ကာရိုက်တာတိုင်းကို အံဝင်ခွင်ကျဖြစ်အောင် အမြဲတမ်းကြိုးစားနေတယ်နေခြည်ဦး

0
203

Beauty Blogger နေခြည်ဦး ဆိုတာနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ ဘယ်လို မိတ်ကပ်အပြင် အဆင်တွေနဲ့ မြင်ရမလဲ။ ဘယ်လိုဖက်ရှင်အလန်းစားတွေနဲ့ မြင်ရမလဲ။ ဘယ်လို သရုပ်ဆောင်မှုတွေနဲ့ မြင်ရမလဲဆိုတာ ပရိသတ်တွေက အမြဲ တမ်း စိတ်ဝင်စားနေ မြဲဖြစ်ပါတယ်။ နေခြည်ဦးက Beauty Blogger အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာတဲ့အချိန်ကစ ပရိသတ်အားပေးမှု ရရှိ လာခဲ့သလို သရုပ်ဆောင်ပိုင်းကို ကူးလာတဲ့အခါမှာလည်း ပရိသတ်တွေရဲ့ အား ပေးမှုကို ရရှိခဲ့ပါတယ်။

၂ဝ၁၈ မှာလည်း ‘ရန်သူ’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ် ရဲ့ ရင်ထဲကို ရောက်ရှိလာပြီး ၂ဝ၁၉ မှာကော ဘယ်လိုကာရိုက်တာမျိုးနဲ့ ပရိသတ် ရင်ထဲ ရောက်ဖို့ ကြိုးစားချင်လဲလို့ မေးကြည့်တဲ့အခါမှာတော့ နေခြည်ဦးက ”နေခြည် ဒီ ၂ဝ၁၉ မှာ ဇာတ် ကားတွေကတော့ မေ၊ ဇွန်လလောက်ထိ သုံးကား လောက်တော့ ပြောထားတယ်။Confirm တော့ မဖြစ်သေးပါဘူး။ ဒါပေမဲ့လာတဲ့ ဇာတ်ကားလေး တွေ အကုန်လုံးကလည်း ကိုယ်ကိုယ်တိုင် ကြည့်ချင်တဲ့ ကားမျိုး လေးတွေပဲ လက်ခံထားတာဖြစ်တဲ့ အတွက်လည်း အရမ်းဝမ်းသာပါတယ်။

အဲဒီ ကားထဲမှာဆိုရင် နေခြည်နဲ့ သရုပ်မဆောင်ဖူးသေးတဲ့ စီနီယာအစ်မတွေ၊ အစ်ကို တွေနဲ့ သရုပ်ဆောင်ရမှာဆိုတော့ တော်တော်လေးအနုပညာပိုင်းမှာ ကိုယ်ချပြနိုင် သလောက် ချပြနိုင်မယ်လို့နေခြည် ယုံကြည်ပါတယ်။ နေခြည်ကလေ ရုပ်ရှင် တစ်ကား ကြည့်ပြီးတိုင်း စိတ်ထဲမှာလေ အမြဲတမ်း ငါဆိုရင်ရော ဘယ်လိုလေး လုပ်လို့ရမလဲဆိုပြီး အမြဲတမ်းတွေးတယ်။

နေခြည်ရိုက် ချင်တဲ့ကားမျိုးလေးတွေက လူငယ် ကားလေးတွေ ပိုဆန်တယ်။ နေခြည် ရုပ်ရှင် ကြည့်လိုက်ရင် ရိုမန့်တွေများ တယ်။ ဒရာမာတွေ များတယ်ပေါ့နော်။ ဒီကားတွေကကျတော့ ကြည့်တဲ့ပရိသတ် တွေ အတွက်လည်း ရင်ထဲမှာထိတယ်။ ဟာသလည်းများတယ်။ နေခြည်က လူငယ်လည်း ဖြစ်တော့ လူငယ်တွေကြည့်လို့ရမယ့် ကားလိုမျိုးလေး တွေဆိုတော့ နေခြည်သာ ဒီလိုမျိုး ပရိုဂျူဆာပဲ လုပ် ရရ၊ နေခြည်သာ ကိုယ့်ရဲ့ဇာတ်လမ်းလေးတွေ ပြသ လို့ရရင် လူငယ်တွေကြားထဲမှာ ဖြစ်နေတဲ့ ချစ်ခြင်း မေတ္တာတွေ၊ ဗန်း စကားတွေနဲ့ လူငယ်တွေ ပြောပုံ၊ ဆိုပုံ၊ နေထိုင်ပုံတွေကို ပိုပြီးချပြလို့ရ မယ့် ကားမျိုးကို ပိုပြီး ရိုက်ချင်တယ်။ ကိုယ်တိုင်တော့ ပရိုဂျူဆာလုပ်ဖို့ အစီအစဉ်မရှိ သေးပါဘူး”လို့ ပြောပါတယ်။

သဲစုလှိုင်၊

ဓာတ်​ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here