တစ်ကိုယ်တော်လှုပ်ရှားမှုများနဲ့ အဆိုတော်မလေး Hyolyn

0
246

ဖေဖော်ဝါရီ ၁၁ ရက်နေ့က MBC ရဲ့ Section TV အစီအစဉ်မှာ အဆိုတော်မလေး Hyolyn လေးပါဝင်ခဲ့ပါတယ်။ သူဟာ လက်တလော အနုပညာလှုပ်ရှားမှုအဖြစ် တစ်ကိုယ်တော်အခွေအတွက် ပရိုမိုးရှင်းတွေပြုလုပ် နေပြီး သရုပ်ဆောင်ပိုင်းမှာလည်း စတင်ကြိုးစားနေကြောင်း ပြောပြခဲ့ပါတယ်။

၂ဝ၁၉ မှာ Jean Company တစ်ခုက Hyolyn နဲ့ Jung Hyuk တို့ကို ပင်တိုင်မော် ဒယ်လ်အဖြစ် ရွေးချယ်ခဲ့ပြီး မကြာခင်မှာ ဓာတ်ပုံများ ထွက်ရှိတော့မယ်လို့ သိရပါတယ်။ ၂ဝ၁၉ ဟာ Hyolyn ရဲ့ အနု ပညာသက်တမ်း ၁ဝ နှစ် ပြည့်ဖြစ်ပြီး သူ့ရဲ့ဝင်ငွေကလည်း အရင်ကထက် အများကြီး ပိုကောင်းလာတယ်လို့ သိရပါတယ်။ တစ်ကိုယ်တော် အဆိုတော်အဖြစ် ရပ်တည်ရတာက အဖွဲ့နဲ့ လှုပ်ရှားရတာထက် ပိုခက်ပါတယ်။ Sistar အဖွဲ့မှာ အတူ ပရိုးမိုးရှင်း ပြုလုပ် ခဲ့ရတဲ့အချိန်တွေကို ဘယ်လို့မှ မေ့လို့ရမှာမဟုတ်ပါဘူး။ သူတို့ ၄ ဦးဟာ တစ်ဦးနဲ့တစ်ဦး အဆက်အသွယ် ရှိကြတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here