တရုတ်ဈေးကွက်ကို ထိုးဖောက်နိုင်ရင် မြန်မာ့ရုပ်ရှင်အများကြီး တိုးတက်သွားမယ်လို့ ဒါရိုက်တာ ညီညီထွန်းလွင်ပြော

0
264


ယခင်ကထက်လက်ရှိ ရုပ်ရှင် လောကက အရည်အသွေး ပိုင်းဆိုင်ရာမှာ ပိုမိုကောင်းမွန်လာပြီး နိုင်ငံတကာရုပ်ရှင် ပြိုင်ပွဲတွေမှာ သွားရောက်ယှဉ်ပြိုင်ရင်တောင်ရလောက်တဲ့ အနေ အထားမျိုးတွေ ဖြစ်လာနေပြီလို့ ဒါရိုက်တာညီညီထွန်းလွင်က ပြောပြပါတယ်။

”အားလုံးကကြိုးစားလာကြပြီ။ လူငယ်တွေကတော့ အများကြီး တိုးတက်တယ်။ ဦးညီတို့လက်ထက်နဲ့ သိပ်မတူတော့ဘူး။ တချို့လူငယ်တွေဆိုရင် ရုပ်ရှင်ပညာကို နိုင်ငံခြားမှာတင် သင်လာကြတာ လေ။ သူတို့ရိုက်တဲ့ပုံစံတွေကလည်း နိုင်ငံခြားက ပုံစံတွေ သူတို့ရိုက်လာကြတယ်။ အသံစနစ်တို့ Edittingတို့ ဘာတို့ကလည်း နိုင်ငံခြားအထိသွား လုပ်ကြတာလေ။ အဲဒီတော့အဆင့်က တအားမြင့် လာတယ်။ အဲဒါကြောင့် အခုနောက်ပိုင်းရိုက်တဲ့ သရဲကား တွေဘာတွေဆိုရင် ကြည့်ရတာ အရသာ ပိုရှိလာတာပေါ့။ နည်းနည်းလည်းအဆင့်မြင့် လာတယ်။ ပြီးတော့ ပရိသတ်ကလည်းမြင့်လာတယ်။ ပရိသတ်ကလည်း ဘယ်ကားကောင်းတယ်၊ မကောင်းဘူးဆိုတာ သူတို့ကလည်းသိလာကြတယ်။ ပိုက်ဆံရကောင်းရမယ်။ ဒါပေမဲ့အရည်အသွေးက မြင့်ချင်မှ မြင့်မှာလေ။ တချို့ကားတွေကြတော့လည်း ပိုက်ဆံ ရချင်မှရမယ်၊ အရည်အသွေးကမြင့်တယ် လေ။ဘာပဲပြောပြောရုပ်ရှင်ကတော့ တော်တော် ကြီးကိုတိုးတက်လာတယ်” လို့ ပြောင်းလဲလာ တဲ့ရုပ်ရှင်လောကနဲ့ပတ်သက်လို့ ဒါရိုက်တာညီ ညီထွန်းလွင်က ပြောပါတယ်။

ရုပ်ရှင်လောကမှာ ပြသတဲ့စနစ်မှာတင် အုပ်စုကြီးနှစ်စုအပြိုင်အ ဆိုင်ဖြစ် ပေါ်လာတယ်လို့ သူ့အနေနဲ့မြင်ပြီး အရင်တုန်း ကဆိုရင် ဇာတ်ကားကောင်းကောင်းမကောင်းကောင်း ရုံ စေ့တင်လို့ရပြီး အခုကတော့ ဟိုဘက်အုပ်စု ဒီဘက် အုပ်စုဆိုပြီး အုပ်စုကြီးနှစ်စုပြိုင်နေတယ်လို့ ပြောပြ ပါတယ်။

”ရုံကိုက ဟိုဘက်အုပ်စုမှာရ မလား၊ ဒီဘက်အုပ်စု မှာရမလားပေါ့။ အဲဒီတော့တစ်ပတ်တစ်ကားတင်ရင် တောင် တစ်လရှစ်ကားလေ။ တစ်နှစ်ဆိုရင် ၉၆ကားဖြစ် နေပြီလေ။ အရင်တုန်းကဆိုရင် အကယ်ဒမီစာရင်း ဝင် ဇာတ်ကားက ၁၄ကား ၁၅ ကား လောက်ပဲရှိတာလေ။ ဒီနှစ်ဆိုရင် အကယ်ဒမီစာရင်းဝင်ကားက ၈၃ကား ရှိနေပြီ။ အခုလာမယ့်နှစ်ဆိုရင် ၁ဝဝ နီးမယ်လို့ပြော နေတယ်။ ပြီးတော့ ပြိုင်ဆိုင်မှုလည်းပြင်းထန်လာတယ်။ အဲဒီတော့ တော်တော်လေးလည်း ရုပ်ရှင်သမားတွေက ကြိုးစားမှရမယ်။ ပြီးတော့ပြည်တွင်းလောက်ကိုပဲပြဖို့ မဟုတ်ဘဲ နိုင်ငံတကာအထိ သွားပြနိုင်အောင် ကြိုးစား ရင်တော့ ပိုကောင်းတယ်။ အထူးသဖြင့် တရုတ်ဈေး ကွက်ကို ဝင်အောင်ရိုက်နိုင်ရင်တော့ မြန်မာ့ရုပ်ရှင် အများကြီးတိုးတက်သွားမယ်” လို့ ရုပ်ရှင်လောက တိုးတက်ဖို့အတွက် ဒါရိုက်တာညီညီထွန်းလွင်က အကြံ ပြုစကားပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here