ဒုတိယမြောက်​ အခွေထွက်​ရှိဖို့ ခင်​ပွန်းဖြစ်​သူ လင်းလင်းကအများကြီး ပံ့ပိုးကူညီခဲ့တယ်​ဆိုတဲ့ ချစ်​သုဝေ

0
253

သရုပ်​ဆောင်​ အလုပ်​နဲ့ ပရိသတ်​တွေ ချစ်ကြသလို အဆိုဘက်​မှာလည်း ပရိသတ်​တွေ အားပေးကြတဲ့ အနုပညာ ရှင်​ကတော့ ချစ်​သုဝေပါ။ အဆိုတော်​ လင်းလင်းနဲ့ ဖူးစာပါပြီး အခုအချိန်​မှာ မေမြန်​မာခေတ်၊ မေမြန်​မာသစ်​ဆိုတဲ့ အမြွှာသမီးလေးနှစ်​ယောက်​ကို ပိုင်​ဆိုင်​ရရှိထားတဲ့ အိမ်​ထောင်​ရှင်​မကောင်း တစ်​ယောက်​လည်းဖြစ်​ပါတယ်။ သူ့ရဲ့ ပထမဆုံး Album ထွက်​ရှိပြီး ၈ နှစ်​အကြာမှာ ဒုတိယမြောက်​ Album ဖြစ်​တဲ့ ကတိ Album ကို ပရိသတ်​တွေ လက်​ထဲ အရောက်​ပို့ပေးလိုက်​ပြီ ဖြစ်​ပါတယ်​။ ဒုတိယမြောက်​ အခွေလေးထွက်​ရှိဖို့ ကြိုးစားခဲ့ ရတာနဲ့ ပတ်​သက်​ပြီး ချစ်​သုဝေက…

”ဒီအခွေလေးထွက်​ရှိဖို့က မလွယ်​ကူခဲ့ဘူး။ တအိအိနဲ့ ဆိုပြီး နေလာလိုက်​တာ ကိုယ်​ဝန်​ရှိသွား၊ သမီးလေး နှစ်ယောက်​အနားလေးမှာ နေလာလိုက်​တာ နည်းနည်းကြာသွားတယ်​။ သမီးလေးနှစ်​ယောက်​နဲ့ တော်​တော်​လေးကို ရုန်းကန်​ပြီးတော့ သီချင်းသွင်းတာတွေ လုပ်​ခဲ့ရတော့ ဒီအခွေလေးက ထရီဇာ့အတွက်​ တန်​ဖိုးမဖြတ်​နိုင်​ဘူး။ ထရီဇာ့ရဲ့ ဘဝအချိုးအကွေ့တစ်​ခုမှာ ထရီဇာ ကလေးနှစ်​ဘက်​နဲ့ ရအောင်​ကြိုးစားပြီး လုပ်​လိုက်​နိုင်​တဲ့ အခွေလေးဖြစ်​ပါတယ်​” လို့ ပြောပြခဲ့ပါတယ်​။

