ထူးခြားတဲ့ကိစ္စတွေ ရှိခဲ့ဖူးလို့ ‘ပြောမယုံ ကြုံဖူးမှသိတဲ့။ ကြုံမှသိတာ။ ပြောလို့ ယုံနိုင်စရာ မရှိဘူးလေ’ လို့ ပြောပြသွားခဲ့တဲ့ အကယ်ဒမီ လူမင်းတို့ မိသားစုရဲ့ ကိုးနဝင်းစေတီတော် ထီးတော်တင် မင်္ဂလာ

0
279

အကယ်ဒမီလူမင်းတို့ မိသားစု ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ ဒုံမြို့နယ်အတွင်းမှာရှိတဲ့ ရွှေပေါ် ကျွန်းကျောင်းတိုက်မှာ တေဇသိဒ္ဓိ၊ အဘယသုခကိုးတောင်ပြည့် ကိုးန ဝင်းစေတီတော်ရဲ့ ထီးတော်တင်ခြင်း အလှူမင်္ဂလာကို ပြုလုပ်သွားခဲ့ပါ တယ်။ အကယ်ဒမီ လူမင်းတို့ မိသား စုဟာ ကိုးနဝင်းစေတီတော်ကို ၄၅ ရက်အတွင်း အပြီးသတ် တည်ထားခဲ့ တာ ဖြစ်ပေမယ့်လည်း မြေစတူးတာ ကနေ ရေတွက်ပြီး ပြောဆိုရမယ် ဆို ရင်တော့ လေးလဆိုတဲ့ အချိန် ကြာ မြင့်ခဲ့တယ်လို့ ဆိုတယ်။

အကယ်ဒမီလူမင်းက သူငယ် စဉ်အရွယ်တုန်းကလည်း ဘုရားတည် ခြင်းနဲ့ ပတ်သတ်လို့ သူရဲ့ဖခင်နဲ့ အတူတူ ပါဝင်ကုသိုလ်ပြုဖူးပြီး ရှေး ဟောင်း ဘုရားအဟောင်းတွေ မွမ်းမံ ပြုပြင်ခြင်းနဲ့အတူ ဘုရားထီးတော် တင်ခြင်းတွေကို လုပ်ဆောင်ခဲ့တာမျိုး ရှိခဲ့ဖူးပေမယ့်လည်း အခုလို ကိုးန ဝင်းစေတီတော်လိုမျိုး စေတီတစ်ဆူ ကို မြေကြီးတူးတာကနေ အုတ်မြစ်စီ ပြီး ဘုရားထီးတော်တင်တဲ့အထိ တည်ထားခြင်းမျိုးကိုတော့ အခုမှ ပထမဦးဆုံး လုပ်ဖူးတာ ဖြစ်တယ်လို့ ပြောပြခဲ့တယ်။

တစ်ခုတိုက်ဆိုင်ခဲ့တာက အကယ်ဒမီလူမင်းတို့ မိသားစုတွေ တည်တဲ့ ကိုးနဝင်းဘုရား ထီးတော် တင်ခြင်းမင်္ဂလာ အခမ်းအနားဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့နဲ့ လည်း တိုက်ဆိုင်နေခဲ့တယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ကတော့ အကယ်ဒမီ လူ မင်း ပြောပြပေးတာက ”အဓိကက တော့ အစ်ကိုက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ရတော့မှာ ဖြစ်တယ်။ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင် ကြီးတွေဆိုတာက တကယ့်ကို သမိုင်း မှာ သက်ရှိထင်ရှားရှိခဲ့တဲ့ ပုဂ္ဂိုလ် တွေပါ။ ရာဇဝင်ထဲက ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ဆိုတော့ ဒီဇာတ်ကားကြီး ကို ရိုက်တော့မယ်။ သူတို့ ကိုယ်စား သရုပ်ဆောင်မှုတွေပြပြီး ရိုက်တော့ မယ် ဆိုတော့ ဗိုလ်ချုပ်နဲ့ အာဇာ နည်ခေါင်းဆောင်ကြီးတွေအတွက် ကုသိုလ်ကောင်းမှု ပြုလုပ်ပြီးတော့ သူတို့ဆီက ခွင့်ပြုချက်လည်း တောင်း ခံချင်တယ်။ သူတို့အတွက်လည်း ကု သိုလ်ကောင်းမှု လုပ်ပေးချင်တယ်။ အဲဒီဆန္ဒနဲ့ ကိုးနဝင်းစေတီကို တည် ဖြစ်တာပါ”လို့ ပြောပြပေးတယ်။


