ရုံကတော့ ၂ဝ၁၉ ထဲမှာ ရုံတင်ဖြစ်ဖို့ များပါတယ်။ ရက်ကတော့ မသိရသေးဘူးပေါ့နော်။ ဒါပေမဲ့ အဲ့ဒီဇာတ်ကားလေး ၂ဝ၁၉ ထဲမှာသာ ပရိသတ်ဆီကို ပထမဦးဆုံးရောက်လာတဲ့ ဇာတ် ကားဖြစ်မလားဆိုတော့ စောင့်မျှော်နေရတာပေါ့။ ရုံတင် ပြသရေးစနစ်တွေကလည်း ကျွန်တော်တို့ ပြသရ မယ့် ရုပ်ရှင်ဇာတ်ကားကို လျှို့ဝှက်ထားတာတွေ ရှိနေတယ်ဆိုတော့လည်း ကျွန်တော်တို့ သရုပ် ဆောင်တွေအနေနဲ့ ဘယ်ရက်၊ ဘယ်အချိန် ပြဖို့ဆိုတာကတော့ ခက်ပါတယ်”လို့ ပြော ပါတယ်။

၂ဝ၁၉ ထဲမှာ အနုပညာပိုင်းနဲ့ ပတ် သက်ပြီး ဇာတ်လမ်း၊ ဇာတ်ကွက်တွေ ဘယ်လိုမျိုး ထူးထူးခြားခြားလုပ် သွားဖို့ရှိလဲ လို့ မေးကြည့်တဲ့အခါမှာတော့ နေတိုးက…

”၂ဝ၁၉ မှာ ကျွန်တော် ထွေထွေထူး ထူး ပြောင်းလဲလိုက်တာတော့ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ၂ဝ၁၈ ထဲမှာ ကျွန်တော့်အနေနဲ့ ကိုယ်ကိုယ်တိုင် ကလည်း မကောင်းဘူးဆိုတာ သိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ပြင်ချင်ခဲ့တယ် ပေါ့နော်။ အဲ့ဒီလိုမျိုး ကိုယ်တိုင် ကိုယ့် ရဲ့ စိတ်ခံစားမှုတွေရော၊ ကိုယ့်ရဲ့ အကျင့်တွေရော ၂ဝ၁၉ ထဲကို မပါ လာနိုင်အောင် အတတ်နိုင်ဆုံး ကျွန်တော့်အနေနဲ့ ပြောင်းလဲဖို့ ကြိုး စားနေတယ်ပေါ့နော်။ ကြိုးလဲကြိုးစား လို့ အောင်မြင်ခဲ့တာတွေရှိတယ်။ ဇာတ်လမ်း၊ ဇာတ်ကွက်တွေနဲ့ ပတ် သက်ပြီး ကြိုးစားနေတဲ့ အပိုင်း တွေလည်း အများကြီးရှိပါတယ်” လို့ ပြောပါတယ်။

မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲနဲ့ပတ်သက်ပြီး အကယ်ဒမီရဲ့ခံစားချက်ကို မေးကြည့်တဲ့အခါမှာတော့ နေတိုးက…

”အကယ်ဒမီနဲ့ ပတ်သက်ပြီး အဲ့ဒီလိုမျိုးကြီး မျှော်မှန်းထားတာတော့ မရှိပါဘူး။ ဇာတ်ကားတွေ ကလည်း အကုန်ကောင်းပြီး သရုပ်ဆောင်တွေကလည်း အကုန်တော်တဲ့အတွက် တော် တဲ့သူရမှာပါ” လို့ နေတိုးက ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here