ချစ်သူသက်တမ်းကြာလာပြီဖြစ်တာကြောင့်နှစ်ယောက်သားပိုနားလည်လာပြီဆိုတဲ့ အောင်မြင့်မြတ်တို့စုံတွဲ

0
274

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ အောင်မြင့်မြတ်ကတော့ နားလည်မှု အပြည့်အဝရှိတဲ့ Relationship တစ်ခုကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ချစ်သူသက်တမ်းက ကြာပြီဆိုပေမယ့် အခုအချိန်အထိအမြဲတမ်းလိုလို ကြင်ကြင်နာနာ ရှိကြတဲ့ စုံတွဲလည်းဖြစ်ပါတယ်။ နားလည်မှုရှိကြတဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အောင်မြင့်မြတ်က…

”သူနဲ့ကအခုအရမ်း အဆင်ပြေလာတယ်။ ရန်မဖြစ်တာ တော်တော်ကြာပြီ။ အဆင်ပြေ နေတယ်။ ရန်မဖြစ်တော့အလုပ်ပိုလုပ်ဖြစ်တယ်။ အလုပ်ပိုလုပ်ဖြစ်တယ်ဆိုတာက ရန်မဖြစ်တော့ သူ့ကို မချော့ရတော့ဘူး။ အလုပ်တွေရှုပ်လာတာကြောင့်လည်း ပါတယ်။ ရန်ဖြစ်ရတာလည်း မောနေပြီ။ ရန်ဖြစ်ချင်ရင်ရင်တောင်မှ အလုပ်ကိစ္စနဲ့ ရှုပ်နေတော့ရန် မဖြစ်နိုင်တော့ဘူး”လို့ ပြောပြပါတယ်။

Valentine Day နဲ့ ပတ်သက်ပြီးတော့လည်းအောင်မြင့်မြတ်က…

” Valentine Day နဲ့ ပတ်သက်ပြီးတော့ ထူးထူးခြားခြားတော့မရှိဘူး။ နှစ်ယောက်လုံးကလည်းအလုပ်တွေနဲ့ ရှုပ်နေ ကြတာ။ ဠေူနညအငညနီပေ ကို အရင်ရက်တွေ အတိုင်းပဲ ဖြတ်သန်းဖြစ်မှာပါ။ သိပ်ပြီး Suprise တွေမလုပ်ဖြစ်လောက်ဘူး” လို့လည်း ပြောပြပါတယ်။Valentine Day နဲ့ ပတ်သက်ပြီး အောင်မြင့်မြတ်ရဲ့ချစ်သူ အိမီမီကိုကလည်း ”အစ်မက ချော့ကလက်စားချင်ရင် ဒီအတိုင်းပဲဝယ်စား လိုက်တယ်။ Valentine Day ဆိုပြီး ဝယ်ကျွေးတာတော့မရှိဘူး။ အစ်မတို့ကနေ့တိုင်းတွေ့ဖြစ် နေတာများတော့ ထူးထူးထွေထွေတော့ ဘာမှလုပ်ဖို့ မရှိဘူး”လို့ပြောပြပါတယ်။

Valentine Day က ချစ်သူများမှ မဟုတ်ဘဲ ကိုယ်ချစ်တဲ့ သူငယ်ချင်း၊ မိသားစုတွေ အတွက် အထိမ်းအမှတ်နေ့လေးပဲဖြစ်ကြောင်းကို ”ချစ်ကြတာကောင်းပါတယ်။ အကုန်လုံး ချစ်ချစ်ခင်ခင်ရှိကြပါ။ တစ်ယောက်နဲ့ တစ်ယောက်နားလည် ပေးပြီးရှေ့လျှောက် ပိုမိုကောင်း မွန်အောင် လက်တွဲကြပါ။ ချစ်သူသက်တမ်းတွေလည်းကြာနေပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့နားလည်လာ ကြပြီ။ အများကြီးလည်းနားလည်လာပြီ”လို့ အိမီမီကိုက ပြောပြပါတယ်။ နှစ်ယောက်တွဲပြီး ခရီးသွားချင်တယ်ဆိုတာကိုလည်းအောင်မြင့်မြတ်က…

”ခရီးကတော့ အမြဲတမ်းထွက်ဖြစ်တယ်။ သူကလည်းသူ့အလုပ်နဲ့အမြဲတမ်းလိုလိုနယ် ထွက်နေရတယ်။ ကျွန်တော်ကလည်း ကျွန်တော့်အလုပ်ကိစ္စနဲ့ နယ်ထွက်နေရတယ်။ အလုပ် မရှိဘူးဆိုရင်တောင်မှ Actor Star အမေ အသင်းနဲ့ ဘောလုံးသွားကန်ဖြစ်တယ်။ အမြဲတမ်းတော့ ခရီးက အတူတူထွက်ဖြစ်တယ်။ တစ်ခါလောက်တော့ အလုပ်မရှိဘဲနဲ့ သူငယ်ချင်းတွေစုပြီး သူနဲ့အတူတူခရီး သွားဦးမယ်” လို့လည်း ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here