မြန်မာနိုင်ငံမှာ ပထမဦးဆုံး လာရိုက်တဲ့ နိုင်ငံတကာ အက်ရှင်ဇာတ်ကား Line Walker -2 (Operation Midnight Shadow)

0
235

ဟောင်ကောင်ရဲ့ နာမည်ကျော် အက်ရှင်ဒရမ်မာ ရုပ်ရှင်ဇာတ်ကား Line Walker -2 (Operation Midnight Shadow) ကို မြန်မာ နိုင်ငံမှာ ဖေဖော်ဝါရီ ၁၅ ရက်ကနေ ပြီး 2၆ ရက်နေ့အထိ ရိုက်ကူးတင် ဆက်နေပြီဖြစ်ပါတယ်။ ဇာတ်ကား ရိုက်ကူးမှုတွေကိုတော့ ရန်ကုန်မြို့ လယ်ခေါင်အပါအဝင် ရန်ကုန်မြို့ရဲ့ နေရာအတော်အနှံ့အပြားမှာ ရိုက် ကူးတင်ဆက်သွားမှာဖြစ်ပြီး ရန်ကုန် မြို့လယ်ခေါင်မှာ ရိုက်ကူးတင်ဆက် မယ့် နေ့ရက်တွေမှာတော့ ယာဉ်သွား လမ်းတွေကို ယာယီပိတ်ထားခြင်းနဲ့ လမ်းလွှဲပေးခြင်းတွေကို ပြုလုပ်သွား မှာ ဖြစ်ပါတယ်။ ရိုက်ကူးပြုလုပ် ရာမှာလည်း တကယ့်လက်နက်အစစ် တွေ၊ ရဟတ်ယာဉ်တွေ၊ အထူးရဲတွေ ကို အသုံးပြုပြီး ရိုက်ကူးတင်ဆက် သွားမှာလည်း ဖြစ်တယ်။ Line Walker – 2 (Operation Midnight Shadow) ရုပ်ရှင်ဇာတ်ကားနဲ့ပတ် သတ်ပြီး မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့ မှာ ရွေးချယ်လာရောက်ရိုက်ကူးဖြစ်တာနဲ့ ပတ်သက်လို့ Stunt Director Mr. Chhin Ka Lok ကတော့ ”ဒီမှာ လာရောက် ရိုက်ကူးခွင့်ရတဲ့အတွက် လည်း မြန်မာအစိုးရနဲ့အတူ ပြည်သူ လူထုတွေကို အရမ်းကျေးဇူးတင်ပါ တယ်။ ကျွန်တော်က ဂျက်ကီချန်းတို့၊ ဟုတ်ချင်းပေါင်တို့နဲ့အတူ နိုင်ငံတ ကာကို လှည့်ပြီးတော့ ရုပ်ရှင်ဇာတ် ကားပေါင်းများစွာကို ရိုက်ကူးခဲ့ဖူးပါ တယ်။ မြန်မာနိုင်ငံမှာတော့ ကျွန် တော်တို့ တစ်ခါမှ မရိုက်ခဲ့ဖူးပါဘူး။ အခုတော့ မြန်မာရဲ့ ယဉ်ကျေးမှုနဲ့ အတူ ရိုက်ကူးခွင့်ရပါပြီ။ မြန်မာ နိုင်ငံက အခုဆိုရင် ဖွံ့ဖြိုးတိုးတက် နေပါပြီ။ နောက်ဆို မြန်မာက ရုပ်ရှင် တွေလည်း ကျွန်တော်တို့ဆီမှာ လာရောက်ရိုက်ကူးကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ မြန်မာကို ဒီ ရုပ်ရှင်နဲ့အတူ ကမ္ဘာကိုလည်း သိစေ ချငတယ်။ ဒီဇာတ်ကားဟာ မြန်မာ ပြည်သူလူထုတွေအတွက် ဘယ် လောက်အကျိုးပြုနေသလဲဆိုတာ ဒီ ဇာတ်ကား ရုံတင်တဲ့အခါမှာ သိလာ မှာဖြစ်ပါတယ်။ မြန်မာမှာ အက်ရှင် ဇာတ်ကားလာရိုက်တဲ့အခါ ဘယ်လို ရှိနေမလဲ ဆိုတာတော့ မသိသေးပေ မယ့် ကျွန်တော်တို့က သေနတ်ပစ် ခတ်တာတွေ၊ မိုင်းခွဲတာတွေ အကြိမ် ကြိမ်လုပ်မှာဖြစ်တဲ့အတွက် ဒီက ထုတ်လုပ်ရေးတွေနဲ့ ပူးပေါင်းဆွေး နွေးပြီးလုပ်သွားမယ်။ အဲ့ဒါမှ မြန်မာ မှာ ဒီလိုလုပ်လို့ရတယ်ဆိုတာကို ကမ္ဘာကနေပြီး သိမယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးကလည်း အဲ့အခါမှာ မြန် မာကို လာရိုက်ကြတဲ့အခါ မြန်မာရဲ့ ယဉ်ကျေးမှုကိုလည်း သိမှာဖြစ်ပါ တယ်”လို့ ပြောပြခဲ့ပါတယ်။

