ချစ်​သူများနေ့မှာ စေ့စပ်​ပွဲပြုလုပ်​ခဲ့ကြတဲ့သူရိယနဲ့ဆုအိမ်​စံ

0
325

ပရိသတ်​တွေ အားပေးမှုကို ရရှိထားတဲ့ အနုပညာရှင်​ ချစ်​သူ နှစ်​ဦးဖြစ်​တဲ့ သူရိယနဲ့ ဆုအိမ်​စံတို့ကတော့ ဖေဖော်​ဝါရီလ ၁၄ ရက်​နေ့ (ချစ်​သူများနေ့) မှာ စေ့စပ်​ပွဲကို ပြုလုပ်​ခဲ့ကြပါတယ်​။ ပရိသတ်​များစွာလည်း မျှော်လင့်​မထားကြ တဲ့အတွက်​ အကုန်​လုံး အံ့သြသွားခဲ့ကြပါတယ်​။ ချစ်​သူများနေ့မှာ စေ့စပ်​ပွဲပြုလုပ်​ဖြစ်​တာနဲ့ ပတ်​သက်​ပြီး ဆုအိမ်​စံကို မေးကြည့်​တဲ့အခါမှာ…

”အဓိကတော့ ဆုဆု ဖြစ်​ချင်​တဲ့အတိုင်း သူကိုယ်​တိုင်​ရော၊ သူ့မိဘတွေကပါ လုပ်​ပေးတဲ့အတွက်​သူ့ ကိုရော၊ သူ့ မိသားစုကိုရော ကျေးဇူးအများကြီးတင်​ပါတယ်​။ စေ့စပ်​ပွဲက ကျင်းပ ဖို့ စီစဉ်​ထားတာ အစောကြီးကတည်းက စီစဉ်​ထားတာ၊ မပြောပြဖြစ်​တာ ပဲရှိတာ ပါ။ တကယ်​လုပ်​ဖြစ်​တဲ့ အချိန်​ကျမှ တကယ်​ စေ့စပ်​လိုက်​ပြီဆိုပြီး ပြောပြချင်​တာပါ ” လို့ ပြောပြခဲ့ပါတယ်​။

ကိုယ်​ချစ်​တဲ့ သူနဲ့ စေ့စပ်​လိုက်​ရတဲ့ အတွက်​ ပျော်​ပါတယ်​ဆိုတာကိုလည်း သူရိယက…

”စေ့စပ်​ပွဲက နှစ်​ဘက်​မိဘတွေကို တိုင်​ပင်​ပြီးတော့ ဒီစေ့စပ်​ပွဲလေးကို လုပ်​ဖြစ်​တာပါ။စေ့စပ်​ပွဲတုန်းက ဝတ်​တဲ့ ဝတ်​စုံက လည်း နှစ်​ယောက်​တိုင်​ပင်​ပြီးဝတ်​ဖြစ်တယ်​။ ရှေ့လျှောက်​ ပြီးတော့လည်း အနာဂတ်​အတွက်​ ဆွဲထားတဲ့ plan တွေ အများကြီးရှိတယ်​။ ကိုယ်​ချစ်​တဲ့ သူနဲ့အတူ စေ့စပ်​လိုက်​ရတဲ့ အတွက်​လည်း ပျော်​တယ်” လို့ ပြောပြခဲ့ပါသေး တယ်​။ မင်္ဂလာဆောင်​ဖို့အစီအစဉ်​နဲ့ ပတ်​သက်​ပြီးတော့လည်း ဆုအိမ်​စံက ”သူ့ ကိုတွဲကတည်းက ဆုဆု သူ့ကိုယုံကြည်​ပြီးတော့ တွဲခဲ့တာပါ။

စေ့စပ်တယ်​၊ မင်္ဂလာ ဆောင်​တယ်​ဆိုတာကလည်း သူက ဆုဆုကို တန်​ဖိုးထားတယ်​။ သူ့လိုပဲ သူ့ မိဘတွေကလည်း ဆုဆုကို တန်​ဖိုးထားကတယ်​။ စိတ်​ချမ်းသာအောင်​ထားကြ တယ်​။ မစေ့စပ်​ခင်​အချိန်​တုန်းကလည်း သူ့မိဘတွေက ဆုဆုကို လာတောင်းရမ်း ကြတယ်​။ မိသားစုနှစ်​ခုကနေ တစ်​ခုဖြစ်​သွားတယ်​။ မိသားစုနှစ်​ခုလုံးကလည်း ပျော်​ဖို့ ကောင်းကြတယ်​။ မင်္ဂလာဆောင်​ဖို့အတွက်​က စီစဉ်​ထားတာတွေရှိပါ တယ်​။ နီးရင်​ အကုန်​လုံးကို ပြောပြမှာပါ”လို့လည်း ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here