စတုတ္ထမြောက်အခွေ ထွက်ရှိတော့မယ့်နီနီခင်ဇော်

0
633

မာရီယို၊ အနီရောင်၊ ယူ သီချင်းခွေသုံးခွေကို ထုတ်နိုင်ခဲ့ပြီး အခြားအခွေများမှာလည်း အားပေးသူ ပရိသတ်များစွာ ရရှိပိုင်ဆိုင်ထားသူက နီနီခင်ဇော်ပါ။ သီချင်းခွေသုံးခွေကို အောင်မြင်စွာထုတ်နိုင်ခဲ့ပြီး လေးခွေမြောက် အခွေထွက်ရှိဖို့ ပြင်ဆင်နေတဲ့ အကြောင်းကို နီနီခင်ဇော်က…

“နီနီ လေးခွေမြောက်အခွေကို ပြင်ဆင်နေပါတယ်။ အဲဒီအခွေကိုလည်း နီနီအသံသွင်း နေပါတယ်။ ၅ လပိုင်းလောက် ပရိသတ်လက်ထဲရောက်အောင် နီနီ ကြိုးစားနေပါတယ်။ အခွေနာမည်လေးလည်း ပေးထားပြီးပါပြီ။ ဒါပေမဲ့ မပြောပြသေးဘူး။ ဘာလို့လဲဆိုတော့ ဒီကြားထဲမှာနီနီ အလှကုန်က Products အသစ်ထွက်စရာလေးလည်းရှိတော့ ပရိသတ်တွေ မှတ်ရမှာများနေလို့ပါ။ ပြီးတော့ဒီနှစ် ၁ဝ လပိုင်းမှာလည်း နီနီ Show လုပ်ဖို့ ရှိပါ တယ် ပြောပြခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရတာ မလွယ်ကူတဲ့ အကြောင်းကိုလည်း စီးပွားရေးလုပ်ရတာ မလွယ်ဘူးဆိုတော့ နီနီ တော်တော် သဘောပေါက်လာပါတယ်။ ဝန်ထမ်း Management အပိုင်းတွေလည်း အများကြီးလုပ်ရတယ်။ အဲဒါကတော့ နီနီအတွက် အတွေ့အကြုံအသစ် တစ်ခုပါ။ နီနီရဲ့ Brand ကတော့ စီးပွားဖြစ်လုပ်တဲ့ Brand မဟုတ်ဘူး။ တကယ်ကို နီနီကို ချစ်တဲ့ ပရိသတ်တွေ၊ အထူးသဖြင့် မြန်မာလက်ရာကို စိတ်ဝင်စားတဲ့သူတွေ၊ နီနီ Products ဆိုလည်း နိုင်ငံခြား သားတွေ စိတ်ဝင်စားကြတယ်။ အဲဒီလိုမျိုးတွေအတွက် နီနီ ရည်ရွယ်ပြီး ထုတ်တာပါ။ နီနီ တအားကြိုးစားထားတာလေ။ စီးပွားရေးသမားလည်းမဟုတ်ဘူး။ အနုပညာကြေးနဲ့ပဲ ဒီ ပစ္စည်းလေးတွေကို ထုတ်တာဆိုတော့ ပရိသတ်ကအားပေးတဲ့ အတွက်လည်း ကျေးဇူးအများကြီးတင်တယ်လို့ ပြောပြခဲ့ပါ သေးတယ်။ City FM မှာ ဆုရရှိခဲ့တာက ပရိသတ်တွေ တောင်းပေးလို့ နီနီဆုရတာပါ။ ဆုရတဲ့အတွက်လည်း ဝမ်း သာတယ်။ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင် ပါတယ်”လို့ ပြောပြခဲ့ပါသေးတယ်။

“ဂျပန်မြန်မာပွဲတော်မှာ မိုရီဆာကီဝင်းနဲ့ အတူတူ သီချင်းတွဲဖက်ပြီး ပရိသတ်တွေကိုဖျော်ဖြေခဲ့ပါသေးတယ်။ မိုရီဆာကီဝင်းရဲ့အကြောင်းတွေကိုလည်း နီနီခင်ဇော်က နီနီ ဂျပန်မြန်မာပွဲတော်မှာ ဖျော်ဖြေလာတာ ၅ နှစ် ဆက်တိုက်ရှိပါပြီ။ နှစ်တိုင်းဆိုသလို ပါဝင်ဖျော်ဖြေရတဲ့ အတွက်လည်းပျော်တယ်။ ဂျပန်မြန်မာပွဲတော်မှာ မိုရီ ဆာကီဝင်းနဲ့အတူတူ နီနီ သီချင်းတစ်ပုဒ်ဆိုခဲ့တယ်။သူက နီနီနဲ့ ဆိုရင် သက်တူရွယ်တူပါ။ ဒါပေမယ့် နီနီထက် နည်းနည်းလေးကြီးတယ်။ သူက active အရမ်းဖြစ် တယ်။ ပျော်ဖို့ကောင်းတယ်။ ပရိသတ်တွေအရှေ့မှာတင် ပျော်စရာကောင်းအောင်နေတာမဟုတ်ဘူး။ အချိန်တိုင်း၊ စက္ကန့်တိုင်း ပျော်ဖို့ကောင်းအောင်နေတတ်တယ်။ သူ့ကို ကြည့်ရင် Positive ဖြစ်တယ်။ နီနီလည်း အဝင်းကို ကြည့်ပြီးတော့ အားကျတယ်”လို့ နီနီခင်ဇော်က ပြောပြခဲ့ ပါသေးတယ်။

ခိုင်ဝါဝင်း ၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here