အကယ်ဒမီဆွေဇင်ထိုက်က တော့ သူတို့တွေ လာရိုက်ကူးတဲ့ အပေါ်ကို သုံးသပ်ပြောတာကတော့ ”သူ့မှာလည်း အကျိုးရှိတယ်။ ကိုယ့် မှာလည်း အကျိုးရှိတယ်။ Win-Win Situation အခြေအနေဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အခုအချိန်မှာ ကမ္ဘာ့ အလယ်မှာ စိတ်ဝင်စားခံရဆုံးအချိန် ဖြစ်တာကြောင့် ဒီနိုင်ငံမှာ လာရိုက် တာဖြစ်တယ်။ အဲ့တော့ သူတို့အတွက် ကလည်း ဒီလိုကေးရှင်းကြီးဟာ သူ တို့ ရုပ်ရှင်ရဲ့ မှတ်တိုင်သမိုင်းတစ်ခု ထဲမှာ ပါဝင်နေတာပေါ့။ ကျွန်မတို့ အနေနဲ့ကလည်း ရုပ်ရှင်ကားကို လာ ရိုက်တဲ့အချိန် ကျွန်မတို့ မြန်မာလူ မျိုးတွေဟာ ဘယ်လောက်အထိ တောင်မှ အင်တိုက်အားတိုက်ကူညီ ကြတယ်။ ဒီလောက်ရိုက်ကူးဖို့ ခက် ခဲတဲ့ ရုပ်ရှင်ကားကိုတောင်မှ ရိုက် လို့ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီတိုင်း ပြည်မှာ နေရာတိုင်းမှာ သူပုန်တွေ ထပြီးတော့ သေနတ်တွေပစ်ပြီးတော့ သွေးတွေစွန်းနေတယ်ဆိုတာ မဟုတ် ပါဘူးလို့ သက်သေပြချင်တယ်။ လာ ရိုက်တဲ့သူတွေရဲ့ ပါးစပ်တစ်ပေါက် ချင်းစီကနေပြီး ပြန်ပြောပြပေးကြ တော့မှာ ဖြစ်တယ်။ ကျွန်မတို့ မြန် မာပြည်မှာ ရခိုင်ဟာ မြန်မာပြည် မ ဟုတ်ပါဘူး။ မြန်မာပြည်ထဲမှာလည်း တခြားလူမျိုးတွေနဲ့ တခြားနေရာ တွေနဲ့ စိတ်ဝင်စားတွေရှိတယ် ဆို တာကိုလည်း ကျွန်မ ကမ္ဘာကို ပြချင် ပါတယ်။ အဲ့လိုပြနိုင်တဲ့ အခွင့်အရေး လည်း ရလာမယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့ မြန်မာကို သူတို့တွေ ခေါင်း စဉ်တပ်ထားကြတာက တစ်မျိုးလေ။ အဲ့လို Brand လုပ်ထားတာကို ကျွန်မတို့က Rebrand ပြန်လုပ်နိုင်ဖို့ အတွက် ဒီဇာတ်ကားဟာ ရလဒ်ကောင်း တစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါ တယ်”လို့ ပြောပြပေးခဲ့ပါတယ်။

လက်ရှိမှာတော့ ဇာတ်ကားရိုက် ကူးဖို့အတွက် သယ်ဆောင်လာတဲ့ လက်နက်အစစ်တွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေပြီး ထိန်းသိမ်းထားကာ ရိုက်ကူးရေးလုပ်တဲ့အချိန်ရောက်မှ အစောင့်အကြပ်တွေနဲ့အတူ လိုအပ် သလောက် လက်နက်အရေးအတွက် ကို ထုတ်ပေးသွားမှာ ဖြစ်တဲ့အပြင် ရိုက်ကူးရေးအတွက် လိုအပ်မှုရှိလာ ရင်လည်း ကူညီပေးသွားမှာ ဖြစ်တယ် လို့ ရဲမှူးချုပ်(ငြိမ်း) ဦးဝင်းခေါင်က ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here