ဗိုလ်ချုပ်ရုပ်ရှင်ကို ဒါရိုက်တာ အဖြစ် ရိုက်ဖို့ရှိလာတာရယ်။ နောက် တစ်ခုက ကိုးတောင်ပြည့် စေတီတော် ကို နဂိုအစကတည်းက တည်ထား မယ်ဆိုတဲ့ စိတ်အခံ ရှိနေတာတွေ ဟာ ပေါင်းစပ်သွားခဲ့တဲ့ အခါမှာ တော့ ရည်စူးပြီး တည်ထားဖြစ်သွားခဲ့ တာ ဖြစ်တယ်လို့ အကယ်ဒမီ လူမင်း ကတော့ ပြောပြခဲ့တယ်။

ဘုရားတွေတည်၊ ရှေးဟောင်း ဘုရားကြီးတွေကို မွမ်းမံခြင်းတွေကို ဖခင်နဲ့အတူ လုပ်ခဲ့ဖူးသူ အကယ်ဒမီ လူမင်းတစ်ယောက်အတွက်တော့ ထူးခြားတဲ့ ထူးဆန်းဖြစ်ရပ်မျိုးတွေ ကြုံတွေ ရှိခဲ့ဖူးတယ်လို့ ဆိုတယ်။ ဒါ ပေမဲ့ အဲ့ဒါတွေကတော့ သိပ်ဖြေလို့ မကောင်းဘူးလို့ အကယ်ဒမီလူမင်းက မှတ်ချက်ပြုဆိုတယ်။ ဒါပေမဲ့ အ ကယ်ဒမီလူမင်းက တစ်ခုဆက် ပြော ခဲ့တယ်။

”တချို့ကိစ္စတွေကျ တော့ လေ ပြောမယုံ ကြုံဖူးမှသိတဲ့။ ကြုံမှသိ တာ။ ပြောလို့ ယုံနိုင်စရာ မရှိဘူး လေ။ အဲ့လိုကိစ္စတွေတော့ ရှိတာ ပေါ့” လို့ အကယ်ဒမီလူမင်းက ပြော ပြတယ်။


အကယ်ဒမီလူမင်းရဲ့ ဇနီးဖြစ်သူ မခင်စံပယ်ဦး ကတော့ ခင်ပွန်းဖြစ် သူနဲ့အတူ အခုလိုမျိုး ဘုရားထီးတင် တဲ့ သာသနာအကျိုးမှာ အတူဆောင် ရွက်ခွင့် ပါရမီ ဖြည့်ခွင့်ရတဲ့အတွက် လည်း အရမ်းဝမ်းသာပီတိ ဖြစ်မိ တယ်လို့ ဆိုတယ်။


”အဓိကက ကိုလူမင်းပါပဲ။ သူ ဘုရားထီးတင်တာကို အစ်မတို့ သား အမိတွေက အနောက်ကနေပြီးပါရမီ ဖြည့်ပေးတယ်။ အရမ်းကို ဝမ်းသာ ပီတိဖြစ်တယ်။ အိမ်ထောင်ကျခါစ တုန်းကလည်း ဘုရားထီးတင်ဖူးတယ်။ ဘုရားအတူတူတည်ဖူးတယ်။ သားနဲ့ သမီးဆိုရင် ပုဂံမှာ ထီးတင်တော့ ပါ ဖူးတယ်။ အခုကတော့ ဒုတိယ အ ကြိမ်ပေါ့။ သားအဖတွေ အတူတူ ဘုရားထီးတင်တာကို မြင်တွေ့ရ တော့လည်း ပီတိဖြစ်ရတယ်” လို့ ပါရမီဖြည့်ဖက်တစ်ဦးရဲ့ ကြည်နူးမှု တွေကို ပြောပြပေးသွားခဲ့တယ်။

 

ထက်လူ၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here