ခင်ပွန်းဖြစ်သူက ရစေချင်တဲ့ အကယ်ဒမီဆုနဲ့ ပိုင်ဖြိုးသု ရဲ့ ထပ်ဆင့်အကယ်ဒမီရင်ခုန်သံ

0
689

၂ဝ၁၈ ခုနှစ်ရဲ့ နောက်ဆုံးလတွေမှာ ရုံတင်ဖြစ်ခဲ့တဲ့ ‘မီ’။ ပိုင်ဖြိုးသုရဲ့ ‘မီ’။ ဒါရိုက်တာ ဏကြီးရဲ့ ‘မီ’။ ဆရာမကြည်အေးရဲ့ ‘မီ’ ဖြစ်ခဲတဲ့ ‘မီ’ ရုပ်ရှင် အကယ်ဒမီစာရင်းဝင်လေတော့ ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရင်ခုန်သံက ဘယ်လိုရှိလေမလဲ။ ‘မီ’နဲ့ ပတ်သက်ပြီးတော့ ရိုက်ကူးခဲ့သူ ပိုင်ဖြိုးသုရဲ့ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီး ကိုယ်တိုင်က ”ရိုက်ကူးမှုမှာ သူကိုယ်တိုင် တစ်ရာရာခိုင်နှုန်း ကျေနပ်မှုမရှိခဲ့ပါဘူး၊ သို့သော် သုသုက တော့ တစ်ရာရာခိုင်နှုန်း သရုပ်ဆောင် ကောင်းခဲ့တယ်။ သုသု ကို မီနဲ့ အကယ်ဒမီရစေချင်ပါတယ်”လို့ ပြောထားတယ်။ ပိုင်ဖြိုးသုကကော . . .

”သူကတော့ သုသုကို အမြဲတမ်း အကောင်းပဲပြောတဲ့သူလေ (ပြုံးလျက်)။ ကိုယ်ငါးချဉ်ကိုယ်ချဉ်တာပေါ့နော်။ နောက်ပြီး တော့ သုဘဝမှာ အရင်ကတည်းက ကိုယ့်ကိုယ်ကိုယ်အိုက်တင် နဲ့ပဲ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ Career နဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ သုကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်တဲ့အချိန်မှာသူက အမြဲတမ်း သုကို အားတက်အောင် ပြောပေးခဲ့တဲ့သူ။ အမြဲတမ်း အားရှိအောင် တစ်ခုမဟုတ်တစ်ခုအားပေးစကား တွေပြောပေးခဲ့တဲ့သူဆိုတော့ အခုလည်း သူက သုကို အကောင်းတွေပဲ မြင်ပေးတာပေါ့” လို့ ကျေနပ်ပီတိ တွေနဲ့ မှတ်ချက်စကားဆိုပါတယ်။ ဒါဆို ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရင်ခုန်သံကကော ဘယ်လိုရှိမလဲဆို တော့ …

”သုသုက အမြဲတမ်းပဲလေ။ ဘယ်အရာပဲဖြစ်ဖြစ် ကြိုပြီးမမျှော်လင့်ထားတတ်ဘူး။ ဘာဖြစ်လို့လဲဆို တော့ ဘယ်အရာပဲဖြစ်ဖြစ်ကြိုပြီး မျှော်လင့်ထားလိုက် လို့ရှိရင် မရလာရင် စိတ်ညစ်ရတယ်လေ။ သုသုပြော ချင်တာက သုဘဝမှာ သုက အကောင်းတွေချည်းပဲ မမျှော်လင့်ထားတတ်ဘူး။ ဖြစ်လာတဲ့အပေါ်မှာပဲ ပျော်စရာရှိရင်ပျော်တယ်။ ဝမ်းနည်းစရာရှိရင် ဝမ်း နည်းလိုက်တယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here