အကယ်ဒမီ စာရင်းဝင် ဇာတ်ကားများကို အကဲဖြတ် အဖွဲ့မှ ဒုတိယအဆင့် အနေနဲ့ စတင်ကြည့်ရှုနေပြီဖြစ်ကြောင်းသိရ

0
151

အကယ်ဒမီအကဲဖြတ်အဖွဲ့ အနေနဲ့ ၂ဝ၁၈ခုနှစ်အကယ်ဒမီ စာရင်း ဝင်ဇာတ်ကားများကို ကြည့်ရှု အကဲဖြတ်နေတာအခုအချိန်မှာတော့ ပထမအကြိမ် ကြည့်ရှုမှုပြီးစီးသွားပြီလို့သိရပါတယ်။ ဖေဖော်ဝါရီလ ၈ရက်နေ့မှစတင်ပြီး ပထမအကြိမ် တုန်းက ရွေးထားတဲ့ဇာတ်ကားတွေကို ဒုတိယအကြိမ်ပြန်ကြည့်သွားမှာဖြစ် ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး ကပြောပြပါတယ်။

”ဒီနှစ်ထူးခြားတာက အရင်နှစ် တွေတုန်းက ရွေးချယ်ရေးအဖွဲ့က ၇ ဖွဲ့ရှိတယ်။ဒီနှစ်ကကျတော့ ဇာတ် ပို့ဇာတ်ရံအတွက် တစ်ဖွဲ့သပ်သပ် ထပ်ထည့်ပေးထားတယ်။ အစကကျ တော့ အဓိကသရုပ်ဆောင်ကနေပဲ ဇာတ်ပို့ဇာတ်ရံကိုလည်းသူပဲပေးတာ၊ အဓိကသရုပ်ဆောင်ကိုလည်း သူပဲ ပေးတာပါ။ ဒီနှစ်ကဇာတ်ပို့ဇာတ် ရံအတွက် ထပ်ထည့်ပေးထားတော့ အားလုံး၈ဖွဲ့ရှိတယ်။ နောက်တစ်ခု ပြောင်းလဲမှုကဘာလဲဆိုတော့ ရုံတင် တဲ့ကားတွေမှာ ဟိုမြို့မှာ ၄၊၅ရက် လောက်ပြလိုက်ပြီး အကယ်ဒမီ စာရင်းဝင်သွားတယ်။ အခုအဲဒီလို မျိုးမရတော့ဘူး။ တရားဝင်ပြသညှိ နှိုင်းနဲ့ ညှိပြီး ရုံတင်လိုက်တော့မှ ရုံတင်ကားကိုပဲ အကယ်ဒမီစာရင်းဝင်မယ်။ အရင်နှစ်တွေနဲ့ကွာ သွား တယ်။ အခုတချို့လူတွေက ပြောနေကြတယ်။ ကျွန်တော်တို့က ဘယ်မြို့မှာ ရုံတင်ထားတယ်။ အကယ် ဒမီစာရင်းကျတော့ မပါဘူးဆိုပြီးတော့ပေါ့။ ပြသညှိနှိုင်း ကနေ တရားဝင်ပြတဲ့ကားတွေကိုပဲ ဒီမှာအကယ်ဒမီ ကြည့်တာပါ။ ပြတဲ့ကားတွေကိုတော့ ညံ့သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ အကယ်ဒမီဘုတ်အဖွဲ့ အနေနဲ့ တန်းတူညီ တူကြည့်ရမယ်” လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးကရှင်း ပြပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများအတွက် အကဲဖြတ်ပေးရန် စံချိန်စံညွန်း များနဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်စာအုပ်ကို တစ်အုပ်လျှင် ကျပ်၂၅ဝဝနဲ့ဖြန့်ချိ လိုက်ပြီပဲဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖြန့်ချိလိုက်ခြင်းကလည်း ရုပ်ရှင်လောကသားများနဲ့ အတူ ပြည်သူတွေပါ သိရှိစေလိုတဲ့ရည်ရွယ်ချက်တွေ ကြောင့်ပဲဖြစ်ကြောင်းသိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here