ခင်​ပွန်းသည်​ဖြစ်​သူ လင်းလင်းက အခွေထွက်​ရှိဖို့ အများကြီးပံ့ပိုးပေးခဲ့တယ်​ဆိုတာကိုလည်း ”ဒီအခွေမှာ ကိုလင်းရဲ့ ပံ့ပိုးမှုက အများကြီးပါတယ်​။ ကိုလင်းက အကုန်​လုံးပဲ Music Arrangement တွေ လုပ်​တယ်​။ ဒီကတိ Album လုပ်​ရင်းနဲ့ သမီးအကြီးလေးကို အိမ်​မှာ ထားခဲ့ရတဲ့ အချိန်​မှာ ဆရာမ လက်​ပေါ်မှာပဲ ဘောပင်​လေးနဲ့ ထိုးမိသွားပြီး မျက်​လုံးထိခိုက်​သွားတော့ ကိုယ့်​ကိုယ်​ကိုယ်​ တအားအပြစ်​ရှိတယ်​လို့ ခံစားရတယ်​။ သူတို့ကိုအိမ်​မှာ ထားပြီး အလုပ်​ထွက်​လုပ်​လိုက်​တာက။ ဒါပေမဲ့ အဲဒါကို ကိုလင်းက ရှင်းပြတယ်​။ လူရယ်​လို့ ဖြစ်​လာရင်​ Carrier Lie နဲ့ Family Life ကို ဘယ်​လို Balance ဖြစ်အောင်​လုပ်​ရင်းနဲ့ အောင်​မြင်​အောင်​ ဘယ်​လို တည်​ဆောက်​ရမလဲ။ Family Life လေး အရေးကြီးတဲ့ အချိန်​ကျရင်​ Carrier Life ကို နည်းနည်း ရှေ့တိုး၊ နောက်​ဆုံးလေး ကစားပြီးတော့ Handle ဘယ်​လိုလုပ်​ရမယ်​ဆိုတာကို ကိုလင်း ရော၊ ဒီအခွေလေးကရော အများကြီးသင်​ပေးခဲ့တယ်​။ ကိုလင်းရဲ့ အားပေးမှုတွေကြောင့်​လည်း ဒီကတိ အခွေလေးကို ဆက်​လုပ်​ဖြစ်​တယ်​။ ကိုလင်းက ထရီဇာကို ဖွဲ့ဖွဲ့နွဲ့နွဲ့တွေ သိပ်မပြော ဘူး။ Strong ဖြစ်​စေချင်​တယ်​။ စိတ်​ဓာတ်​မာစေချင်​တယ်​။ အစ်​မသီချင်းတွေကို ချစ်​တာ သူသိတယ်​။ အစ်​မ ဆက်​မလုပ်​မှာ သူစိုးရိမ်​တယ်​။ သူအများကြီးအားပေးခဲ့တယ်​”လို့လည်း ချစ်​သုဝေက ပြောပြခဲ့ပါသေးတယ်​။


ခင်​ပွန်းဖြစ်​သူ လင်းလင်းကလည်း ”ကိုယ်​က တစ်​ခုခု ဖြစ်​လာပြီဆိုရင်​ သူ့ကို Negative တွေပဲ ပြောတာ(ရယ်​လျက်​) စတာပါ။ သူက ကိုယ့်​ဘာသာကိုယ်​ အပြစ်​တင်တဲ့ အချိန်​တွေ ရှိတယ်​။ အဲဒါကတော့ ကြုံတတ်​တယ်​လေ။ အဲဒီကနေ ဘယ်​လိုသွားရမယ်ဆိုတဲ့ ပုံစံမျိုး ကိုယ်​သိသလောက်​၊ မှတ်​သလောက်​ တော့ ဘေးကနေ ဝန်းရံတယ်​။ အမြဲပြောဖြစ်​တယ်​” လို့ ပြောပြခဲ့ပါသေးတယ်​။


”ချစ်​သူများနေ့မှာ ထွက်​လိုက်​တယ်​ဆိုတာက ထရီဇာချစ်​တဲ့ သီချင်းတွေရယ်​၊ ထရီဇာ ချစ်​တဲ့ ပရိသတ်​တွေရယ်၊ ထရီဇာ ချစ်​ရတဲ့ ထရီဇာရဲ့ အနုပညာသည်​ဘဝကလေးရယ်​၊ ဒါတွေအားလုံး ချစ်​သူများနေ့လေးမှာ ပေါင်းစုံရင်​ သိပ်​ကောင်းမှာပဲဆိုတဲ့ အတွေးလေးနဲ့ ထွက်​ဖြစ်​တာပါ”လို့ ချစ်သုဝေက ပြောပြခဲ့ပါသေးတယ်။

ခိုင်​ဝါဝင်း၊ ၊

ဓာတ်​ပုံ – အောင်​နိုင်​စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here