ချန်ပီယံ အမျိုးသမီးဘောလုံးအသင်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ရန်ကုန်လေဆိပ်မှာ သွားကြိုနိုင်ပြီ

0
180

အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ Hero Gold Cup ဖိတ်ခေါ်အမျိုး သမီးဘောလုံးပြိုင်ပွဲမှာ (အိန္ဒိယ၊ အီ ရန်၊ မြန်မာ၊ နီပေါ) ၄သင်း ယှဉ် ပြိုင်ခဲ့ကြပြီး နောက်ဆုံးဗိုလ်လုပွဲမှာ မြန်မာအသင်းက နီပေါအသင်းကို (၃-၁)နဲ့ အနိုင်ရဗိုလ်စွဲကာ ချန်ပီယံ ဆုဖလားကို ရရှိခဲ့ပါတယ်။ မြန်မာ အမျိုးသမီးအသင်းဟာ ဆုဖလား နဲ့အတူ တစ်ဦးချင်းဆုတံဆိပ်များနဲ့ ငွေသားဆု ရူပီး ၇ဝဝဝဝဝ (မြန်မာ ကျပ် ၁၄၇ သိန်းကျော်) ချက်လက် မှတ်ကို ရရှိခဲ့ပြီး မြန်မာအသင်းဟာ အသန့်ရှင်းဆုံးဆု (Fair Play Award) ရူပီး (၃ဝဝဝဝဝ) (မြန်မာ ကျပ် ၆၃ သိန်းကျော်) ချက်လက်မှတ် ကိုလည်း ရရှိခဲ့ပါတယ်။

အကောင်းဆုံးဘောလုံးသမား ဆု(Hero Most Valuable Player) ကို ဝင်းသိင်္ဂီထွန်းက ရရှိပြီး ရူပီး (၁၅ဝဝဝဝ) (မြန်မာကျပ်သိန်း ၃ဝ ကျော်) ချက်လက်မှတ်ရရှိခဲ့ပြီး အကောင်းဆုံး ဂိုးသမားဆု (Best Goalkeeper Award)ကို ဇာဇာ မြင့်ကရရှိပြီး ရူပီး (၁ဝဝဝဝဝ) (မြန် မာကျပ် ၂၁ သိန်းကျော်) ချက်လက် မှတ်ရရှိခဲ့ပါတယ်။

ပြိုင်ပွဲတစ်လျှောက်လုံး ဂိုးအများဆုံး သွင်းယူသူဆု (Top Goal Scorer Award) ကို ၄ ဂိုးစီသွင်း ယူခဲ့ကြတဲ့ မြန်မာအသင်းက ရီရီဦးနဲ့ နီပေါအသင်းက Sabitra တို့ ပူးတွဲရရှိပြီး ရူပီး(၁ဝဝဝဝဝ)(မြန်မာကျပ် ၂၁ သိန်းကျော်)ကို ထက်ဝက်စီ ရရှိခဲ့ကြောင်း သိရပါတယ်။

မြန်မာအမျိုးသမီးအသင်းရဲ့ အောင်မြင်မှုနဲ့ပတ်သက်ပြီး သရုပ်ဆောင် စည်သူမောင်ကလည်း ”ကျွန် တော်တို့ မြန်မာနိုင်ငံက ဘောလုံးနဲ့ ပတ်သက်ရင် စိတ်ဝင်စားတဲ့သူတွေ အများကြီးရှိကြတယ်။ ပြီးတော့ ဘောလုံးနဲ့ပတ်သက်ရင် ချန်ပီယံနဲ့လည်း ဝေးခဲ့ဖူးတာတွေလည်း ရှိတယ်ဆိုတော့ ဒီလိုမျိုး မြန်မာ့လက် ရွေးစင်အမျိုးသမီးဘောလုံးအသင်းက ချန်ပီယံဆုရရှိခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ပွဲစဉ်တိုင်း ပွဲစဉ်တိုင်းကို အသန့်ရှင်းဆုံးကစားကွက်တွေနဲ့ မြန်မာနိုင်ငံ ဂုဏ်ဆောင်နိုင်တဲ့အတွက် ကျေးဇူးတင်ပြီး ဂုဏ်ယူမိပါတယ်”လို့ ပြောဆိုလိုက်ပြီး သရုပ်ဆောင် မိုးယံဇွန်ကလည်း ”မြန်မာ အမျိုးသမီး ဘောလုံးအသင်း သူများ နိုင်ငံမှာ သွားပြိုင်တာ ဆုရရှိခဲ့တဲ့ အတွက် ဂုဏ်ယူမိပါတယ်။ နောက်ထပ်လည်း အရှေ့တောင်အာရှမှာ Sea Game တို့လို အခြားပွဲတွေမှာလည်း အနိုင်ဂိုးတွေရရှိပါစေလို့ ဆုတောင်းပေးပါတယ်။ မြန်မာအမျိုး သမီးဘောလုံးအသင်းအနေနဲ့ ဒီလိုမျိုးအသိအမှတ်ပြုခံရတဲ့အတွက် အဖွဲ့ဝင်အချင်းချင်းလည်း ယုံကြည်မှုတွေ ရရှိလာလိမ့်မယ်လို့ မြင်မိပါတယ်”လို့ ဂုဏ်ပြုစကားအသီးသီး ပြောကြားခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here