ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်အောင် ကြိုးစားနေတယ် ညီနန္ဒ

0
249

ဗီဒီယိုဇာတ်ကားတွေ ခေတ်စားတဲ့ အချိန်ကတည်းက သရုပ်ဆောင် ညီနန္ဒတို့ က အနုပညာအလုပ်တွေ လုပ်နေခဲ့တာ တော်တော်ပင် အချိန်ကြာမြင့်ခဲ့ပါပြီ။ ဗီဒီ ယိုဇာတ်ကားတွေ ခေတ်စားတဲ့အချိန်မှာ ပရိသတ်တွေအတွက် အနုပညာလုပ်ရှား မှုတွေ အဆက်မပြတ်ပြသနိုင်ပြီး ဗီဒီယို ခေတ် သိပ်မရှိတော့တဲ့အချိန်မှာ ပရိသတ် နဲ့ထိတွေ့မှုတွေ ဘယ်လိုယူနေခဲ့လဲလို့ မေးကြည့်တဲ့အခါမှာတော့ ညီနန္ဒက ”အစ်ကိုတို့ အဓိကပရိသတ်နဲ့ ထိတွေ့မှု၊ ရင်းနှီးမှုပြန်ရအောင် ယူလာရတာက ဆိုရှယ်မီဒီယာလို့ပဲ ပြောရမှာပေါ့။ အစ်ကိုဆို ဖေ့စ်ဘုတ်ခ်စသုံးတာ အရမ်းနောက်ကြတယ်။ တစ်နှစ်လောက် ပဲရှိဦးမယ်။ ပထမတော့ ဘာရယ်မဟုတ်ဘူး မသုံးဖြစ် တာပေါ့။ နောက်သုံးတဲ့အချိန်မှာလည်း ပရိသတ်တွေက ကိုယ့်အကောင့် ကို လာအပ်ပြီး နွေးနွေးထွေးထွေး ကြိုဆိုကြတာတွေ့ရတယ်။ အခု အလုပ်လုပ်တဲ့အချိန်မှာလည်း အဲဒီလိုပဲ။ MRTV-4 ကဆို ဇာတ်လမ်း တွဲတွေက တစ်ကားပြီး တစ်ကားဆိုတော့ ပရိသတ်တွေအတွက်လည်း အဆင် ပြေတယ်။ ပြီးတော့ MRTV-4 က ဇာတ်လမ်းတွဲတွေ ရိုက်တာ Professional ဆန်တယ်။ အဲဒီတော့ ကိုယ်တို့ အနုပညာသမားတွေ ကလည်း အလုပ်အပေါ် ပိုပြီးတော့ လေးစားကြတယ်။ အရင်တုန်းက ခေါင်းဆောင်မင်းသားလုပ်ပြီး ရိုက်ခဲ့ချိန်ကတောင် အခုလောက် ကိုယ့် အလုပ်မှာ လေးလေးစားစားရှိတယ်လို့ မထင်မိဘူး။ အခုတော့ အလုပ် တွေ အကုန်လုံးက တိတိကျကျ စည်းစနစ်ရှိလာတယ်လို့ ထင်မိတယ်။ အသက်အရွယ်ရလာလို့လား မသိဘူးပေါ့နော်။ ပရိသတ်တွေနဲ့ အဆက် အသွယ်မပြတ်အောင်လည်း ကြိုးစားနေတယ်။ အစ်ကိုဆိုရင် ၁၉၉၄ ခုနှစ်က အနုပညာစလုပ်လာတာ အခုထိ ပရိသတ်တွေ အားပေးမှု ရှိတဲ့အတွက် ဝမ်းသာမိပါတယ်”လို့ ညီနန္ဒက ပြောပါတယ်။

အနုပညာအလုပ်တွင် မကပဲ၊ သဘာဝမြေသြဇာလုပ်ငန်း တင်သွင်း ဖြန့်ချိရောင်းချတဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့အကြောင်းကိုလည်း ညီနန္ဒ က ခုလိုပဲ ပြောပြခဲ့ပါတယ်။ ”စီးပွားရေး ကတော့ အစ်ကိုတို့ သဘာဝ မြေသြဇာတင်သွင်းတဲ့ဟာလေး လုပ်နေတာပါ။ မြန်မာနိုင်ငံကို ဒီနှစ် ၁ လပိုင်း ၁၇ ရက်နေ့က တင်သွင်းဖြန့်ချိရောင်းချခွင့်ရပါတယ်။ အစ်ကို ကတော့ ကိုယ်စားလှယ်ပေါ့နော်။ အစ်ကိုရဲ့ အစ်ကိုတွေ အစ်မတွေက အစ်ကိုကို ကိုယ်စားလှယ်လုပ်ပေးပြီးတော့ အစ်ကိုက ရှေ့ထွက်ပြီး စီးပွားရေးလုပ် ငန်း လုပ်ကိုင်တယ်ဆိုတဲ့သဘောပါ”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here