မနောအလှအနုပညာရှင်များပရဟိတအဖွဲ့ရဲ့ဆောင်ရွက်ချက်တွေအကြောင်းပြောပြတဲ့ ဒေါ်အယ်လ်ခွန်းရီ

0
420

၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလက စတင်ခဲ့ တဲ့ မနောအလှအဖွဲ့က အခုဆိုရင် ၇ နှစ် သက်တမ်းနီးပါးရှိခဲ့ပါပြီ။ ဒီအဖွဲ့ကို အဓိက ဦးဆောင်နေတာကတော့ တေးသံရှင် ဒေါ်အယ်လ်ခွန်းရီပဲဖြစ်ပါတယ်။ မြန်မာ နိုင်ငံအနှံ့အပြားရှိ ဘေးအမျိုးမျိုးကို ရင်ဆိုင် နေရတဲ့ ဒုက္ခသည်တွေဆီ သွားရောက်လှူ ဒါန်းဖြစ်နေတဲ့ မနောအလှအနုပညာရှင်များ ပရဟိတအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ အကြောင်းကို ဒေါ်အယ်လ်ခွန်းရီက …

”မနောအလှမှာ အန်တီကေ ဂျာနူးက ဥက္ကဋ္ဌပါ။ အန်တီက ဒု- ဥက္ကဋ္ဌပါ။ အန်တီတို့ ရန်ပုံငွေလည်း နည်းနေပြီဆိုတော့ ဖားကန့် မှာ အန်တီတို့ ရန်ပုံငွေပွဲသွားဆိုမယ်ပေါ့နော်။ နောက်ပြီးတော့ သဘာဝဘေးဒဏ် ခံစားနေ ရတဲ့သူတွေပေါ့။ ဆွာက မိဘမဲ့ကလေးတွေဆီ လည်း သွားတယ်။ မဒေါက်-ရွှေကျင်ရေ ဘေးနှစ် ၅ဝ အတွင်း အဆိုးဆုံးဆိုတော့ အဲဒီကိုသွားတယ်။ အန်တီတို့အဖွဲ့က မိုး ခေါင်ရေရှားနေရာမှာ မိုးရွာပေးတဲ့ အဖွဲ့ ပါ”လို့ ပြောပါတယ်။ မနော အလှကိုစတင်ဖွဲ့ စည်းခဲ့စဉ်က ကချင်အဆိုတော်တွေချည်းပဲ ဆိုပေမယ့် လက်ရှိအချိန်မှာတော့ ကချင် အနုပညာရှင်တွေနဲ့ အင်အားတောင့်တင်း လှပါတယ်ဆိုတဲ့ ဒေါ်အယ်လ်ခွန်းရီက ….

”အန်တီတို့အစက ကချင်အဆိုတော်၊ ကချင်တီးဝိုင်းချည်းပဲ။ နောက်ပိုင်းကျတော့ ကချင်ဒီဇိုင်နာတွေ၊ မော်ဒယ်လ်တွေပါလာ တော့ အန်တီတို့အဖွဲ့က နာမည်ရတယ်။ အန်တီတို့က လှူတဲ့ပိုက်ဆံကို ဒုက္ခသည်ပါး စပ်ထဲပဲရောက်အောင်ထည့်တယ်။ အန်တီ တို့ ခရီးစရိတ်မပါဘူး။ စားစရိတ်မပါဘူး။ အထူးကျေးဇူးတင်ရမှာက ဆရာကျောင်းတို့၊ ကိုတေဇတို့ပေါ့။ အစစအရာရာကူညီပေး တယ်။ အန်တီတို့အဖွဲ့က နာမည်ကောင်းကို အခုထိ ဆက်လက်ထိန်းသိမ်းထားတယ်။ ဒုက္ခသည်အတွက် ပစ္စည်းကို ဒုက္ခသည်လက် ထဲရောက်အောင်ထည့်တယ်။ အန်တီတို့ ဘေးက အပိုလုံးဝမသုံးဘူး။ အဲဒါကြောင့်မို့ လို့ ဝင်တဲ့ကလေးတွေများတယ်။ ကချင်ရုပ် ရှင်မင်းသား၊ မင်းသမီး၊ မော်ဒယ်လ်၊ ဒီဇိုင် နာ၊ အဆိုတော် အကုန်စုံတဲ့အခါကျတော့ အန်တီတို့ အဖွဲ့က ပိုပြီးအင်အားတောင့်ပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်နိုင်စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here