ဗိုလ်ချုပ်ရုပ်ရှင်မှာ မိတ်ကပ် Special effect ပိုင်းနဲ့ ပတ်သက်လို့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ့် ကိုအောင်ကျော်ထွန်း

0
145

ဗိုလ်ချုပ်ရုပ်ရှင်မှာ မိတ်ကပ် Special effect ပိုင်းနဲ့ပတ်သက်လို့ တာဝန်ယူလုပ်ဆောင်ပေးသွားမယ့် သူကတော့ ကိုအောင်ကျော်ထွန်းပဲ ဖြစ်ပါတယ်။ ကိုအောင်ကျော်ထွန်း ဆိုတာကတော့ ပန်းချီ၊ပန်းပု ပညာ ရှင်တစ်ဦးလည်းဖြစ်သလို ဗိုလ်ချုပ် အောင်ဆန်းရဲ့ ပုံတူပန်းပုတွေကို မြန် မာနိုင်ငံအနှံ့ ထုလုပ်ပေးခဲ့တဲ့ ပညာ ရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အ ပြင်သူဟာ မိတ်ကပ် Special effect ပိုင်းနဲ့ပတ်သက်လို့လည်း ရုပ် ရှင်ကားကြီးတွေမှာ ပြုလုပ်ပေးခဲ့ ပါတယ်။ ဒီအတွေ့အကြုံတွေနဲ့ ဗိုလ် ချုပ်ရုပ်ရှင်မှာ အကောင်းဆုံး ဖြစ် အောင် လုပ်ဆောင်ပေးသွားမယ်လို့သူကပြောလာပါတယ်။

”သူတို့ရွေးချယ်ထားတဲ့ဗိုလ်ချုပ် ကိုမှ အတတ်နိုင်ဆုံးနဲ့ အနီးစပ် ဆုံးတူအောင် ထပ်မံပေါင်းစပ်ပြီး တော့ လုပ်ပေးရမယ်။ တခြားသော ဇာတ်ကောင်ဖြစ်တဲ့ အာဇာနည် ပုဂ္ဂိုလ်တွေရှိမယ်။ ဦးနုတို့၊ သခင် သန်းထွန်းတို့ရှိမယ်။ သူတို့တွေကို လုပ်ပေးရမယ်။ ဇာတ်ဝင်ခန်းတွေအ ပေါ်မူတည်ပြီး မိတ်ကပ်Special effectပိုင်းနဲ့ပတ်သက်လို့ ပုံတူလုပ် ပေးရမယ်ပေါ့။ ပြီးတော့ဝယ်ယူလို့ မရတဲ့ အဲဒီခေတ်တုန်းက ပစ္စည်း တွေကို ပြန်လုပ်ယူပေးရမှာတွေရှိ ပါတယ်” လို့ သူလုပ်ဆောင်ပေးရမှာနဲ့ ပတ်သက်လို့ ကိုအောင်ကျော်ထွန်း ကပြောပါတယ်။ ဝေဖန်မှုတွေများ စွာရှိနေတဲ့ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ် သက်လို့ သူ့အနေနဲ့ကတော့ သူပါ ဝင်လုပ်ဆောင်ပေးရတဲ့အပိုင်းမှာ အ ကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်ဆိုတာ အာမခံပြီး ကမ္ဘာမှာ မြန်မာကလို့ ချပြနိုင်ရအောင်လို့ ကြိုး စားသွားမှာဖြစ်ကြောင်း ပြောပါ တယ်။

”အဓိကတော့ ဗိုလ်ချုပ်ရုပ် ရှင် သည် အလှရုပ်ရှင် မဟုတ်ပါ။သဘာ ဝရုပ်ရှင်ဖြစ်ပါတယ်။ အဲဒီတော့ သဘာဝတွေကို ဖန်တီးတတ်တဲ့ ကျွန်တော့်ရဲ့ မိတ်ကပ်တွေနဲ့ သဘာဝ အကျဆုံးဖြစ်အောင် ဖန်တီးမှာ ပါ။ ရှင်းရှင်းပြောရရင် ဆင်းရဲသား အခန်းမှာ နှုတ်ခမ်းနီမဆိုးအောင် တော့ ကျွန်တော်ကြိုးစားပေးမှာပါ” လို့ ကိုအောင်ကျော်ထွန်းကပြော ပြပါတယ်။

ကိုအောင်ကျော်ထွန်းအနေနဲ့ လက်ရှိမှာတော့ တောင်ဒဂုံမြို့နယ် မှာ ပန်းပုရုပ်ထုများ ထုလုပ်ရန်အ တွက် အလုပ်ရုံတည်ဆောက်ထားပြီး ပန်းပုရုပ်ထုများအပြင် ခြေရာ၊ လက် ရာများကို အမှတ်တရ သိမ်းထားချင် တဲ့သူတွေအတွက်လည်း ပြုလုပ်ပေး လျက်ရှိနေပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here