ပရိသတ်တွေနဲ့ မိသားစုဆန်တဲ့ ပွဲလေးတွေ လု ပ် သွား ဖို့ ရှိ ပါ တ ယ် ထွန်းထွန်း

0
140

tuntun1-copy

‘လေးပါးကျော့်ရှိန် ဝရဇိန်’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်မှာဖြစ်တဲ့ ထွန်းထွန်းက အခု လို သရုပ်ဆောင်အင်အား များများနဲ့ ရိုက်ကူးဖို့အတွက် ထုတ်လုပ်သူ များက စိတ်ဝင်စားလာကြတာမို့  စိတ်လှုပ်ရှားရသလို ဝမ်းလည်း ဝမ်း သာရကြောင်း ပြောပါတယ်။

ဒီဇာတ် ကားကို ဂေါ်ရင်ဂျီကျွန်းမှာ သွား ရောက်ရိုက်ကူးရမှာဖြစ်ပြီး လို ကေးရှင်းအသစ်တွေကို ပရိသတ်တွေ မြင်တွေ့ခံစားရမှာဖြစ်   ကြောင်းကို ထွန်းထွန်းက..

“နယ်မှာ လိုကေးရှင်းအသစ်၊ မြင်ကွင်းအသစ်တွေနဲ့ ရိုက်ကူးခွင့် ရမှာဖြစ်တဲ့အတွက် ပရိသတ်တွေ ကြည့်တဲ့အခါ အသစ်တစ်ခုကို ထပ်ပြီး ခံစားရမှာပါ။ အခုလိုမျိုး စုစုစည်းစည်းသွားကြတယ်ဆိုတော့ တာဝန်လည်းကြီးတယ်။ အဓိကတော့ ပရိုဂျူဆာနဲ့ ဒါရိုက်တာပေါ့။ သူတို့ တွေရိုက်ကူးရေးအချိန်တွေကို မကြာ မြင့်အောင် တည်ဆောက်ကြမယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒါရိုက် တာစိတ်ကြိုက် အကောင်းဆုံး ကြိုး စားသရုပ်ဆောင်သွားမှာပါ။ ဒီဇာတ် ကားအတွက် ထွေထွေထူးထူး ပြင်ဆင် ရတာတော့ မရှိပါဘူး။ ဇာတ် ရုပ်က လည်း သာမန်ထက်ကွဲ ထွက် တဲ့ပုံစံ မျိုးမဟုတ်ဘူး” လို့ ပြောပါတယ်။

ထွန်းထွန်းကနောက်ထပ်လည်း ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖို့ လက်ခံထားပြီး သူ့ရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ် ရုပ်တော် တော်များများကို လက်ခံရိုက်ကူးဖြစ် ကြောင်း ပြောပါတယ်။ လက်ရှိ မှာ တော့ ဇာတ်ကား ရိုက်ကူးမှုဘက်ကိုပဲ အချိန်ပေးဖြစ်ေ နပြီး အဆိုပိုင်းကို တော့ မလှည့်ဖြစ်သေးဘူးလို့ ထွန်း ထွန်းက ဆိုပါတယ်။ ထွန်းထွန်းရဲ့ ရိုက်ကွင်းတွေ၊ဇာတ်ကား ကန်တော့ ပွဲတွေကို သူ့ရဲ့We Love Tun Tun (Examplez) အဖွဲ့သားတွေက အမြဲလာလေ့ရှိပါတယ်။ သူ တို့တွေက သူ့ရဲ့အားဆေးပါပဲလို့ဆိုတဲ့ ထွန်းထွန်း က.. “ကျွန်တော်အလုပ်ပြန်လုပ်ဖြစ် တဲ့ အချိန်မှာ ကျွန်တော် အလုပ် ပြန်မလုပ်ဖြစ်တဲ့ အချိန်ကတည်းက မျက်စိဒေါက်ေ ထာက်ကြည့်ပြီး ဒီ ပရိသတ်တွေက အားပေးကြတယ်။ အခုတော့ အင်အားပိုပြီးတောင့် တောင့်လာတယ်။ ကျွန်တော်လည်း အလုပ် လုပ်ရတာ ပိုပြီးဝမ်းသာတယ်။ ကျွန်တော့်ဇာတ်ကား ကန်တော့ပွဲ လည်း သူတို့လာချင်တယ်ဆိုရင် ကျွန်တော်ခေါ်တယ်။ ဒီကြား ထဲမှာ We Love တွေ့ဆုံ ပွဲ ဆိုပြီးတစ်လတစ်ခါ ကျွန်တော့် စီးရီးခွေ ထွက်ထားတဲ့ ၃ဝ ရက် နေ့မှာ အဲဒီနေ့လေးကို အမြဲ တွေ့ဖို့ လုပ်ထားပါ တယ်။ နောက်ပိုင်းမှာ မိသား စု ဆန်တဲ့ပွဲလေးတွေ ပါ လုပ်ဖို့ရှိပါ တယ်” လို့ ပြော ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here